ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာအတွက် မြို့ပြပညာရှင်များအကြံပြု

ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာအတွက် မြို့ပြပညာရှင်များအကြံပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက
ရန်ကုန်မြို့သစ်စီမံကိန်းများ အကောင် အထည်ဖော်ရေးနှင့်ပတ်သက်ပြီး မြို့ပြပညာရှင်အချို့နှင့်
ပထမဦးဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးမှုတွင် အဆိုပါ မြို့ပြပညာရှင် တစ်ဦးဖြစ်သူ
ဒေါက်တာကျော်လတ်က ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လေးထောင့်ကန်ကျေးရွာ အနီးရှိ မြေဧက
၁၇,၀၀၀ အကျယ်ရှိသည့် မြေနေရာမှာ မြို့သစ်တည်ရန် အသင့်တော် ဆုံးဖြစ်ကြောင်း
တင်ပြခဲ့သည်ဟု ကော်မတီ ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပထမဆုံးအကြိမ် ပညာရှင်တွေကို ခေါ်ပြီး မြို့သစ်စီမံကိန်းကြီး လုပ်သင့်လား၊ မလုပ်သင့်
သလားဆိုတာကို ဆွေးနွေးကြတာ။ သူတို့နဲ့ လေးငါးကြိမ်လောက် ထပ်ဆွေးနွေးမှ အချက်
အလက်တွေ ပိုပြည့်ပြည့်စုံစုံ သိရမယ်။ လောလောဆယ် မြို့ပြပညာရှင်တစ်ဦးဖြစ်တဲ့
ဒေါက်တာကျော်လတ်ကတော့ ဒဂုံမြို့သစ် အရှေ့ပိုင်း လေးထောင့်ကန်က မြေဧက ၁၇,၀၀၀ ပေါ်မှာ
မြို့သစ်တည်ဖို့ အကောင်း ဆုံးဆိုပြီး တင်ပြခဲ့တယ်" ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ
ဒေါ်စန္ဒာ မင်းက ပြောသည်။

သို့သော် အဆိုပါပညာရှင်အချို့ တင်ပြ ခဲ့သည့် အကြံပြုချက်သည် အတည်မဖြစ်သေး ဆက်လက်၍ မြို့ပြပညာရှင်များနှင့် ဆွေးနွေးသွားရန်လိုအပ်ပြီး နောက်ဆုံး ဆွေးနွေးချက်များမှရရှိမည့်
အကြံပြုချက် များသာ လွှတ်တော်သို့ တင်ပြသွားမည်ဖြစ် ကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) မှ ဦးနေနိုင်ဦးက ပြောသည်။

"အခုက ပညာရှင်တွေနဲ့ ဆွေးနွေးတဲ့ အဆင့်ပဲရှိသေးတယ်။ ဆုံးဖြတ်ချက်က လွှတ်တော်ထဲရောက်မှ
လုပ်မှာ။ လွှတ်တော် ပြန်စတော့မှ ဒါတွေတင်ပြမယ်။ ပညာရှင်တွေ နဲ့ဆွေးနွေးပြီး ပညာရှင်တွေရဲ့
သုံးသပ်ချက် တွေနဲ့၊ စီးပွားရေးစီမံကိန်းကော်မတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လွှတ်တော်ကို တင်ပြ
မှာပါ။ လွှတ်တော်ထဲကနေ အဆုံးအဖြတ် ပြန်ယူမှာပါ" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့သည် လူဦးရေတိုးပွားလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းအဆောက်အအုံ
များနှင့် လူနေအိမ်များ ပိုမိုလိုအပ်လာမည်ဖြစ်သည့်အတွက် မြို့သစ် စီမံကိန်းများကို အကောင်
အထည်ဖော် ဆောင်ရန်မှာ မဖြစ်မနေလိုအပ်နေပြီး အကောင်အထည်ဖော် တည်ဆောက်မည့်
မြေနေရာ၊ အနေအထားများကို ရွေးချယ်ရာတွင် စနစ်တကျဖြစ်ရန်လည်း လိုအပ်သည့် အတွက်
မြို့ပြစီမံကိန်းပညာရှင်များ၊ ဆောက် လုပ်ရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးကာ အကြံုပြချက်များကို ရယူရခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့ပြင် အဆိုပါအစည်းအဝေးသည် ယခင် အစိုးရလက်ထက်က အကောင်အထည်ဖော်ရန်
တင်ဒါခေါ်ယူခဲ့သည့် အနောက်တောင် မြို့သစ်စီမံကိန်းကို ၎င်းတည်ဆောက်မည့်
နေရာတွင်ဆောက်လုပ်ရန် သင့်၊မသင့် အတွက် အဓိကထားဆွေးနွေးခဲ့ရာမှ မြို့ပြ
ပညာရှင်အချို့က မြေနေရာအသစ်ကို မြို့သစ် တည်ဆောက်ရန် ရွေးချယ်တင်ပြသွားခြင်း
ဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဦးနေနိုင်ဦးက ပြောသည်။ "အရင်
အစိုးရလက်ထက်က မြို့သစ်စီမံ ကိန်း ခုနစ်ခုလုပ်ခဲ့တာ။ အခုလုပ်တာက ရန်ကုန်မြို့သစ်စီမံကိန်း
အတွက် လုပ်တယ် လို့ပဲပြောရမှာပါ။ ကြည့်မြင်တိုင်တစ်ဖက် ကမ်းက ရန်ကုန်မြို့သစ်စီမံကိန်းနဲ့
ပတ်သက် ပြီး လုပ်သင့် မလုပ်သင့်ကို ဆွေးနွေးတာပေါ့" ဟု ၎င်းက ပြောသည်။

မြို့ပြပညာရှင်အချို့က ဒဂုံအရှေ့ပိုင်း မြို့နယ်၊ လေးထောင့်ကန်ကျေးရွာအနီးရှိ မြေနေရာ ဧက
၁၇,၀၀၀ တွင် မြို့သစ်တည် ရန် ဦးစားပေးအကြံပြုခဲ့သည့်အပြင် နောက် ထပ် သုံးနေရာကို
လည်း အကြံပြုခဲ့ကြောင်း ဦးနေနိုင်ဦးက ပြောသည်။ လေးထောင့်ကန်ကျေးရွာအနီးရှိ
မြေနေရာကို မြို့သစ်တည်ရန် အကြံပြုရခြင်းသည် မြေဧကအကျယ်အဝန်းက အနောက်တောင်
မြို့သစ်စီမံကိန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက် ခန့်နည်းပြီး ခေတ်ကာလပေါက်ဈေးဖြင့်
မြေလျော်ကြေးပေးပါကလည်း ဒေသခံများ လက်ခံနိုင်မည်ဖြစ်ကာ အစိုးရအနေဖြင့်လည်း
ကုန်ကျစရိတ်သက်သာနိုင်သည်ဟု မြို့ပြပညာ ရှင်အချို့က ထောက်ပြခဲ့ကြောင်း ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်