သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်း ဇုန်-စီ၏ ပထမပိုင်းစီမံကိန်းတွင် တည်ဆောက်မည့်
အထပ်မြင့်အဆောက်အအုံသုံးလုံးကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း
အဆိုပါစီမံကိန်းကို ရင်းနှီးမြှုပ်နှံ ဆောက်လုပ်သည့် YOMA Strategic Holding ကုမ္ပဏီ၏
အထွေထွေမန်နေဂျာ Mr.Craig Maturi က ပြောသည်။
မြေဧက ၁၇ ဧကပေါ်တွင် သန်လျင် ကြယ်စင်အိမ်ရာစီမံကိန်း ဇုန်-စီအတွက် အထပ် ၂၀ ကျော်မြင့်မည့်
အဆောက်အအုံ ခြောက်လုံးကို အကောင်အထည်ဖော် တည် ဆောက်မည်ဖြစ်ပြီး ထိုအထပ်မြင့်
အဆောက်အအုံ ခြောက်လုံးအထဲမှ အဆောက်အအုံ သုံးလုံး ပထမပိုင်းအနေဖြင့် စတင်တည်ဆောက်
မည်ဖြစ်သည်။
"ဇုန်-စီမှာ အထပ်မြင့်အဆောက်အအုံ ခြောက်လုံးပါ၀င်မှာဖြစ်ပြီး ပထမပိုင်းအနေနဲ့ ၂၈ ထပ်မြင့်တဲ့
အဆောက်အအုံတာဝါ ၁၊ ၂၅ ထပ်မြင့်တဲ့ အဆောက်အအုံ တာဝါ ၃ နဲ့ တာဝါ ၄ ကို ၂၀၁၈ ခုနှစ်မှာ
အပြီးဆောက် မှာပါ။ အခုချိန်မှာ တာဝါ ၂ နဲ့ တာဝါ ၄ ကို ပိုင်လုပ်ငန်းတွေ စဆောက်နေပြီး
တာဝါ ၃ ကိုလည်း စဆောက်နေပါပြီ။ ဇုန်-စီအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်
နှစ်ကုန်ပိုင်းကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်"ဟု Mr.Craig Maturi က ပြောသည်။
အဆိုပါ အထပ်မြင့်အဆောက်အအုံများ ၏အခန်းများမှာ စတုရန်းပေ ရ၅၅ မှ စတုရန်း ပေ ၃,၀၀၀
အထိ အကျယ်အဝန်းရှိပြီး နှစ်ယောက်အိပ်ခန်း၊ သုံးယောက်အိပ်ခန်း သို့မဟုတ် လေးယောက်အိပ်ခန်းများ
ပါ၀င် မည့်အခန်းပေါင်း ၉၅၄ ခန်း ပါရှိမည်ဖြစ်သည်။ ယင်းအဆောက်အအုံများ၏ အခန်း တစ်ပေ
ပတ်လည်ဈေးမှာ အမေရိကန်ဒေါ်လာ ၂၁၀ ခန့်ရှိကာ အထပ်အမြင့်ပေါ်မူတည်ပြီး ဈေးနှုန်းများ
ကွာခြားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ သန်လျင်ကြယ်စင်အိမ်ရာ စီမံကိန်းမှ ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့သည့် စီမံကိန်းဇုန်-အေနှင့် ၂၀၁၃ ခုနှစ် တွင် အကောင်အထည်ဖော်ခဲ့သော
ဇုန်-ဘီများရှိ အဆောက်အအုံများ၏ အခန်းအားလုံးနီးပါး မှာ ရောင်းချပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
"လက်ရှိအချိန်မှာ သန်လျင်ကြယ်စင် အိမ်ရာစီမံကိန်းရဲ့ ဇုန်-အေက တိုက်ခန်း အားလုံးရောင်းချလို့
ပြီးသွားပါပြီ။ ဇုန်-ဘီ ကလည်း အခန်း ၉၀ ရာခိုင်နှုန်းကျော် ရောင်းချပြီးပါပြီ။ ဇုန်-စီကတော့ လက်ရှိအချိန်မှာ ရောင်းချနေဆဲဖြစ်ပါတယ်"ဟု Mr.Craig Maturi ပြောသည်။
လက်ရှိတွင် ဆောက်လုပ်ပြီးစီးပြီဖြစ် သော သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်း၏ ဇုန်-အေနှင့်
ဇုန်-ဘီတွင် အထပ်မြင့်အဆောက် အအုံငါးလုံးစီပါ၀င်ပြီး ဇုန်-အေတွင် အခန်း ပေါင်း ၉၂၈ ခန်းရှိကာ
ဇုန်ဘီတွင် အခန်း ပေါင်း ၁,၀၄၃ ခန်းရှိသည်။
သန်လျင်မြို့၏ ပဲခူးမြစ်ကမ်းဘေးတွင် ရှိပြီး ၂၀၁၀ ပြည့်နှစ်က မြေ ၄၆၅ ဧက ကျယ်ဝန်းသော
မြေပေါ်တွင် စတင်အကောင် အထည်ဖော်ခဲ့သည့် ကြယ်စင်အိမ်ရာစီမံ ကိန်းသည် စီမံကိန်းများ
အားလုံးအကောင် အထည်ဖော်ပြီးပါက အခန်းပေါင်း ၉,၀၀၀ ကျော် ပေါ်ထွက်လာမည်ဖြစ်သည်။
သန်လျင်ကြယ်စင်အိမ်ရာဝင်းအတွင်း အိမ်ရာများအပြင်၊ ရုံးခန်းနေရာများ၊ စားသောက်ဆိုင်များနှင့်
လက်လီအရောင်းခန်းမ များ၊ အပန်းဖြေနေရာများနှင့် ရေကူးကန် များအပြင် ကလေးကစားကွင်းများလည်း
ပါ၀င်မည်ဖြစ်ပြီး အိမ်ရာအတွင်း နေထိုင် သူများ တည်ငြိမ်သော လျှပ်စစ်မီးအားကို ရရှိစေရန် သီးသန့်
ထရန်စဖော်မာများလည်း ပါ၀င်မည်ဖြစ်ကာ Pun Hlaing Siloam Hos- pital နှင့်ပူးပေါင်း၍ လာမည့်
စက်တင်ဘာလတွင် ကျန်းမာရေးဆေးပေးခန်းများလည်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ယခုအချိန်တွင် သန်လျင်ကြယ်စင်အိမ် ရာစီမံကိန်းအတွင်း နေထိုင်သူ ၁,၀၀၀ ကျော် ခန့်ရှိနေပြီး
နေထိုင်သူများ သွားလာလည်ပတ် နိုင်စေရန် ပိတ်ရက်များတွင် အိမ်ရာမှ မြို့ထဲရှိ အထင်ကရနေရာများသို့
ဖယ်ရီ ကားများ စီစဉ်ပေးလျက်ရှိသည်။















