ရန်ကုန်မြို့တွင် စည်ပင်သာယာရေးကော် မတီထံမှ တရားဝင်လိုင်စင်ရရှိထားသည့်
ကန်ထရိုက်ဦးရေ ၉၈၁ ဦးရှိပြီး အဆိုပါကန်ထရိုက်များက "ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ လိုင်စင်ရ ကန်ထရိုက်တာများအသင်း"ကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။
အဆိုပါအသင်းကို ဖွဲ့စည်းရန်အတွက် ယမန်နေ့က ဦးဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များက
လိုင်စင်ရ ကန်ထရိုက် များကို ဖိတ်ခေါ်ကာ အသင်းဝင်များ စုစည်း၍ အသင်းကို စတင်ဖွဲ့စည်းခဲ့ပြီး တရားဝင်အသင်းတစ်ခုဖြစ်ရန်အတွက် လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံတွင်
မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ယာယီဖွဲ့စည်းထားသည့်အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ
ဦးလားဆယ်က ပြောသည်။
"မနေ့ကစပြီး အသင်းစဖွဲ့ပြီဆိုတော့ အသင်းကို မှတ်ပုံတင်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုပဲ
လုပ်ထုံးလုပ်နည်းနဲ့အညီ အသင်းအဖွဲ့လျှောက်ထားပါမယ်။ ကျွန်တော်တို့ အသင်းအဖြစ်
မှတ်ပုံတင် တဲ့အခါမှာ အသင်းသားမရှိဘဲ အသင်း လျှောက်လို့မရဘူး။ ဒါကြောင့် မနေ့က
ကျွန်တော်တို့က အစည်းအဝေးကြီးခေါ်ပြီးတော့ အသင်းမှာ ဘယ်လောက်အသင်းဝင်မလဲဆိုတာ
တွေကို ဆွေးနွေးခဲ့ကြတာပါ" ဟု ၎င်းက ပြောသည်။
လတ်တလောတွင် အသင်းဝင်များကို ဖိတ်ခေါ်ခြင်း၊ အသင်းဝင်များထဲမှ ဦးစီး ကော်မတီအယောက် ၃၀၊
အလုပ်အမှု ဆောင် ၁၈ ဦးကို ရွေးချယ်ကာ အသင်း ရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး အသင်း၏
ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် ဘဏ္ဍာရေးမှူးတို့ကိုလည်း ဆက်လက် ရွေးချယ်ခန့်အပ်သွားပါမည်ဖြစ်ကြောင်း
၎င်းကပြောသည်။
အသင်းအနေဖြင့် ရန်ကုန်မြို့ရှိစည်ပင်နယ်နိမိတ်အတွင်း အဆောက်အအုံများတည်ဆောက်ရာတွင်
အရည် အသွေးပြည့်ဝသည့် အဆောက်အအုံများ ထွက်ပေါ်ရန်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ လိုအပ်သည့်
စည်းမျဉ်းဥပဒေများကို ၀ိုင်း ၀န်းအကြံပြုဆွေးနွေးနိုင်ရန်နှင့် ဆောက် လုပ်ရေးလုပ်ငန်းများ
အခက်အခဲရှိလာပါ က ပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် အသင်း
ဖွဲ့စည်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းသွားမည့် ယင်းအဖွဲ့အစည်းသည် ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း ကွန်ဒို၊ တိုက်ခန်း အဆောက်အအုံများ ဆောက်လုပ်သည့် ကန်ထရိုက်များသာ ဖြစ်ပြီး အဆိုပါကန်ထရိုက်များမှာ
စည်ပင် သာယာရေးကော်မတီထံတွင် ကန်ထရိုက် လိုင်စင်အတွက် စရန်ငွေ သိန်း ၅၀၀ ပေးသွင်းကာ
နှစ်စဉ်ကြေး ပေးဆောင် လျက်ရှိသည့် ကန်ထရိုက်လုပ်ငန်းရှင် များဖြစ်သည်။
ထို့ပြင် အသင်းဖွဲ့စည်းပြီးစီးခဲ့ပါက အသင်းဝင်ကန်ထရိုက်များ စုစည်းကာ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်
ပတ်သက်သည့် အခက်အခဲပြဿနာများ ဖြစ်ပေါ်လာပါကလည်း အသင်းတစ်ခုအနေဖြင့် ပူပေါင်းဖြေရှင်း
သွားနိုင်မည် ဖြစ်ကြောင်း ထွန်းဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ဦးလားဆယ်က
ပြောသည်။















