စည်ပင်ခွင့်ပြုချက်အတိုင်း ဆောက်ပါက ငလျင်ဒဏ်ခံနိုင်ရည်အားပိုရှိမည်

စည်ပင်ခွင့်ပြုချက်အတိုင်း ဆောက်ပါက ငလျင်ဒဏ်ခံနိုင်ရည်အားပိုရှိမည်

လွန်ခဲ့သောရက်သတ္တပတ်က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်
နိုင်ငံအတွင်းရှိ ဒေသအနှံ့ အပြားတွင် ငလျင်ဒဏ်ခံစားခဲ့ရပြီး အချို့ မြို့ဒေသများရှိ အဆောက်
အအုံများနှင့်၊ စေတီပုထိုးများ ပြိုကျပျက်စီးသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ယင်းငလျင်လှုပ်ခတ်မှုတွင်ရန်ကုန်မြို့ သည် ငလျင်ဒဏ်အနည်းငယ်သာ ခံစားခဲ့ရသည့်အတွက်
ရန်ကုန်မြို့ရှိ အဆောက်အအုံများပြိုကျမှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း အထပ်မြင့်အဆောက်
အအုံများတွင် နေထိုင် ကြသည့်ပြည်သူများမှာ စိုးရိမ်ကြောက်လန့် ခဲ့ကြသည်။

နိုင်ငံ၏ မြို့ပြအဖွံ့ဖြိုးဆုံးဖြစ်ပြီး အထပ် မြင့်အဆောက်အအုံများ အများဆုံးရှိသည့် ရန်ကုန်မြို့သည်
ငလျင်ပြတ်ရွေ့ကြောများ ရှိသည့် မြန်မာနိုင်ငံ ငလျင်ဇုန်များ ခွဲခြားသတ် မှတ်ထားရှိမှု ငါးခုအနက်
ပျက်စီးမှုအသင့် အတင့်ဇုန(် Zone 2 B) တွင် ပါ၀င်ကြောင်း ငလျင်ဇုန်များပြမြေပုံများတွင်
ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများအတွက် စည်ပင်သာယာ ရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက် အအုံ)နှင့် အထပ်မြင့်အဆောက်အအုံတည် ဆောက်ရေးစီမံကိန်းများ
ကြီးကြပ်စိစစ်ရေး ပညာရှင်အဖွဲ့ (CQHP) က အဆိုပါ ပျက်စီးမှု အသင့်အတင့်ဇုန် (Zone 2 B)၏
ခံနိုင်ရည်အားရှိသည့် တည်ဆောက်ရေးဒီဇိုင်း ဖြင့် တွက်ချက်ဆောက်လုပ်ရန် ညွှန်ကြား
ထားပြီးဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ လက်ထောက်ဌာနမှူး ဦးနေဝင်းက
ပြောသည်။

"ပြီးခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက မြန်မာ ငလျင်အသင်းတို့က သေချာလေ့လာပြီး ရန်ကုန်ကို
ဇုန် ၂ ဘီထဲ ထည့်လိုက်တယ်။ အဲဒါကြောင့် အဲဒီနောက်ပိုင်း ရန်ကုန်မှာ အထပ်မြင့်အဆောက်တဲ့
အခါ အဆောက်အအုံ ဒီဇိုင်းကို CQHP က စိစစ်ရေးပညာရှင်တွေက လည်း ဒီအပေါ်မှာပဲ အခြေခံပြီး
တွက်ဖို့ပဲညွှန်ကြားထားပြီးသား အဲလိုတွက်ထားတဲ့ နည်းနဲ့ပဲ အဆောက်အအုံတွေကို စိစစ်ခွင့်ပြု
ပေးတယ်" ဟု ၎င်းကပြောသည်။

အဆိုပါစည်ပင်သာယာရေးကော်မတီ က ဆောက်လုပ်ရန် ညွှန်ကြားထားသည့် အဆောက်အအုံ
များသည် မြေကြီးအရွေ့ ၀ ဒဿမ ၂ ဂျီ (0.2G) ထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံဒီဇိုင်းဖြစ်သာ တည်ဆောက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

(ကမ္ဘာမြေကြီး၏ ဆွဲငင်အားသည် G ရှိပြီး ကမ္ဘာမြေရွေ့လျားမှု ၀ ဒဿမ ၂ ဂျီ (0.2G) ဖြစ်ပေါ်မှုအထိ
ခံနိုင်ရည်အား ရှိမည်ဖြစ်သည်။) "ကော်မတီရဲ့ ညွှန်ကြားထားတဲ့အတိုင်း ဆောက်တဲ့ အထပ်မြင့်တွေကတော့
အရွေ့ ၀ ဒဿမ ၂ ဂျီ (0.2G) အထိ ခံနိုင်ရည်အားရှိ မှာပါ၊ ဒါပေမဲ့ ဒါက ငလျင်လှုပ်ခတ်မှု ရစ်ချ််တာစကေး
အနည်းအများနဲ့ မဆိုင် ဘူး။ ရစ်ချ်တာစကေး နည်းပေမဲ့ အရွေ့က ပြင်းနေရင် (0.2G) ကျော်သွားရင်တော့
အဆောက်အအုံတွေက ခံနိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သတ်မှတ်ချက်အတိုင်း ဆောက်မယ် ဆိုရင်
ငလျင်လှုပ်လာခဲ့ရင် ချက်ခြင်းတော့ ပြိုမကျသွားဘူး။ အသက်ကယ်လို့ရအောင် လူတွေပြေးချိန်ရှိတဲ့
အထိတော့ တောင့်ခံနိုင် မယ့်အနေအထားရှိတယ်"ဟု ဦးနေဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

သုံးထပ်နှင့်အထက်မှ ရှစ်ထပ်ခန့်ထိ အဆောက်အအုံများကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
မြေငလျင် ဒဏ်ခံ အသေးစိတ်ပုံစနစ်ကို ထုတ်ပြန်ထား ပြီးဖြစ်ကာ ခွင့်ပြုချက်ဖြင့် တည်ဆောက်သည့်
အဆောက်အအုံများ ခွင့်ပြုချက်မဲ့အဆောက် အအုံများထက် ငလျင်ဒဏ်ခံနိုင်မှုများမည် ဖြစ်ကြောင်း
၎င်းက ပြောသည်။

"တရားဝင်ခွင့်ပြုပြီး ဒီဇိုင်းတိုင်းတွက်ချက်ပြီးဆောက်တဲ့ အဆောက်အအုံတွေက ငလျင်ဒဏ်ကို
တော်ရုံခံနိုင်တယ်။ ပါမစ်မပါဘဲ လုပ်တဲ့ဟာတွေ၊ ဒဏ်ကြေးနဲ့ ပါမစ်ပေးလိုက်တဲ့ အဆောက်
အအုံတွေကတော့ ငလျင်ကြောင့် ပြိုနိုင်တဲ့ အနေအထားများတယ်။ လက်ရှိမှာတော့ တရားစွဲထားတာ
အလုံး ၂,၀၀၀ ကျော်ရှိတယ်။ အားလုံးကိုတော့ မပြောပါဘူး၊ ဒါပေမဲ့ အများစုကတော့ ငလျင်ခပ်ပြင်းပြင်း
လှုပ်လာရင် ပြိုနိုင်ခြေများတယ်" ဟု ဦးနေဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်