အိမ်အိုအိမ်ဟောင်းဖျက် လုပ်ငန်းများ ဈေးကွက်ကောင်းနေဆဲဟုဆို

အိမ်အိုအိမ်ဟောင်းဖျက် လုပ်ငန်းများ ဈေးကွက်ကောင်းနေဆဲဟုဆို

အိမ်အို အိမ်ဟောင်းဖျက်ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုသူများ တဖြည်းဖြည်းများပြား လာသောကြောင့်ဈေးကွက်ကောင်းမွန်နေဆဲဖြစ်ကြောင်း အိမ်အိုအိမ်ဟောင်းဖျက် လုပ်ငန်း
လုပ်ကိုင်သူ ဦးတိုးလင်းက ပြောသည်။

"ပြီးခဲ့သောနှစ်မှစတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းလာလို့ အိမ်အို
အိမ်ဟောင်းဖျက်လုပ်ငန်းတွေ အနည်းငယ်ကျဆင်းသွားပေမဲ့ နောက်ပိုင်းမှာ သာမန်
အိမ်ပြင်ဆောက်လိုသူတွေ၊ အိမ်ရဲ့ အခန်း တစ်ခန်းကိုဖျက်ပြီး အသစ်ပြန်ပြင်ဆောက်လို
သူတွေကအစ အိမ်အိုအိမ်ဟောင်းဖျက် ၀န်ဆောင်မှုတွေကို ဆက်သွယ်လာကြလို့
အခုချိန်ထိ ဈေးကွက်ကောင်းမွန်နေဆဲပါပဲ"ဟု ၎င်းကပြောသည်။

သို့သော် ယခုချိန်တွင် အဆောက်အအုံ တစ်ခုလုံး ဖြိုဖျက်ခြင်းထက် လိုသောအစိတ်
အပိုင်းများကိုသာ ဖြိုဖျက်ခြင်းကို ပြုလုပ်သူ များပြားလာကြောင်း ဦးတိုးလင်းက ပြော
သည်။ "အရင်က ကန်ထရိုက်တိုက်တွေ အဆောက်များချိန်တုန်းက ကန်ထရိုက်
တိုက်ဆောက်လုပ်လိုသူတွေက တိုက်အသစ် ဆောက်ဖို့ အိမ်အဟောင်းဖြိုချချင်တဲ့
အချိန်မှာပဲ ဒီဝန်ဆောင်မှုကို သုံးခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အဆောက်အအုံတစ်ခု
လုံးဖြိုချတာထက် အခန်းတစ်ခန်းလောက် ကိုပဲ ဖြိုချချင်တဲ့ အချိန်မှာလည်း
ဒီဝန်ဆောင်မှုကို သုံးလာကြတယ်။ အခုချိန် မှာ အိမ်ကို ကိုယ်တိုင် တစ်ပိုင်
တစ်နိုင်တည် ဆောက်တဲ့သူတွေကအစ ဒီဝန်ဆောင်မှုကို အသုံးများလာကြလို့
ခုချိန်ထိ ဈေးကွက် ကောင်းမွန်နေဆဲဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

တိုက်အသစ် ပြန်လည်တည်ဆောက်လို သည့်အချိန်တွင် အိမ်အဟောင်းကို ယခုကဲ့သို့
အိမ်အိုအိမ်ဟောင်းဖြိုချခြင်း ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူများကို ရောင်းချနိုင်
သည့်အတွက် ပိုမိုအဆင်ပြေကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင် ဦးအောင်ခင်က
ပြောသည်။

"အိမ်ဖြိုဖို့ အလုပ်သမားငှားရင် အလုပ်သမားငှားခကုန်ပြီး ဖြိုချလိုက်တဲ့ပစ္စည်းတွေကိုလည်း
ကားငှားပြီး အမှိုက်ပုံကိုသွားပစ် ရမှာဆိုတော့ အိမ်ကို ဖြိုချဖို့အတွက်လည်း ငွေကုန်ကျခံ
ရတယ်။ ဒါပေမဲ့ နောက်ပိုင်း အိမ်အိုအိမ်ဟောင်း ဖြိုဖျက်ခြင်း ၀န်ဆောင်မှု လုပ်ငန်းတွေကို
အသုံးပြုလာတဲ့အခါ အိမ် အဟောင်းကို ရောင်းရတဲ့အတွက် အိမ်ရောင်း ခပါ ပြန်ရတဲ့အတွက်
ပိုအဆင်ပြေတယ်"ဟု ၎င်းက ပြောသည်။

အဆောက်အအုံတစ်ခုလုံးကို ဖြိုချခြင်းထက် ပြန်လည်အသုံးပြုနိုင်သော အစိတ်အပိုင်းများကို
စနစ်တကျ ဖြိုချကာ ပြန်လည် အသုံးပြုခြင်းက ငွေကုန်ကြေးကျသက်သာရုံ သာမက
ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း လျှော့ချနိုင်ကြောင်း
ဦးအောင်ခင်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်