ယခုဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ
ပြန်လည်မြင့်တက်လာပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏအားလုံး၏ ၁၅ ရာခိုင်နှုန်းထိ
ရှိလာကြောင်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏
ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု
ပမာဏသည် အမေရိကန်ဒေါ်လာ ရ၂၈ ဒသမ ၆၈ သန်း ၀င်ရောက်ခဲ့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ ရ ဒသမ ရ ရာခိုင်နှုန်းခန့်သာရှိခဲ့သည့်အတွက်
ယခုဘဏ္ဍာနှစ်တွင် ပိုမိုများပြားလာသည်ကို တွေ့ရသည်။
ယခုဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုသည်ပြီးခဲ့သည့်
နှစ်ထက် မြင့်တက်လာခဲ့သော်လည်း ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏အိမ်ခြံမြေကဏ္ဍတွင်
ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက် ရရှိထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စီမံကိန်းတစ်ခု
သာရှိသည်။
သို့သော် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်မားပြီး အမေရိကန် ဒေါ်လာ
သန်း ၁၀၅ မီလျံ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ပြီးခဲ့သည့် နှစ်များအလိုက် အိမ်ခြံမြေ ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုကို ကြည့်လျှင်
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာရ၈၀ ဒသမ ရ၄၅ သန်း ၀င်ရောက်ခဲ့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး ၏ ၉ ဒသမ ရ၄ ရာခိုင်နှုန်းရှိသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၄၄၀ ဒသမ ၅၇၃ သန်းဝင်ရောက်ခဲ့ပြီး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ ၁၀ ဒသမ ရ ရာခိုင်နှုန်းရှိသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ကဏ္ဍအလိုက် ခွဲခြားကြည့်လျှင်
အိမ်ခြံမြေကဏ္ဍသို့ ၀င်ရောက်မှုသည် အဆင့် ရ နေရာတွင်ရှိနေသည်။
ယနေ့ အချိန်ထိ ၀င်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ အားလုံးတွင် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ကဏ္ဍသည် အများဆုံးဖြစ်နေပြီး စုစုပေါင်း၏ ၃၄ ဒသမ ရ၉ ရာခိုင်နှုန်း ရှိနေသည်။
စွမ်းအင် ကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက် မှု ဒုတိယနေရာတွင် ရှိနေပြီး
စုစုပေါင်း၏ ၃၀ ဒသမ ၅၆ ရာခိုင်နှုန်းရှိနေသည်။
ထုတ်လုပ်မှုလုပ်ငန်းများကဏ္ဍသည် စုစုပေါင်း ရင်နှီးမြှုပ်နှံမှုအားလုံး၏ ၁၀ ဒသမ
၇၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်ရှိနေကာ ရင်းနှီးမြှုပ်နှံမှုလည်း နှစ်အလိုက်
ပိုမိုတိုးလာလျက်ရှိသည်။















