ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့( YHT) က ရန်ကုန်မြို့၏
မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး
အတွက် မျှော်မှန်းချက်နှင့် နည်းဗျူဟာများ ထည့်သွင်းထားသော ရန်ကုန်မြို့ပြအမွေ အနှစ်မဟာဗျူဟာ
( YHS)ကို စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရန်ကုန်မြို့ပြအမွေအနှစ် မဟာ ဗျူဟာတွင် စိမ်းလန်းနယ်မြေများ တိုးချဲ့ မှုများ၊ ရန်ကုန်မြို့လယ်ရှိ
လမ်းစနစ်များကို အဆင့်မြှင့်တင်ခြင်းနှင့် အနာဂတ်တွင် နိုင်ငံတကာအနုပညာနှင့် ယဉ်ကျေးမှု
အချက်အချာမြို့ ဖြစ်လာရေးအထိပါ၀င် သော မြို့ပြဖွံ့ဖြိုးရေးစီမံချက်များ ထည့်သွင်း ရေးဆွဲထားသည်။
"အခုလို ရန်ကုန်မြို့အတွက် အရေးပါတဲ့အချိန်မှာ ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာက
အများပြည်သူတွေ ဆွေးနွေးကြဖို့ အတွက် အရေးကြီးတဲ့ အထောက်အပံ့ဖြစ်လာမယ်လို့
မျှော်လင့်ပါတယ်" ဟု ရန်ကုန် မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ၏ တည်ထောင်သူနှင့်
ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။ အဆိုပါ ရန်ကုန်မြို့ပြအမွေအနှစ် မဟာ ဗျူဟာသည်
ပြည်တွင်း ပြည်ပပညာရှင်များ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန် မြို့တွင် နေထိုင်သူများနှင့်
တွေ့ဆုံဆွေးနွေး ထားသည်များကို အခြေခံကာ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့၏ အကြံဉာဏ်များဖြင့် ပြုစုထားခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
"ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာက မြို့ပြပင်မစီမံကိန်းတစ်ခုမဟုတ်ပါဘူး။
ပင်မ စီမံကိန်းဆို အစိုးရကဆောင်ရွက်ရမှာပါ။ ပြီးခဲ့တဲ့ လေးနှတာကာလအတွင်းမှာ
ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေ၊ အစိုးရ၊ စီးပွား ရေးနဲ့ ရန်ကုန်မြို့မှာ နေထိုင်လုပ်ကိုင်နေကြတဲ့
သာမန်မြို့ခံတွေနဲ့ ဆွေးနွေးမှုတွေကနေရရှိလာတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးနဲ့
အကြံ ဉာဏ်တွေကို ဒီမဟာဗျူဟာထဲမှာ စုစည်းတင်ပြထားပါ။ အစိုးရအတွက်လည်း
အကျိုး ရှိပြီး အများပြည်သူတွေ ဆွေးနွေး ညှိနှိုင်းတဲ့ အခါမှာ အထောက်အပံ့ဖြစ်စေဖို့
မျှော်လင့် ပါတယ်"ဟု ဦးသန့်မြင့်ဦးက ပြောသည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့အနေဖြင့်အနာ ဂတ်ရန်ကုန်ကို ထိန်းသိမ်း စောင့်ရှောက်ပြီး
အာရှတွင် နေချင်စဖွယ်မြို့တစ်မြို့ဖြစ်လာရန်အတွက် အိမ်နီချင်းနိုင်ငံများ၏
အမှားများကိုရှောင်ရှား၍ လားရာသစ်တစ်ခုဆီသို့ ဦးတည်တည့်မတ်ရမည့်
အရေးကြီးဆုံးအချိန်သို့ ရောက်နေကြောင်း အဆိုပါ မဟာဗျူဟာတွင်ဖော်ပြထားသည်။
















