ခွင့်ပြုချက်မရဘဲ အထပ်ကျော်လွန် တည် ဆောက်ခဲ့သော ရန်ကုန်မြို့လယ်ရှိ ဆူးလေ စကွဲ
အထပ်မြင့်အဆောက်အအုံ ရင်းနှီး မြှုပ်နှံသူများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက
ဒဏ်ငွေကျပ် သိန်းနှစ်သောင်း (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ မီလျံ) ချမှတ်ခဲ့သည်။
စည်ပင်သာယာရေးကော်မတီထံက ကနဦး ဆောက်လုပ်ခွင့်ပြုမိန့်အရ မြေအောက်ထပ်
နှစ်ထပ်အပါအဝင် ၂၂ ထပ်ခန့်သာ ဆောက် လုပ်ခွင့်ရခဲ့သော ဆူးလေစကွဲအဆောက်
အအုံသည် မြေအောက်ထပ် အပါအဝင် အထပ်ပေါင်း ၂၃ ထပ်ခွဲ တည်ဆောက်ခဲ့ သည့်
အတွက် တစ်ထပ်ခွဲ ကျော်လွန်တည် ဆောက်မှုဖြင့် ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်ကာ လူနေထိုင်ခွင့်
(Building Complition Certificate- BCC) ကို မပေးသေးကြောင်း စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။
"သူတို့က ဖွင့်ချင်နေပြီလေ။ ဖွင့်ခွင့်ပေး ပါဆိုတော့ ကြိုဖွင့်ခွင့်လည်း မပေးနိုင်ဘူး။ ခွင့်ပြုချက်တောင်မရရင်
ဖွင့်ခွင့်က အဝေး ကြီး၊BCC လည်းမပေးနိုင်ဘူး။ တရားဝင်ဖွင့် ခွင့်ရဖို့က ပါမစ်ရအောင် အရင်လုပ်ရမယ်။
ပါမစ်ရပြီးတော့မှ BCC ရမယ်။ BCC ရပြီး တော့မှ တရားဝင်ဖွင့်ခွင့်ရမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
ရင်းနှီးမြှုပ်နှံသူများဘက်က ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဆူးလေစကွဲအဆောက် အအုံအတွက်
ပြောင်းလဲအဆိုပြုပုံစံကို တင်ပြခဲ့ပြီး ထိုပုံစံအတိုင်း ထပ်တိုးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်
စည်ပင် သာယာရေးကော်မတီဘက်က ထိုပြောင်းလဲ အဆိုပြုပုံစံကို တရားဝင်ဆောက်လုပ်ခွင့်
မပေးသေးခင် တည်ဆောက်မိသည့်အတွက် ယခုကဲ့သို့ ဒဏ်ငွေချမှတ်ခံရခြင်းဖြစ်သည်။
လက်ရှိတွင် ဆူးလေစကွဲအဆောက် အအုံမှာ တည်ဆောက်မှုအားလုံး ပြီးဆုံး နေပြီဖြစ်သည့်
အတွက်အဆောက်အအုံ၏ အခန်းများကိုပင် စတင်ငှားရမ်းနေပြီဖြစ်ရာ ဖွင့်လှစ်ရန်
အဆင်သင့်ရှိနေသော်လည်းအထပ်ကျော်လွန် တည်ဆောက်မှုအတွက် စည်ပင်
သာယာရေးကော်မတီက ဒဏ်ငွေ ချမှတ်ပြီးပြောင်းလဲအဆိုပြုပုံစံကို ပြန်လည် စိစစ်နေသည့်
အတွက် အဆောက်အအုံ ဖွင့်လှစ်ခွင့်မရသေးပေ။"သူတို့ဘက်က ဒဏ်ကြေးအတွက်
ငွေ သွင်းချင်နေပြီ။ ငွေသွင်းလိုက်ရုံနဲ့ ပါမစ်ပေး ဖို့ကျပြန်တော့လည်းအထပ်မြင့်အဆောက်
အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စိစစ်ရေးပညာရှင်အဖွဲ့မှာ ဒီဇိုင်းထောက်ခံချက်တွေ
ပြန်ယူဖို့ရှိသေးတယ်။ အခုသူတို့ အဲဒါတွေလုပ်နေတယ်။ သူတို့က သွင်းနေချင်တယ်။
သွင်းလိုက်တာနဲ့ ခွင့်ပြုချက်ပေးရမယ်။ ပါမစ်ပေးရလောက်အောင်လည်း ထောက်ခံချက်တွေ
မစုံသေးဘူး"ဟုဦးနေဝင်းက ပြောသည်။
ဆူးလေစကွဲစင်တာသည် ၎င်းတို့၏ ဈေးကွက်အတွင်း စတင်မိတ်ဆက်ချိန်က ယခုနှစ်အစောပိုင်းတွင်
အဆိုပါအဆောက် အအုံကို ဖွင့်လှစ်မည်ဟု ပြောကြားခဲ့ပြီး ယခုအစိုးရ အတည်မပြုရသေးသည့်
ပြောင်းလဲအဆိုပြုပုံစံတွင် ပါရှိသည့် ဒီဇိုင်း များဖြင့် အပြီးတည်ဆောက်ခဲ့သည်။
"သူတို့ ပြောင်းလဲအဆိုပြုပုံစံ (Revised proposal) ပြန်တင်တဲ့အချိန်က ဟိုဘက်အစိုးရ
လက်ထက်မှာပဲ ရှိသေးတယ်။ ဒီအစိုးရလက် ထက်ကျတော့ ပြန်ခွင့်ပြုဖို့ စိစစ်တဲ့အချိန် မှာပဲ
သူတို့အဆောက်အအုံက မြေပြင်မှာကဆောက်ပြီးသားဖြစ်နေပြီ။ သူတို့က ခွင့်ပြုမိန့်
ရတဲ့အထိစောင့်ပြီး ခွင့်ပြုတဲ့အတိုင်းဆောက် ရမှာ။အခုကျော်လွန်ဆောက်တော့ ကျွန်တော်တို့
ဒဏ်ရိုက်တာပါ"ဟု ၎င်းက ပြောသည်။ စည်ပင်သာယာရေးကော်မတီ အဆောက် အအုံဌာန
(အင်ဂျင်နီယာ)က ရန်ကုန်မြို့ရှိ အဆောက်အအုံများခွင့်ပြုမိန့်ထက် အထပ်များ
ကျော်လွန်တည်ဆောက်ပါက တစ်စတုရန်း ပေလျှင် ကျပ်ငွေ ၁၅,၀၀၀ နှုန်းဖြင့်
ကျော်လွန် တည်ဆောက်သည့် အထပ်အကျယ်ကို တွက်ချက်ကောက်ခံကြောင်း
သိရသည်။
အထပ်မြင့်အဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စိစစ်ရေးပညာရှင်
အဖွဲ့ (CQHP ) ကဆူးလေစကွဲအဆောက်အုံ ၏ ပြောင်းလဲအဆိုပြုပုံစံကို စစ်ဆေးခဲ့ကာ
ထောက်ခံချက်လည်း ပေးပြီးဖြစ်ကြောင်းအဆိုပါအဖွဲ့ဝင် ဦးခင်မောင်မောင်က ပြောသည်။
၎င်းက "ကျွန်တော်တို့ CQHP ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက စည်ပင်
သာယာရေးကော်မတီကစစ်ဆေးပေးဖို့ ပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း ပြန်စစ်ဆေးပြီး
ပြောင်းလဲအဆိုပြုတဲ့အတိုင်း ထောက်ခံချက်ပေးပြီးပါပြီ။ ဒါပေမဲ့ ခွင့်ပြုချက်ပေးတာကျတော့
စည်ပင်ကပဲ ပေးရတာဆိုတော့ စည်ပင်က အဆိုပြုပုံစံအသစ်ကို ဆောက်လုပ်ခွင့် မပေးသေးတာ" ဟု
၎င်းက ပြောသည်။
ဆူးလေစကွဲအဆောက်အအုံကို တည် ဆောက်သည့် ရှန်ဂရီလာအုပ်စုက ၎င်းတို့ သည်
အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းလည်ပတ်မှု အားလုံးနှင့် ပတ်သက်သည့်
နိုင်ငံ၏ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခဲ့ခြင်းသာဖြစ်သည်ဟု အဆိုပါ ဒဏ်ကြေး
ချမှတ်မှုနှင့် ပတ်သက်ပြီးတုံ့ပြန် ပြောဆိုခဲ့သည်။
"ဆူးလေစကွဲ အဆောက်အအုံအတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေရဖို့ ကျွန်တော်တို့ဘက်က
ရရှိအောင်လိုက်နာခဲ့ပါတယ်။ အခုေလောလောဆယ်တော့ စည်ပင်သာယာ ရေးကော်မတီနဲ့
အဆောက်အအုံစီမံကိန်း ရဲ့နောက်ဆုံးထောက်ခံချက် ရရှိအောင် ဆွေးနွေး တိုင်ပင်နေပါတယ်"ဟု
ဆူးလေ စကွဲစင်တာ၏ ဒါရိုက်တာMr.Peter Ow က ပြောသည်။
















