ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချရန်
အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်သို့ အိမ်ရာငွေကြေး စုဆောင်းသူများ
အတွင်းမှ ငွေကျပ်သိန်း ၃၀ ပြည့်သူများ ၏စာရင်းကို စတင်ကောက်ခံနေကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အခုဆို ကျွန်တော်တို့ဘဏ်မှာ အိမ်ရာငွေကြေးစုတဲ့ လူဦးရေပေါင်း တစ်လအတွင်းမှာ
၃၃၅ ဦးရှိနေပါပြီ။ အဲဒီထဲက တန်ဖိုးနည်း အိမ်ရာဝယ်တဲ့နေရာမှာ အရင်ဆုံး ငွေချေရတဲ့
အခန်းရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၀ ပြည့် တဲ့သူတွေကို စာရင်းကောက်ပြီး
ဆောက်လုပ် ရေးဝန်ကြီးဌာနကို ပေးသွားပါမယ်။ ဆောက် လုပ်ရေးဝန်ကြီးဌာနက
တန်ဖိုးနည်း အိမ်ခန်း တွေရောင်းတဲ့အခါ ဒီလူတွေကို ဦးစားပေး မဲနှိုက်ရောင်းချသွားမှာပါ" ဟု
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏အမှုဆောင် ဒါရိုက်တာ ဦးဝင်းဇော်က
ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လာမည့်နှစ်နှစ်အတွင်း တန်ဖိုးနည်း အိမ်ခန်းပေါင်း
၈,၀၀၀ ကျော်ကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် ရန်ကုန်မြို့တွင်လည်း
တန်ဖိုး နည်းအိမ်ခန်း ၁,၀၀၀ ကျော်ကို ဆောက်လုပ် သွားမည်ဖြစ်ဟု ထုတ်ပြန်ကြေညာ
ခဲ့သည်။
ယင်းကဲ့သို့ ဆောက်လုပ်ရေးဝန်ကြီးဌနမှ ဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ်ရာ
တစ်ခုဖြစ်သော ရွှေလင်ပန်းအိမ်ရာမှ အခန်း များကို ပိုင်းလော့ ပရောဂျက်အနေဖြင့်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် နှင့် ချိတ်ဆက်ကာ အရစ်ကျနှစ်ရှည်ချေးငွေ ဖြင့်
ရောင်းချခဲ့သော်လည်း အောင်မြင်သည့် အဆင့်သို့ မရောက်ခဲ့သည့်အတွက် ယခုကဲ့သို့
ငွေစုကဏ္ဍကို ဖော်ဆောင်ကာ လုပ်ဆောင် ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။
"ရွှေလင်ပန်းအိမ်ရာကို ပိုင်းလော့ပရော ဂျက်နဲ့ ရောင်းခဲ့ပေမဲ့ အောင်မြင်တဲ့ အနေ အထားကို
မရောက်ခဲ့ဘူး။ တကယ်ရောင်း နိုင်မယ့် အားကို မဝယ်နိုင်ခဲ့ကြဘူး။ ၀ယ်လိုအားများပေမဲ့
၀ယ်မယ့်သူက ငွေမရှိကြတော့ မဝယ်နိုင်ကြဘူး။ အဲ့ဒါ စုဆောင်းငွေမရှိကြလို့။ ဒါ့ကြောင့်
ကျွန်တော်တို့က အိမ်ရာ ငွေကြေးစုတဲ့ကဏ္ဍကို လုပ်ပြီးတော့ ပြည်သူ တွေ ငွေစုတတ်ပြီး
၀ယ်နိုင်တဲ့ အင်အားများလာအောင် လုပ်ပေးနေတာပါ"ဟု ၎င်းက ပြောသည်။
ယခင်ရောင်းချခဲ့သည့် သိန်း ၁၀၀ ကျော် တန်ဖိုးနည်း အခန်းများကို ၀င်ငွေနည်းပြည်သူများ
၀ယ်ယူနိုင်ရေးကို ဦးစားပေးရောင်းချခဲ့ သော်လည်း အများစုမှာ ပထမဦးဆုံး လက်ငင်း
ချေရသည့် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကျပ်သိန်း ၃၀ ခန့်ကို မပေးချေနိုင်၍ လက်တွေ့ တွင်
အမှန်တကယ် ၀င်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်မှုနည်းခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က
ပြောသည်။
"၃၀ ရာခိုင်နှုန်းအတွက် ငွေတန်းချေဖို့မရှိ ဘူး။ ၃၀ ရာခိုင်နှုန်းပေးဖို့ ငွေစုရမယ်။ ဒါပေမဲ့
လူတွေက ငွေစုဆောင်းတဲ့ အကျင့်မရှိဘူးဖြစ် နေတယ်။ အဲဒါကြောင့် အခုကျွန်တော်တို့
ဘဏ်ကလုပ်ပေးတဲ့ စုငွေကနေ ဆက်လက် စုသွားဖို့ပဲ။ သူတို့တတ်နိုင်သလောက် စုရင်း
သိန်း ၃၀ ပြည့်လို့ ၀ယ်နိုင်တဲ့အချိန်ကျရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း သူတို့ကို
ဦးစားပေးပြီး ရောင်းသွားမယ်"ဟု ၎င်းက ပြောသည်။
၀င်ငွေနည်းပြည်သူများအတွက် အိမ်ပိုင်၊ အခန်းပိုင်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေး
၀န်ကြီးဌနက ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်
မတည်ရင်းနှီးငွေ ကျပ် ဘီလျံ ၁၀၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် နိုင်ငံတကာဘဏ်များထံမှ အတိုးနှုန်းနည်းချေးငွေဖြင့် ချေးငွေရရှိကာ
မြန်မာနိုင်ငံတွင်လည်း အတိုးနှုန်းနည်းဖြင့် ပြန်ချေးရန် ကြိုးပမ်းလျက်ရှိသော်လည်း
ဘဏ်တည်ထောင်ပြီးသည်မှာ နှစ်နှစ်ခန့်သာရှိသေး သည့်အတွက် နိုင်ငံတကာချေးငွေများ
လက်ရှိ အချိန်ထိ မရရှိသေးပေ။















