ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် Mount Inle Hotel ဖွင့်လှစ်
ပြည်တွင်းအခြေစိုက် Sun Construction & Interior Decoration ကုမ္ပဏီက
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကြယ်လေးပွင့်အဆင့်ရှိ Mount Inle Hotel
& Resort ကို အောက်တိုဘာ ၈ ရက်က ဖွင့်လှစ်ခဲ့သည်။
အကျယ်အဝန်း ၃ ဒသမ ၆ ဧကရှိသော မြေပေါ်တွင် တည်ဆောက်ထားသည့်
ယင်းဟိုတယ်တွင် အိပ်ခန်းပေါင်း ၃၅ ခန်းရှိကာ အခန်းအမျိုး အစားပေါင်း ငါးမျိုးပါ၀င်ပြီး
အခမ်းအနား၊ အစည်းအဝေးနှင့် ပါတီပွဲများပြုလုပ်နိုင်သည့် အခန်းတစ်ခန်းလည်း ပါ၀င်သည်။
ထို့ပြင် ထိုင်းအစားအသောက်များကို အဓိကရရှိနိုင်သည် Thai Restaurant နှင့်
M-Society Café & Bistro Bar တစ်ခုလည်း ပါ၀င်သည်။
















