နစ်နာကြေး ကျပ်ဘီလျံ ၅၀ ရလိုမှုဖြင့် စည်ပင်ကိုတရားစွဲမည်ဟုဆို

နစ်နာကြေး ကျပ်ဘီလျံ ၅၀ ရလိုမှုဖြင့် စည်ပင်ကိုတရားစွဲမည်ဟုဆို

ယခင်အစိုးရလက်ထက်တွင် မူအားဖြင့် ဆောက်လုပ်ခွင့်ရရှိထားသည့် အထပ်မြင့်
အဆောက်အအုံစီမံကိန်းတစ်ခုကို ယခု အစိုးရလက်ထက်တွင် စတုရန်းပေ လျှော့ချ
ဆောက်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက် အအုံစိစစ်ရေးကော်မတီက ညွှန်ကြားလာသည့်အတွက် ဆောက်လုပ်နေသော
လုပ်ငန်းရှင် ဦးကျော်ကျော်နိုင်က နစ်နာကြေး ကျပ် ၅၀ ဘီလျံ ရလိုမှုဖြင့် ကော်မတီကို
အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

"အားလုံးခွင့်ပြုချက်ရထားပြီးသားကိစ္စပါ။ HIC ဘက်က Structure ပဲ တွက်ရမယ့်ကိစ
္စ လောက်ပဲကျန်တော့တယ်။ ငါးလပိုင်းကတည်း က သူတို့အလုပ်မလုပ်ဘူး။ အောက်တိုဘာ
၆ ရက်မှာ ရုတ်တရက်ကြီးခေါ်ပြောပြီး ဘာရုံး တံဆိပ်မှမပါဘဲ သိရှိကြောင်း ကျွန်တော်တို့ကို
လက်မှတ်ထိုးခိုင်းတယ်။ တရားလွန်ပြီး အနိုင် ကျင့်တယ်လို့ မြင်တယ်။ သူတို့ပြောတဲ့
အတိုင်း လုပ်ပေးရမယ်ဆိုရင် ကျွန်တော်တို့ နစ်နာ ဆုံးရှုံးမှုအတွက်ကော၊ ကြိုပွိုင့်ဝယ်ထားတဲ့
အခန်းပိုင်ရှင်တွေကိုပါ ပြန်လျော်ပေးရမှာနဲ့ ဆို ၅၀ ဘီလျံ နစ်နာကြေးပေးမှ သူတို့
ပြောတဲ့အတိုင်း လုပ်ပေးနိုင်မယ်။ ဥပဒေပညာ ရှင်တွေနဲ့တိုင်ပင်ပြီး စည်ပင်ကို အမြန်ဆုံး
တရားစွဲသွားမှာဖြစ်ပါတယ်"ဟု နာမည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်ကျော်နိုင်က
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။

ယင်းအဆောက်အအုံကို မူလ ခွင့်ပြုပေးခဲ့စဉ်က BCR (Building Coverage Ratio) အရ
စုစုပေါင်း မြေအကျယ်အဝန်း၏ ရ၀ ရာနှုန်းကို အဆောက်အအုံအဖြစ် ဆောက်လုပ်ရန်
ခွင့်ပြုပေးထားခဲ့ခြင်း ဖြစ်သော်လည်း ယခုပြန်လည်ညွှန်ကြားချက်အရ စုစုပေါင်း
မြေအကျယ်အဝန်း၏ ၅၀ ရာခိုင်နှုန်းအထိသာ ပြင်ဆင်ဆောက်လုပ်ရန်နှင့်် င်္FAR
(Floor area ratio) အထပ်တစ်ထပ်ချင်းအလိုက် စုစုပေါင်းအကျယ်အဝန်းကိုလည်း
မူလခွင့် ပြုထားသည့် စတုရန်းပေ ၁၀၀,၀၀၀ မှ စတုရန်းပေ ၅၀,၀၀၀ အထိသာ ပြောင်းလဲ
ဆောက်လုပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၆ ရက်တွင် အဆောက် အအုံဆောက်လုပ်မှု စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့်
ကြီးကြပ်ရေးအဖွဲ့မှ ယင်းအထပ် အမြင့်အဆောက်အအုံ ဆက်လက်ဆောက် လုပ်ရန်အတွက်
လိုအပ်ချက်သုံးခုဖြစ်သည့် Traffic Impact Assessment များ ပြန်လည် ပြုလုပ်ပေးရန်၊
Residence Building ဖြစ် သဖြင့် FAR (Floor area ratio 5 (max) နှင့် BCR
၀ ဒသမ၅ ဖြင့်သာ ဆောက်လုပ်ရန်၊ ယာဉ်အတက်အဆင်း လျှောဆောက်များဖြစ်သည့်
(Ramp) သုံးခုအနက် နှစ်ခုကို အနိမ့် အမြင့် ဒီဂရီ ၁ ဒသမ ၆ အစား ၁ ဒသမ ရ၂ ဒီဂရီဖြင့်
ပြောင်းလဲဆောက်လုပ်ရန် ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

"အဲဒါတော့ ကျွန်တော်တို့မသိဘူး။ သူတို့ အပိုင်းပဲလေ၊ စွဲချင်လည်းစွဲပေါ့။ သူတို့ကို
ခေါ်ပြောလိုက်တာတော့ မှန်ပါတယ်။ ကျန် တာတော့မသိပါဘူး"ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ အဆောက် အအုံဆောက်လုပ်မှု စံချိန်စံညွှန်းများ
စစ်ဆေး ရေးနှင့် ကြီးကြပ်ရေးဌာန ဌာနမှူး ဦးအောင်သန်းဦးက ပြောသည်။

အကျယ်အဝန်း တစ်ဧက ကျယ်ဝန်းသည့် ယင်းမြေနေရာပေါ်တွင် ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ HIC မှ ဧပြီ ၃ ရက် ရက်စွဲပါ စာအမှတ်၊
၆၇၂၀/၁၆၉/စည်ပင် အထပ်မြင့် (ညနဆ) ဖြင့် ခွင့်ပြုထားခဲ့ပြီး အင်ဂျင်နီယာဌာန
(အဆောက်အအုံမှလည်း ၁၃၉၁/ပြင်ပ/ စည်ပင် ယာအုံ (ပုံစံ)ဖြင့် ခွင့်ပြုပေးထားခဲ့သည့်
အတွက် အဆောက်အအုံအတွက် လိုအပ်သည့် မြေပြင် ပိုင်လုပ်ငန်းများ (Pile load test)
လုပ်ငန်းများ ပြီးစီးနေသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

"အခု သူတို့ပြန်ပြင်ဒီဇိုင်းဆွဲခိုင်းတဲ့ အတိုင်းဆို မူလ ၂၆၄ ခန်းကနေ အခန်း ၁၀၀ လောက်
လျော့သွားမှာဖြစ်သလို မူလ ၁၂ ထပ်ကနေ ခုနစ်ထပ်လောက်ထိ ဖြစ်သွားမယ်။
ကျွန်တော်တို့ ဖြစ်စေချင်တာက အရင်အစိုးရ လက်ထက်က ခွင့်ပြုပေးထားတဲ့အတိုင်း
ခွင့်ပြုပေးဖို့ဖြစ်ပါတယ်။ သူတို့ ပြန်ပြင်ခိုင်း တဲ့အတိုင်းလည်း လုံးဝမလုပ်ပေးနိုင်ပါဘူး။
စည်ပင်ကို ဘီလျံ ၅၀ နစ်နာကြေးရဖို့ တရားစွဲသွားမှာ ဖြစ်ပါတယ်"ဟု ဦးကျော်ကျော်နိုင်က
ဆက်လက်ပြောသည်။

ယင်းအဆောက်အအုံပြီးစီးပါက အခန်း ပေါင်း ၂၆၄ ခန်းနှင့် ကားရပ်နားရန်နေရာ
၃၁၈ နေရာအထိ ထွက်ရှိလာနိုင်ပြီး မူအားဖြင့် ခွင့်ပြုချက်ရရှိခဲ့သည့် ၂၀၁၅ ခုနှစ်ကပင်
အခန်းပေါင်း ၂၆၄ ခန်းအနက်မှ အခန်းပေါင်း ၂၅၀ ကျော်ကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချထား
ခဲ့ပြီးဖြစ်သည်။ လှိုင်မြို့နယ် ဓမ္မသုခကျောင်းလမ်း အမှတ် (၅၂၃)တွင်
Basement + ၁၂ ထပ် အဆောက် အအုံ ဆောက်လုပ်မှုကို ယခင်အစိုးရလက်ထက်တွင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ မူအားဖြင့် ခွင့်ပြုထားခဲ့ပြီးဖြစ်သည်။

အပြီးသတ် ခွင့်ပြုချက်ရရှိနိုင်ရန်အတွက် အဆောက်အအုံဆောက်လုပ်မှု စံချိန်စံညွှန်း များ
စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ဒီဇိုင်း များ စစ်ဆေးခံရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ညှိနှိုင်းဆောင် ရွက်ရေးဌာနမှ ၂၀၁၅ ခုနှစ် နိုဝင်ဘာ
၁၁ ရက် တွင် စာအမှတ်၊ ၆၇၂၀/၈၀၈/စည်ပင် အထပ်မြင့် (ညနဆ) ဖြင့်
ထပ်ဆင့်ညွှန်ကြား ထားပြီးဖြစ်သည်။ "ကျွန်တော်တို့ကော်မတီက စည်ပင်
သာယာနဲ့ CQHP နှစ်ဖွဲ့ကိုခွဲပြီး လွှဲလိုက်ပြီး ပါပြီ။ မြေပြင်တည်ဆောက်ရေး
မလုပ်သေးတဲ့ အထပ်မြင့် စီမံကိန်း ၁၃၀ မှာ တစ်ဝက်က စည်ပင်နဲ့ ဆိုင်တယ်။
တစ်ဝက်လောက်က CQHP နဲ့ဆိုင်တယ်။ ကျွန်တော်တို့ဘက် ကလည်း ဘာမှ
စစ်မနေတော့သလို မကိုင်ထားတော့ဘူး။ ကျွန်တော်တို့ စိစစ်တွေ့ရှိချက်ကို
ရန်ကုန်တိုင်းအစိုးရကို တင်ပြခဲ့တယ်။ အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့ လွှဲပေးလိုက်တာပါ။
၁၂ ထပ်ခွဲအထိက စည်ပင်နဲ့ ဆိုင်တယ်။ ၁၂ ထပ်အပေါ်ကတော့ CQHP နဲ့ဆိုင်တယ်။
ကျွန်တော်တို့ကိုတော့ တရားစွဲတာ မကြား သေးဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့၊ ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုကော် မတီမှ
ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက အောက်တိုဘာ ၁၁ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အပြီး သတ်ပါမစ်ကြီး ရရှိထားသည့် အထပ်မြင့်
အဆောက်အအုံ စီမံကိန်း ၆၄ ခုနှင့် အစိုးရ အဖွဲ့ထံမှ မူအားဖြင့် ခွင့်ပြုချက် ရရှိထားသည့်
အထပ်မြင့်အဆောက်အအုံ စီမံကိန်း ၁၈၅ ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
မေလဆန်းမှ စတင်ကာ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီစွာ ခွင့်ပြုထားခဲ့ခြင်း ရှိမရှိကို
ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်