ရန်ကင်းမြို့နယ်အတွင်းရှိ နိုင်ငံပိုင်အငှားအိမ်ရာများကို အဆင့်မြှင့်တင်နိုင်ရန် တင်ဒါခေါ်ယူသွားမည်

ရန်ကင်းမြို့နယ်အတွင်းရှိ နိုင်ငံပိုင်အငှားအိမ်ရာများကို အဆင့်မြှင့်တင်နိုင်ရန် တင်ဒါခေါ်ယူသွားမည်

ဖဆပလ နှင့် မဆလ အစိုးရလက်ထက်တွင် ပြည်သူ့အိုးအိမ်အဖွဲ့က တည်ဆောက်
ထားခဲ့ သော ရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်း မှ အငှားအိမ်ရာ အဆောက်
အအုံများကို ဖျက်သိမ်းကာ ခေတ်မီ အဆောက်အအုံများ ဖြစ်ပေါ်လာရန် တင်ဒါစနစ်ဖြင့်
လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

"တင်ဒါစနစ်နဲ့ သွားမှာပါ။ တင်ဒါခေါ်ရ မယ်။ Master plan အနေနဲ့ ဆွဲထားတာ
ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့
ညှိနှိုင်းပူပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ဘယ်တော့စပြီး လုပ်ငန်းစမယ်၊
တင်ဒါ ခေါ်မယ် အချိန်ကတော့ ပြောလို့မရသေးပါ ဘူး"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က
အောက်တိုဘာ ၁၈ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။

ရန်ကုန်မြို့တော်အတွင်း၌ ခေတ်အဆက်ဆက်တွင် အစိုးရများက နေရာချထားပေးခဲ့ပြီး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထိန်း သိမ်းစောင့်ရှောက်ကာ စီမံကွပ်ကဲလျက်ရှိသည့်
နိုင်ငံပိုင်အိမ်ရာစခန်း ကိုးခုမှ အခန်း ယူနစ်ပေါင်း ၁၆,၀၀၀ ကျော်ရှိသည်။ နိုင်ငံပိုင်
အိမ်ရာစခန်း ကိုးခုအနက် အဆင့်မြှင့် တင်ရန် ပထမဦးစားပေးအဆင့်အဖြစ်
လမ်းမတော်မြို့နယ်အတွင်းရှိ လမ်းသစ်အိမ် ရာစီမံကိန်း၊ ရန်ကင်းမြို့နယ်အတွင်းရှိ
ရန်ကင်း ပြည်သူ့အိမ်ရာစီမံကိန်းနှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်အတွင်းရှိ ဖဆပလ
အငှားအိမ်ရာစီမံကိန်း သုံးခုကို ဦးစားပေး အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။

ပထမဦးစားပေးအဆင့် အဆင့်မြှင့်တင် ရန် စီစဉ်ထားသည့် အိမ်ရာစခန်းသုံးခု အနက် မှ
လမ်းသစ်အိမ်ရာစီမံကိန်းအတွက် စိတ်ပါ ၀င်စားမှုရှိသည့် ပြည်တွင်းဆောက်လုပ်ရေး
ကုမ္ပဏီများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက တင်ဒါပေးသွင်းရန် နိုင်ငံပိုင်သတင်းစာ
များမှတစ်ဆင့် ကြေညာခဲ့ပြီးဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အစ်ကိုတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိပြီး
ဆောင်ရွက်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်ကတည်းက လည်း
အဆင့်မြှင့်တင် တည်ဆောက်ဖို့ စီမံ ကိန်းတွေ ရေးဆွဲထားခဲ့ပြီးဖြစ်ပါတယ်။ လမ်းသစ်ပြီးရင်
ရန်ကင်း၊ ကန်တော်ကလေး ဖဆပလ အိမ်ရာတွေကို ဦးစားပေးလုပ်ရမယ့် အနေ
အထားဖြစ်တယ်။ တစ်ပြိုင်တည်း လုပ်ဖြစ်ဖို့များပါတယ်"ဟု ၎င်းကပြောသည်။

ယခင်အစိုးရလက်ထက်တွင် နိုင်ငံပိုင် အိမ်ရာစခန်းနှစ်ခုဖြစ်သည့် ၅၁ လမ်းအိမ်ရာ နှင့်
လင့်လမ်းအိမ်ရာစခန်းများကို ဖျက်သိမ်း ကာ ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်
ခဲ့ပြီးဖြစ်သည်။

မူလနေထိုင်သူများကိုလည်း ပြန်လည်တည်ဆောက် အဆင့်မြှင့်တင်ပြီးဖြစ်သည့်
အိမ်ရာစခန်းများတွင် ပြည်လည်နေရာချ ထားပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံပိုင်အိမ်ရာများကို
အဆင့်မြှင့်တင် ပြန်လည်တည်ဆောက် ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် ဆောက်လုပ်ရေး
ကုမ္ပဏီဘက်က ငွေကြေးစိုက်ထုတ် ကာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်
(Public private partnership) စနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်လုပ်ခဲ့ခြင်းဖြစ်ပြီး
ထွက်ရှိလာသည့် တိုက်ခန်းများကို အချိုးကျ ပြန်လည် ခွဲဝေရယူသည့်စနစ်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်