တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲကို ပထမဆုံးအဖြစ် အောက်တိုဘာ ၂၁ ရက်တွင်ကျင်းပမည်

တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲကို ပထမဆုံးအဖြစ် အောက်တိုဘာ ၂၁ ရက်တွင်ကျင်းပမည်

တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲ ၂၀၁၆ ကို MICT ခန်းမတွင် အောက်တိုဘာ ၂၁ ရက်မှ
၂၃ ရက်အထိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဘဏ်နှင့် House.com.mmအွန်လိုင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတို့
ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် အစိုးရ က ဆောက်လုပ် ထားသော နိုင်ငံတွင်းရှိ တန်ဖိုးနည်းနှင့်
တန်ဖိုးသင့် အိမ်ရာများနှင့် ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာများကို ပြသ ရောင်းချသွားမည်ဖြစ်သည်။

ထို့ပြင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကလည်း တန်ဖိုးနည်းအိမ်ရာများကို
အရစ်ကျ ၀ယ်ယူ နိုင်စေရန် ငွေကြေးဆိုင်ရာ အထောက်အပံ့ ဖြစ်သော ချေးငွေချေးယူသည့်
စနစ်များကို လာရောက် လေ့လာသူများကို အသေးစိတ် ရှင်းလင်းဖြေကြားပေးသွားမည်ဖြစ်သည်။

ပြပွဲသို့ လာရောက်လေ့လာသူများအနေ ဖြင့် တန်ဖိုးနည်းအိမ်ရာများ၏ ဈေးနှုန်း၊ ၀ယ်ယူရရှိ
မည့်နေရာနှင့် အရစ်ကျပေးသွင်းနိုင်သည့်ကာလများကို အသေးစိတ်လေ့လာ နိုင်မည့်အပြင်
နိုင်ငံတစ်ဝန်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများကို မိမိတို့စိတ်ကြိုက် ရွေးချယ်
၀ယ်ယူနိုင်သည့် အခွင့်အရေးကိုလည်း ရရှိမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

ထိုပြပွဲတွင် နိုင်ငံအတွင်းရှိ တန်ဖိုးနည်း နှင့် တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများအပြင်
အိမ်ထောင်ပရိဘောဂပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုလည်း
ပြသရောင်းချသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်