ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီက ရန်ကုန်မြို့လယ်ရှိ ကမ်းနားလမ်း
တစ်လျှောက်တွင် ညဈေးတန်းပြုလုပ်ရန် စီစဉ်လျက်ရှိပြီး နို၀င်ဘာလအတွင်း စတင်
နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စည်ပင် သာယာရေးကော်မတီ စီမံဌာနမှ
တာဝန် ရှိသူတစ်ဦးက ပြောသည်။
"ကမ်းနားလမ်းတစ်လျှောက်မှာ နိုင်ငံ တကာကလို ညဈေးတန်းလုပ်ဖို့ အရင်
အစိုးရလက်ထက်ကတည်းက အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ အကောင်အထည်
မဖော် နိုင်ခဲ့ဘဲ အခုအစိုးရလက်ထက်မှာတော့ ကျွန်တော်တို့ အကောင်အထည်ပေါ်အောင်
လုပ်နေပါပြီ။ နောက်လလောက်မှာတောင် စတင်နိုင်ဖို့ ကြိုးစားနေပါတယ်"ဟု ၎င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါညဈေးတန်းကို သခင်မြပန်းခြံ အောင်ရတနာလမ်းမှ စတင်ကာ ကမ်းနားလမ်း၊
ပန်းဆိုးတန်းလမ်းအထိ ပြုလုပ်ထားရန် ခန့်မှန်း စီစဉ်ထားပြီး ကမ်းနားလမ်းပေါ်ရှိ ကားပါကင်နေရာများတွင် ဈေးရောင်းချရန် နေရာသတ်မှတ်ပေးသွားမည်ဖြစ်သည်။
လက်ရှိတွင် ညဈေးတန်းအတွက် ရေပေး ဝေရေးစနစ်များနှင့် အများပြည်သူသုံး အိမ်သာ
များကို စတင်ဆောက်လုပ်နေပြီဖြစ် ကြောင်း သိရသည်။ "ကျွန်တော်တို့ ဒီကမ်းနားလမ်း
ညဈေး အတွက် ရေပေးဝေးရေးတို့၊ အများပြည်သူ သုံး အိမ်သာသုံးဖို့အတွက် စပြီးလုပ်နေ
ပါပြီ။ ညဈေးကို စနစ်တကျဖြစ်ဖို့အတွက် အမှိုက်သိမ်းစနစ်တွေကိုလည်း စနစ်တကျ
လုပ်သွားဖို့ရှိပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးသည် များကို
အဆိုပါ ကမ်းနားလမ်း ညဈေးတန်း နေရာတွင် ရောင်းချရန် စီစဉ်ပေးသွားမည် ဖြစ်ပြီး
ရောင်းချသွားမည့် ဈေးသည်စာရင်း များကိုလည်း ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
သို့သော် ရန်ကုန်မြို့လယ်ရှိ လမ်းဘေး ဈေးသည်အားလုံးအတွက် အဆိုပါ ကမ်းနားလမ်း
ညဈေးနေရာသို့ ရွှေ့ပြောင်းရောင်းချ ခွင့်ပေးသွားမည် မဟုတ်သော်လည်း ယင်း ကမ်းနားလမ်းညဈေးတွင် ရောင်းချလိုပြီး ရောင်းချနိုင်မည့် ဈေးသည်များကို နေရာ
ပေးသွားမည်ဖြစ်ကြောင်း အဆိုပါစီမံဌာနမှ တာဝန်ရှိသူက ပြောသည်။
စည်ပင်သာယာရေးကော်မတီက ကမ်း နားလမ်း ညဈေးအား နိုင်ငံတကာအဆင့်မီ
Night Market ညဈေးတန်းများအတိုင်း ရေ၊ မီး၊ အမှိုက်သိမ်းစနစ်များကိုလည်း
၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ယင်း အတွက် ဈေးသည်များက ၀န်ဆောင်ခ
ပေးဆောင်ရမည်ဖြစ်သည်။ "ကျွန်တော်တို့ နိုင်ငံတကာကလို ဖြစ်အောင်၊
စည်ကားအောင်၊ နိုင်ငံခြားသား ဧည်သည့်များကိုလည်း ဆွဲဆောင်နိုင်အောင်
လုပ်သွားပါမယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက
ကမ်းနားလမ်း ညဈေးနှင့် ပတ်သက်၍ မကြာခင်တွင် တရားဝင် သတင်းထုတ်ပြန်သွားမည်ဖြစ်ပြီး
ကမ်းနား ညဈေးတန်းနှင့် ပတ်သက်သည့် အသေး စိတ်အချက်အလက်များကိုလည်း
ပြောကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုအစိုးရလက်ထက်တွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးမောင်မောင်စိုးက
ရန်ကုန်မြို့ရှိ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များကို စနစ်တကျဖြစ် ရန် ကြပ်မတ်သွားမည်ဟု
ပြောဆိုခဲ့ပြီး လမ်းဘေးဈေးသည်စာရင်းများကိုလည်း ကောက်ယူခဲ့သည်။ ပြီးခဲ့သည့်လ
များက ကြိုတင်ကောက်ယူခဲ့သည့် လမ်းဘေးဈေးသည် စာရင်းများအရ ရန်ကုန်မြို့လယ်မှ
လမ်းဘေးဈေးသည် အများဆုံးရှိသည့် မြို့နယ်များဖြစ်သည့် လမ်းမတော်၊ လသာ၊
ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် လမ်းဘေး ဈေးသည် ၅,၀၀၀ ကျော်
ခန့်ရှိကြောင်း သိရသည်။
















