ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေခြင်း၊ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ
လဲလှယ်မှုနှုန်းထားများ မြင့်တက်လာခြင်းနှင့် စတော့ဈေးကွက် ထင်သလောက်
တွင်ကျယ် မှုမရှိသေးခြင်းတို့ကြောင့် တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံသူအချို့က
ငွေအရင်းအနှီး နည်းပါးပြီး အရောင်းအဝယ်လွယ်ကူသော ကျပ်သိန်း ရာဂဏန်းအောက်
စလစ်မြေကွက် များကို ပြန်လည်ဝယ်ယူလာကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
အသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
"ရွှေဈေးတွေတက်လို့ ဈေးကွက်ထဲမှာ ရွှေပြန်ထုတ်ရောင်းတဲ့လူတွေ call deposit လို့ခေါ်တဲ့
ခေါ်ယူအပ်နှံငွေအတွက် ပေးနေတဲ့ ဘဏ်အတိုးနှုန်းတွေ လျှော့လိုက်တာကြောင့်
ငွေပြန်ထုတ်တဲ့လူတွေ လက်ထဲမှာ ငွေတွေက ရှိနေတယ်။ သူတို့က သေချာပြီး
အရှုံးနည်း နိုင်တဲ့ သိန်းရာဂဏန်းအောက် အကွက် ကလေးတွေကိုပဲ လိုက်ဝယ်လာကြတယ်။
အိမ်ခြံမြေဈေးကလည်း ဒီထက် ထပ်ကျဖို့ အကြောင်းမရှိတော့ဘူးလို့လည်း တွက်ဆ
ထားကြတယ်။ ဒါကြောင့် အနည်းအပါး အရောင်းအဝယ် ပြန်လှုပ်တာပါ။ အရင်လို
အင်အားကြီး စီးပွားရေးသမားတွေ ဈေးကွက်ထဲကို ဆင်းမလာကြသေးပါဘူး "ဟု
ဦးသန်းဦး က ဆက်လက်ပြောသည်။
ကျပ်သိန်းရာဂဏန်းအောက် မြေကွက် များ အရောင်းအဝယ်ဖြစ်သည့်နည်းတူ
အချို့သောမြို့နယ်များရှိ လူနေရပ်ကွက်များ တွင်လည်း ကျပ်သိန်း ထောင်သောင်းချီသည့်
အကွက်ကြီးများ မကြာခဏ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
သို့သော် အိမ်ခြံမြေဈေး ကွက်တစ်ခုလုံးနှင့် ယှဉ်လျှင် ယခင်ဈေးနှုန်း အခြေအနေအတိုင်း
အရောင်းအဝယ် ပြန် လည်ဖြစ်ထွန်းရေးအတွက် အချိန်ယူရန် လိုအပ်နေဆဲဖြစ်ပြီး
ငွေလုံးငွေရင်း ကြီးမား သည့် အင်အားကြီး စီးပွားရေးလုပ်ငန်းရှင်များ ဈေးကွက်အတွင်း
ပြန်လည်ဝင်ရောက် ရန် လိုအပ်နေဆဲဖြစ်သည်။
"အခုဈေးပြန်လှုပ်တာက ကစားလို့ရတဲ့ ဈေးလေးတွေ ဖြစ်နေတာလည်းပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်မှာလည်း စမသနြခအ တွေနဲ့ပတ်သက်ပြီး လုပ်မယ်ဆိုတဲ့
အကြောင်း ဆွေးနွေးခဲ့တာတွေလည်း ရှိတယ်။ အဓိက ကတော့ အကြီးကြီးတွေကို
၀င်မကစားတော့ ဘဲ အသေးလေးတွေ ၀င်ကစားလာတာ များ တယ်။ ဘဏ်တိုးတွေလျှော့တာ၊
ရွှေဈေးတက်လာလို့ ရွှေတွေထုတ်ရောင်းတဲ့ လူတွေလည်း ရှိလာတော့ မြေဘက်ကို
နည်းနည်း ပြန်လှည့် လာတဲ့သဘောတွေ တွေ့ရတယ်။ ငွေလုံး ငွေရင်းအကြီးကြီးတွေနဲ့တော့
ဈေးကွက်ထဲကို ဆင်းမလာကြသေးဘူး။ ခြောက်လ၊ တစ်နှစ် အနည်းဆုံးတော့
ပုံမှန်ဈေးကွက်ဖြစ်ဖို့ အချိန် ပေးရဦးမယ်"ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးစိုင်းခွန် နောင်က အောက်တိုဘာ ၆ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။
ငွေဖောင်းပွမှုနှုန်း မြင့်တက်လာနေခြင်းကြောင့် တစ်နိုင်တစ်ပိုင် ငွေကြေးရင်းနှီးမြှုပ်နှံ
လိုသူများက ဈေးကွက် အေးနေဆဲဖြစ်ပြီး ထပ်မံဈေးနှုန်းကျဆင်းရန် ဖြစ်နိုင်ခြေနည်းပါး သော
ပြည်တွင်းအိမ်ခြံမြေဈေးကွက်အတွင်း သို့ ၀င်ရောက်လာခဲ့ကြသည်။ အလွယ်တကူ
လက်လွှဲလက်ပြောင်း ရောင်းချနိုင်သည့် အပြင် ကျပ်သိန်းရာဂဏန်းအောက် မြေကွက်များ
အရောင်းအဝယ် ပြုလုပ်နိုင်သည့် ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ်
အရှေ့ ပိုင်းမြို့နယ်တို့မှ စလစ်မြေကွက်များကို ၀ယ်ယူစုဆောင်းလာသည့်အတွက်
ဈေးကွက် အတွင်း အနည်းငယ် လှုပ်ခတ်လာနေခြင်း ဖြစ်သည်။
"အရှေ့ပိုင်း၊ မြောက်ပိုင်းက ဈေးနည်းတဲ့ မြေကွက်တွေကတော့ အရောင်းအဝယ်
တော်တော်သွက်လာတယ်။ စနေ၊ တနင်္ဂနွေ တောင် မနားရဘူး၊ လိုက်ပြရတာ။
အဝယ် လိုက်လာတာကတော့ နှစ်ပတ်လောက်ရှိ ပါပြီ"ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ
အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဒေါ်နီလာကျော်က
အောက်တိုဘာ ရ ရက်တွင် ပြောသည်။















