အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဥပဒေ အမြန်ထွက်ပေါ်ရန် ဆောင်ရွက်မည်

အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဥပဒေ အမြန်ထွက်ပေါ်ရန် ဆောင်ရွက်မည်

အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေတစ်ရပ်ရှိလာပါက အကျိုးဆောင်များရရှိမည့် ၀င်ငွေအပါ်
အခွန်စည်းကြပ်နိုင်မည်ဖြစ်သဖြင့် ယင်းဥပဒေကို အချိန်တိုအတွင်း ပေါ်ထွက်ရန် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစိစစ်
သုံးသပ်ရေးကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးက လွန်ခဲ့သောရက်သတ္တပတ်က နေပြည်တော်တွင်
ပြုလုပ်သည့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း ဆွေးနွေးပွဲတွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"လက်ရှိ လောလောဆယ် ၀င်ငွေခွန်ထဲ မှာ အကျိုးဆောင်တွေဆီက အခွန်မပါပါဘူး။
ဒီအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေပေါ်လာရင် ၀င်ငွေခွန်အနေနဲ့ အကျိုး ဆောင်တွေက
အခွန်ဆောင်ရမယ်။ ဒါကြောင့် ဥပဒေထွက်လာရင် ရငွေထဲမှာ အများကြီး တိုးလာမှာပါ" ဟု
ကော်မရှင်အဖွဲ့ဝင် ဦတင် မောင်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ
အခြေအနေ အရ လာမည့်နှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု များစွာ ၀င်ရောက်လာနိုင်သည့်အတွက်
အိမ်ခြံမြေကဏ္ဍအတွက်လည်း ရင်းနှီးမြှုပ်နှံ သူများ စိတ်ချယုံကြည်ရသည့် ဥပဒေများ ရှိသင့်သည့်
အတွက် ယင်းဥပဒေမှာ မဖြစ်မနေ လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ဒီဥပဒေက နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်တဲ့ဥပဒေဖြစ်ပါတယ်။ မကြာခင်မှာ
နိုင်ငံတကာရဲ့အရင်းအနှီးတွေက အများကြီး ၀င်လာလိမ့်မယ်။ ၀င်လာတဲ့အခါ နိုင်ငံခြားသားက
ဥပဒေရှိလားမေးရင် လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး။ အဲဒါကြောင့် ခိုင်မာတဲ့ ဒီလိုအိမ်ခြံမြေ
ဆိုင်ရာဥပဒေ ရှိဖို့လိုတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သည့်
အကျိုးဆောင်များ၊ ကုမ္ပဏီများ ရှိသကဲ့သို့ အရပ်ပွဲစားများလည်းရှိပြီး ၀န်ဆောင်ခ (သို့) ပွဲစားခ
ယူဆောင်သည့် နှုန်းထားများမှာလည်း ဥပဒေတစ်ခုအနေဖြင့် သတ်မှတ်ထားသည့် နှုန်းထားများ
မဟုတ်သည့်အတွက် ယင်းကိစ္စ ရပ်များအတွက် ဥပဒေလိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီအိမ်ခြံမြေ ၀န်ဆောင်မှုလောကကို ထဲထဲဝင်ဝင် လေ့လာကြည့်ရင် ရသင့်တာမရတာတွေ၊
နိုင်ငံတော်အစိုးရအတွက် အခွန်မရတာတွေ၊ ၀ယ်တဲ့သူတွေ၊ ရောင်းတဲ့သူတွေအတွက်
အာမခံမရှိတဲ့ ၀န်ဆောင်မှုတွေ၊ အကျိုးဆောင်တွေဘက်ကလည်း နစ်နာမှု တွေရှိတာတွေကြောင့်
တိုင်းပြည်ရဲ့ ဒီလိုကာလမျိုးမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဒီဥပဒေကတော့ သေချာပေါက်
ရာနှုန်းပြည့် ပေါ်လာဖို့လိုတယ်" ဟု ဦးတင်မောင်ဦးက ပြောသည်။

လက်ရှိ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုဥပဒေအခြေအနေမှာ မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု
အသင်း (ဗဟို)၏ အဆိုပြုတင်သွင်းထားသည့် အဆိုပြုချက်များ သာရှိပြီး ယင်းအဆိုပြုချက်များကို
အခြေပြု၍ အခြားဝန်ဆောင်မှု အသင်းများအားလုံးက ပေးပို့အဆိုပြုချက်များကို အခြေခံကာ ဥပဒေ
ကြမ်းတစ်ရပ်အဖြစ် ဦးစွာထွက်ပေါ်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို)က အဆိုပြုတင်သွင်းလိုက်တဲ့ အတွက်
ဦးစားပေးရေးဆွဲရမယ့် ဥပဒေ ဖြစ်သွားပါပြီ။ ဒီဥပဒေကြောရိုးမှာပါတဲ့ အချက်တွေကိုပဲ
ဆွေးနွေးစေချင်ပါတယ်။ ဥပဒေကော်မရှင်ကလည်း တခြားအဖွဲ့တွေရဲ့ တင်သွင်းတာတွေကို
ဘယ်အချက်ကတော့ ပါသင့်တယ်၊ ဘယ်အချက်ကတော့ မပါသင့် ဘူးဆိုတာ သုံးသပ်ပြီး
ရေးဆွဲသွားမှာပါ" ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက
ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာစိစစ်သုံးသပ် ရေးကော်မရှင်
ကလည်း ယင်းအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေမှာ နိုင်ငံ အတွက် မဖြစ်မနေ
လိုအပ်နေသည့်အတွက် အချိန်တိုအတွင်း အမြန်ဆုံးထွက်ပေါ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဦးတင်မောင်ဦးက ပြောသည်။

"ဒီလိုအချိန်မျိုးမှာ နိုင်ငံအတွက် လိုအပ် တဲ့ဥပဒေကို ပြဋ္ဌာန်းအောင် လုပ်ရမှာပါ။ ဒါပေမဲ့ ဥပဒေပေါ်လာဖို့
လိုတယ်ဆိုပြီး လေးငါးနှစ် အချိန်ကြာလို့လည်း မဖြစ်ဘူး" ဟု ၎င်းက ပြောသည်။ ထို့ပြင် နိုင်ငံတော်
အခွန်ရရှိရေးအတွက် မှာလည်း ခိုင်မာသည့် ဥပဒေရှိမှသာ ဖြစ်သည့်အတွက် ယခု အိမ်ခြံမြေအကျိုး
ဆောင်လောက ၀န်ဆောင်မှုများမှ အခွန် ပေးဆောင်ခြင်းဖြင့် နိုင်ငံတော်အတွက် များစွာ ထောက်ပံ့
ရလာနိုင်ကြောင်း ၎င်းက ပြောသည်။

"တိုင်းပြည်အတွက်အလိုအပ်ဆုံးက အခု ချိန်မှာ ဥပဒေ၊ တိုင်းပြည်အတွက် အလိုအပ် ဆုံးက အခွန်၊
ဒါကြောင့် အခွန်ခိုင်ခိုင်မာမာနဲ့ ဥပဒေပြဋ္ဌာန်းပြီးလုပ်မှ ရပါမယ်။ ရန်ကုန်မှာ တစ်ဧကကို သိန်း ၁,၀၀၀ နဲ့
၁၀ ဧကဆို သိန်း တစ်သောင်းကို ဧကရာနဲ့ချီ ၀ယ်နေကြ ပြီ။ သိန်းပေါင်း သောင်းနဲ့ချီဝယ်နေကြတဲ့ အတွက်
ပွဲစားလောကက လာတဲ့ အခွန် နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ် မယ်လို့ ထင်ပါတယ်"ဟု
ဦးတင်မောင်ဦးက ပြောသည်။

ထို့ပြင် အိမ်ခြံမြေအရောင်းအဝယ်လုပ် ကိုင်မှုများတွင်လည်း စာရွက်စာတမ်းအတုများ၊
စာချုပ်အတုများဖြင့် လိမ်လည်လုပ် ဆောင်နေမှုများ၊ ခိုင်မာမှုမရှိသည့် ပွဲစားများ ၏ လိမ်လည်မှုများ၊
ကောင်းမွန်မှု မရှိသည့် ၀န်ဆောင်မှုများကြောင့် အိမ်၊ မြေဝယ်ယူသူ များမှာလည်း ပြဿနာအခက်အခဲများရှိခဲ့
ကြသည့်အတွက် ယင်းကဲ့သို့ အိမ်ခြံမြေ ၀န်ဆောင်မှုပေးသည့် အကျိုးဆောင်များကို စနစ်တကျနှင့်
ဥပဒေဘောင်အတွင်း လုပ်ဆောင်နိုင်မည့်ဥပဒေ ထွက်ပေါ်လာပါက အဆိုပါ ပြဿနာများလည်း
လျော့နည်းသွားမည်ဖြစ်ကြောင်း ဦးခင်မောင်သန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်