မန္တလေးတွင် အိမ်ငှားလျှင် အိမ်ငှားပိုင်ခွင့် လုပ်ငန်း လိုင်စင် လျှောက်ထားရမည်

မန္တလေးတွင် အိမ်ငှားလျှင် အိမ်ငှားပိုင်ခွင့် လုပ်ငန်း လိုင်စင် လျှောက်ထားရမည်

မန္တလေးမြို့နယ်အတွင်း အဆောက်အအုံများ ငှားရမ်းနေသော အိမ်ပိုင်ရှင်များသည် လာမည့်
၂၀၁၇ ခုနှစ်၊ မတ်လမှစတင်ကာ အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားရမည်ဖြစ်ကြောင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနထံမှ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ရ၆ အရနှင့် အဆောက်အအုံ များဆိုင်ရာ
နည်းဥပဒေ (၃)အရ အိမ်ပိုင်ရှင် များက အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထား
ရမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အိမ်ငှားလုပ်ငန်း လုပ်ကိုင်လျက်ရှိသော
ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အငှားချ ထားသော လူနေအိမ်၊ ဘော်ဒါဆောင် နှင့်
အခြားအဆောက်အအုံများအတွက် အိမ်ငှားရမ်း လုပ်ကိုင်ခွင့်လိုင်စင်များ လျှောက်ထား
ရမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေး
ကြေညာထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး
ဥပဒေပုဒ်မ ၁၀၉(က)အရ လုပ်ငန်းလိုင်စင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ငှားရမ်းခြင်း၊
မြေငှားရမ်းခြင်းများ ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်
အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရာပြတ်ဌာနမှ လက်ထောက် ဌာနမှူး
ဦးတင်ဦးက "ရန်ကုန်စည်ပင်မှာတော့ အဲဒီစနစ် မရှိသေးသလို လောလောဆယ်တော့
အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ရန်ကုန်စည်ပင်ဥပဒေမှာလည်း ငှားရမ်းခွင့်
လိုင်စင်လုပ်ရမယ်ဆိုတာ မပါပါဘူး"ဟု ပြောသည်။ ရုံးခန်းနှင့် အိမ်များ ငှားရမ်းမှု
များပြားသော မြန်မာနိုင်ငံတွင် အိမ်ငှားရမ်းခွင့် လိုင်စင်ပြုလုပ်ရန် မလွယ်ကူနိုင်ကြောင်းနှင့်
နိုင်ငံတကာတွင်လည်း အဆိုပါစနစ်မျိုး မရှိကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်း
ရှင်များအသင်းဥက္ကဋ္ဌနှင့် စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျင်း
ဒါရိုက်တာ ဦးစိုင်းခွန်နောင်က ပြောသည်။

"ဒီကိစ္စကို သိပ်နားမလည်သလို နိုင်ငံ တကာမှာလည် ဒီစနစ်မရှိဘူး။ ပိုင်ရှင်
အိမ်ငှားရင် လိုင်စင်လျှောက်ရမယ်ဆိုတာလည်း မကြားဖူးဘူး။ ရန်ကုန်က
လူဦးရေများသလို အိမ်တွေလည်းများတယ်။ ဘယ်သူတွေ မှတ်ပုံ တင်လုပ်ထားတယ်၊
လိုင်စင်လုပ်ထားတယ် ဆိုတာကို ဘယ်သူက စောင့်ကြည့်မလဲ။ ရန်ကုန်က
အရမ်းကျယ်ပြီး လူခုနစ်သန်းကျော်ရှိလို့ အိမ်ငှားနေတယ် မနေဘူး။ အိမ်ရှင်
လိုင်စင်ရှိတယ် မရှိဘူးဆိုတာ ဘယ်သူက စောင့်ကြည့်ကြမှာလဲ၊ မဖြစ်နိုင်သလိုနိုင်ငံ
တကာမှာလည်း ဒီစနစ်ကို မကြာဖူးဘူး"ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်