ဒဏ်ကြေးပေးဆောင်ပြီးဖြစ်၍ ဆူးလေ စကွဲအဆောက်အအုံ အဆုံးသတ် ပြီးစီးကြောင်း ထောက်ခံစာရမည်

ဒဏ်ကြေးပေးဆောင်ပြီးဖြစ်၍ ဆူးလေ စကွဲအဆောက်အအုံ အဆုံးသတ် ပြီးစီးကြောင်း ထောက်ခံစာရမည်

ခွင့်ပြုချက်မရဘဲ အထပ်ကျော်လွန် တည်ဆောက်မှုအတွက် ချမှတ်ခံခဲ့ရသည့် ဒဏ်ကြေးငွေကို
ဆူးလေစကွဲ အဆောက် အအုံ ရင်းနှီးမြှုပ်နှံသူများဘက်က ပေးဆောင် ခဲ့ပြီးဖြစ်သဖြင့် အဆိုပါ
အဆောက်အအုံ ဆောက်လုပ်မှု ပြီးဆုံးကြောင်း ထောက်ခံစာ (BCC) ကို ယခုရက်သတ္တပတ်တွင်
ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန
(အဆောက်အအုံ)မှ သိရသည်။

"ဆူးလေစကွဲအဆောက်အအုံ ဒဏ်ငွေ ပေးဖို့ သတ်မှတ်ထားတာ သူတို့ ပေးဆောင်
ပြီးသွားပါပြီ။ အဲဒါကြောင့် ဆောက်လုပ်ခွင့် ပါမစ်လည်းပေးပြီး လာမယ့်ရက်သတ္တပတ်
ထဲမှာ အဆောက်အအုံပြီးဆုံးကြောင်း ထောက်ခံစာ (BCC) ပေးဖို့စီစဉ်ထားပါတယ်။
ရပြီးရင်တော့ သူတို့အဆောက်အအုံ လည်း ဖွင့်လို့ရပြီ" ဟု အဆိုပါဌာန၏ဌာနမှူး
ဦးသန်းဌေးက ပြောသည်။

ရှန်ဂရီလာအုပ်စုက တည်ဆောက်သည့် ဆူးလေစကွဲ ဈေးဝယ်စင်တာနှင့် ရုံးခန်းများ
ငှားရမ်းမည့် အဆိုပါ အထပ်မြင့်အဆောက် အအုံသည် ဆောက်လုပ်ခွင့်ပြုချက်မရရှိဘဲ
အထပ်ကျော်လွန် တည်ဆောက်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
ဒဏ်ငွေ ကျပ် သိန်းနှစ်သောင်း ချမှတ်ခံခဲ့ရသည်။

ခွင့်ပြုချက်မရရှိဘဲ အထပ်ကျော်လွန် တည်ဆောက်သည်ဟု ပြောဆိုခြင်းတွင်
တည်ဆောက်သူများက အဆိုပါ အဆောက် အအုံ၏ ဒီဇိုင်းပြောင်းလဲရေးဆွဲမှုကို
ယခင်အစိုးရလက်ထက်တွင် စည်ပင်သာ ယာရေးကော်မတီထံ တင်ပြကာ အထပ်မြင့်
အဆောက်အအုံ တည်ဆောက်ရေးစီမံ ကိန်းများ ကြီးကြပ်စိစစ်ရေးပညာရှင် အဖွဲ့ (CQHP) ၏
ထောက်ခံချက်လည်း ရရှိထားပြီး ဖြစ်သော်လည်း လက်ရှိ အစိုးရလက်ထက် ကော်မတီက
တရားဝင်ခွင့်ပြုချက် မပေးခဲ့ ခြင်းကြောင့်ဖြစ်သည်။

သို့သော် ဆူးလေစကွဲအဆောက်အအုံ ၏ အထပ်တိုးမြင့်ထားသည့် ပြောင်းလဲပုံစံ ဒီဇိုင်းကို
(CQHP) အဖွဲ့ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းကပင် စိစစ်ထားပြီး ဖြစ်သည့်အပြင် တည်ဆောက်နိုင်သည့် ထောက်ခံချက်လည်း ပေးခဲ့ပြီးဖြစ်သော်လည်း
စည်ပင်သာယာရေးကော်မတီက ဒီဇိုင်းသစ်အပေါ် ဆောက်လုပ်ခွင့်ပါမစ်ပေးမှုတွင်
အချိန်ကြာမြင့်နေခဲ့ခြင်းဖြစ်သည်။

ဆူးလေစကွဲအဆောက်အအုံ တည် ဆောက်သူများကလည်း ၂၀၁၆ ခုနှစ် အစောပိုင်းတွင်
ဈေးဝင်စင်တာနှင့် ရုံးခန်းများကို ငှားရမ်းဖွင့်လှစ်သွားမည်ဟု ၂၀၁၅ ခုနှစ် ဇွန်လကတည်းကပင်
မိတ်ဆက် ရောင်းချခဲ့ပြီး စည်ပင်၏ ဆောက်လုပ် ခွင့်ပြုချက်ကို မစောင့်နိုင်ဘဲ (CQHP)
ထောက်ခံချက်နှင့်ပင် အမီတည်ဆောက် သည့် အနေအထားမျိုး ဖြစ်ခဲ့သည်။

ထို့ကြောင့် ဆောက်လုပ်ပြီးစီးသည့်အချိန်တွင် အစိုးရသစ်လက်ထက်သို့ ရောက်ရှိနေပြီး
လက်ရှိအစိုးရအောက်ရှိ စည်ပင်သာယာရေကော်မတီ အင်ဂျင် နီယာဌာနကလည်း
ခွင့်ပြုချက်မပေး ရသည့်အချက်ကို ထောက်ကာ ဒဏ်ငွေ ပေးဆောင်ရန်ချမှတ်ခဲ့ပြီး
အဆောက်အအုံပြီးဆုံးကြောင်း ထောက်ခံစာ (BCC) မရသည့်အတွက် ဆူးလေစကွဲ
အဆောက် အအုံမှာ ယခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်ခွင့်မရပေ။ ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ
အထပ် ကျော်လွန်တည်ဆောက်မှုများအတွက် စည်ပင်သာယာရေးကော်မတီက ဒဏ်ငွေ
တစ်စတုရန်းပေလျှင် ကျပ် ၁၅,၀၀၀ နှုန်း သတ်မှတ်ထားပြီး ခွင့်ပြုချက်အတိုင်းမဟုတ်ဘဲ
ကျော်လွန်တည်ဆောက်မည့် မည်သည့်အဆောက်အအုံကိုမဆို ယင်းနူန်းတားအတိုင်း
ဒဏ်ငွေချမှတ်သွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်