ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရန် ညွှန်ကြားချက် ပြင်ဆင်ရန် သုံးသပ်နေဆဲဖြစ်

ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရန် ညွှန်ကြားချက် ပြင်ဆင်ရန် သုံးသပ်နေဆဲဖြစ်

ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရန် ညွှန်ကြား ချက်အပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင် များက
ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုကို အစိုးရက သုံးသပ်ဆဲဖြစ်ကြောင်း
စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်း (YESC) က ပြီးခဲ့သည့် ဩဂုတ်လတွင်
ကီလိုဝပ် ၃၀ ထက် ကျော်လွန်သုံးစွဲမည့် အဆောက်အအုံများကို ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်ရမည်ဟု မူဝါဒအသစ် ချမှတ်ခဲ့ခြင်းအပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင် များက
ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့ကြ ခြင်းလည်းဖြစ်သည်။

YESC ၏ မူဝါဒအသစ်ချမှတ်မှုအရ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ကီလို၀ပ် ၃၀ အထိ
သုံးစွဲမှုမှာ အိမ်ခန်း သုံးခန်းခန့်သာ သုံးစွဲ နိုင်သည်ဖြစ်၍ ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲ နှင့်
ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်းအများ စုမှာ ကီလို၀ပ် ၃၀ ထပ်ပိုမည်ဖြစ်သည်။

"လုပ်ငန်းရှင်တွေ ပြန်ပြင်ဆင်ဖို့တင်ပြတဲ့ အပေါ်မှာ တိုင်းဒေသကြီးအစိုးရနဲ့ သက်ဆိုင်ရာ
တာဝန်ရှိသူတွေနဲ့ ပြန်ဆွေးနွေးပါတယ်။ ကျွန်တော်တို့ စည်ပင်သာယာရေးဘက်ကလည်း
သုံးခန်းနှင့် အထက်ကို ထရန်စဖော်မာ အိမ်တိုင်း တပ်ရမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ တင်ပြခဲ့ပါတယ်။
တင်ပြချက်ကို ၀န်ကြီးချုပ် ကလည်း လက်ခံပါတယ်။ ဒါပေမဲ့ မူဝါဒအသစ် ပြန်ပြင်တဲ့အထိတော့
ဆုံးဖြတ်ချက် မချရသေး ဘဲ သုံးသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်"ဟု အင်ဂျင်နီယာဌာန
(အဆောက်အအုံ)၏ လက်ထောက်ဌာနမှူး ဦးနေဝင်းက ပြောသည်။

ကန်ထရိုက်လုပ်ငန်းရှင်များက အဆိုပါ မူဝါဒ သတ်မှတ်လိုက်မှုကြောင့် မြို့နယ်တိုင်းရှိ
တိုက်ခန်းအဆောက်အအုံ အားလုံးနီးပါး ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရပါက ကုန်ကျစရိတ်
များလာမည်ဖြစ်ပြီး တိုက်ခန်း ဈေးများ မြင့်နိုင်ခြင်းနှင့် ထရန်စဖော်မာ များကြောင့် နေရာအခက်
အခဲနှင့် မြို့အင်္ဂါ ရပ် ထိခိုက်နိုင်ခြင်းများ ဖြစ်လာနိုင်သည့်အတွက် ပြန်လည်ပြင်ဆင်ရန် တိုင်းဒေသကြီး
အစိုးရထံ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် တွင် တောင်းဆိုခဲ့သည်။ (YESC) မူဝါဒအသစ်
သတ်မှတ်မှုမှာ လုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် အဆင်မပြေနိုင်သည့်အတွက် ပြန်လည်ပြင်ဆင်ရန်
သတ်မှတ်ရန် တောင်းဆိုမှုအပေါ် တိုင်းဒေသကြီးအစိုးရဘက်ကလည်း ပြင်ဆင် နိုင်ရန်အတွက်
အခြားနည်းလမ်းများကို စဉ်းစားသုံးသပ်နေခြင်းဖြစ်ကြောင်း ပြောသည်။

"တိုင်းဒေသကြီးအစိုးရကတော့ ဒီမူဝါကို ပြန်ပြင်ဖို့ စီစဉ်နေပါတယ်။ အခြားနည်းလမ်းတွေကိုလည်း
စဉ်းစားနေတယ်။ ကန်ထရိုက်တွေကို ထရန်စဖော်မာ တပ်ခိုင်းမယ့်အစား (YESC) ကိုပဲဦးဆောင်ပြီး
တပ်ခိုင်းမယ်၊ ဒါပေမဲ့ တစ်အိမ်တစ်လုံး မဟုတ်တော့ဘဲ လမ်းထဲမှာ ကန်ထရိုက်တာ သုံးလုံးရှိတယ်၊
ငါးလုံးရှိတယ်ဆို ထရန်စဖော်မာတစ်ခုထားလိုက်။ အဲဒီအစား မီတာတပ်ဆင်ခကို တိုးတောင်းတာတို့
လုပ်ဖို့အတွက် စဉ်းစားနေကြတယ်"ဟု ဦးနေဝင်းက ပြောသည်။ တိုင်းဒေသကြီးအစိုးရဘက်ကလည်း
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြုလုပ် သည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်စိစစ်ပေးသွားမည်ဟု
ပြောကြား ခဲ့သည်။

သို့သော် အဆိုပါမူဝါဒအသစ်ကို ချမှတ်လိုက်သည့် ဩဂုတ်လမှ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးခြင်း
မရှိသေးသည့် ယခုအချိန် အထိ ကြားကာလများတွင် ဆောက်လုပ် ပြီးစီးသွားသည့် အဆောက်အအုံ
အသစ် အချို့သည် ကိုယ်ပိုင်ထရန်စဖော်မာများ တပ်ဆင်နေရပြီဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း
ရှင်တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ဆောက်တဲ့ ၁၇ နှစ်ခန်းပါတဲ့ အဆောက်အအုံဆို ဒီမူဝါဒ ထုတ်ထားတော့ မဖြစ်မနေ
ထရန်စဖော်မာ တပ်လိုက် ရတယ်။ မတပ်ရင်လည်း လျှပ်စစ်မီးရမှာ မဟုတ်ဘူး။ ထရန်စဖော်မာတပ်တာ
ကျပ် သိန်း ၂၀၀ ကျော်လောက် ထပ်ကုန်တယ်" ဟု ၎င်းက ပြောသည်။ ယခင်မူဝါဒမှာ တိုက်ခန်းတစ်ခန်းလျှင်
၁၀ ကီလို၀ပ်နှုန်းဖြင့် တိုက်ခန်း ၁၇ ခန်းအထိ အများပြည်သူသုံး ထရန်စဖော်မာမှ တစ်ခန်း ချင်း ရိုးရိုးအိမ်သုံး
မီတာဖြင့် တပ်ဆင်သုံးစွဲခွင့် ရရှိပြီး အခန်း ၁၈ ခန်းအထက်ဖြစ်မှသာလျှင် ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်သုံးစွဲရခြင်း ဖြစ်သည်။ "ဒီလို သတ်မှတ်လိုက်တော့ မဖြစ်မနေ ထရန်စဖော်မာတပ်ရရင်
ကန်ထရိုက်ကတော့ ကုန်ကျစရိတ်ကို အခန်းထဲမှာ ထပ်ပေါင်းမှာပဲလေ။ ဘယ်သူမှတော့ လျှော့ပြီး
အရှုံးခံ မရောင်းဘူး။ နောက်ဆုံးကျတော့ ပြည်သူပဲ ဒုက္ခရောက်မှာပေါ့"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်