ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် May Bay H & Co Ltd ကုမ္ပဏီက
ရန်ကုန်၊ ပုသိမ်လမ်းမကြီးပေါ်တွင် ရန်ကုန် မြို့မှ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ များသို့
သွားမည့် ခရီးသွားများ အပန်းဖြေ နားစခန်းတစ်ခုအဖြစ် ရည်ရွယ်၍ ပလက် တီနမ်ပုသိမ်
(Platinum Pathein Mixed- Use Project) အမည်ရှိ ဘက်စုံသုံး လူနေ ရပ်ဝန်းစီမံကိန်းကို
စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ပြီးခဲ့သည့်အပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါစီမံကိန်း ပထမပိုင်းအဖြစ် ပလက်တီနမ်ပလာဇာ၊ ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်နှင့်
လူနေအပန်းဖြေအိမ် များကို ပါ၀င်မည်ဖြစ်ပြီး စတင်ဆောက် လုပ်နေပြီဖြစ်ကာ ပလာဇာ
အဆောက် အအုံသည် လာမည့် ၂၀၁၇ ဇွန်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း ဒုတိယပိုင်းတွင် ရန်ကုန်မှ ငွေဆောင်နှင့် ချောင်းသာသို့သွားရန် လမ်းတွင်
ခရီးတစ်ထောက်နားသည့်စခန်း အဖြစ် စားသောက်ဆိုင်တန်းများကို ဖွင့် လှစ်မည်ဖြစ်ပြီး
ဓာတ်ဆီဆိုင်များနှင့် ကား ၀ပ်ရှော့များလည်း ပါ၀င်မည်ဖြစ်သည်။
"ငွေဆောင်၊ ချောင်းသာဆိုတာ မြန်မာ နိုင်ငံမှာ အသွားအများဆုံး ကမ်းခြေတွေ ဖြစ်ပါတယ်။
ခရီးသွားအများစုက ကမ်းခြေ ဟိုတယ်တွေကို တည်းဖို့ သတ်မှတ်ထားတဲ့ အချိန် (Check-in)
အချိန်မတိုင်ခင် ရောက် လေ့ရှိကြတယ်။ ဒါကြောင့် ဒီစီမံကိန်းမှာ တစ်ထောက်နားပြီးမှ
အချိန်ကိုက်သွားရင် ပိုပြီးအဆင်ပြေနိုင်တဲ့အတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပါ
တယ်"ဟု ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။
ယခင်စီမံကိန်းဒီဇိုင်းအရ ပလက် တီနမ်စီမံကိန်းကြီးထဲတွင် တိုက်ခန်းတွဲ များ၊ ၀န်ဆောင်မှုပါသည့်
လူနေတိုက်ခန်း များ ထည့်သွင်းတည်ဆောက်ရန် လျာထား ခဲ့သော်လည်း ဒေသခံများက လုံးချင်း
အိမ်များနှင့် ဆိုင်ခန်းများဖွင့်လှစ်ရန်ကို သာ ပိုမိုတောင်းဆိုသည့်အတွက်ကြောင့် ကုမ္ပဏီမှ
ယခုအစီအစဉ်ကို ဒီဇိုင်းပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါ ပလက်တီနမ်စီမံကိန်း တွင်ပါ၀င်မည့် ပလာဇာတွင် ဖက်ရှင်ဆိုင် များ၊
စူပါမားကက်များပါ၀င်သည့်အတွက် ခရီးသွားပြည်သူများအပြင် ပုသိမ်မြို့နေ ဒေသခံများ
အတွက်ပါ အပန်းဖြေလည် ပတ်စရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဟိုတယ်တွင်လည်း
လူ ၅၀၀ ဆံ့ ခန်းမ ကြီးများ ပါ၀င်မည်ဖြစ်သောကြောင့် ဒေသခံများ ဧည့်ခံပွဲများကို ကျင်းပ
နိုင်ရန် နေရာရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ပလက်တီနမ် ပုသိမ်စီမံကိန်းသည် ငွေဆောင်၊ ချောင်းသာကမ်းခြေများသို့ သွားသည့်
လမ်းဆုံးအနီးတွင်ဖြစ်ပြီး ကမ်း ခြေများမှ ကားဖြင့် ၄၅ မိနစ်ခန့် ခရီးအကွာ တွင်ရှိကြောင်း
ကုမ္ပဏီက သတင်းထုတ် ပြန်ထားသည်။
စီမံကိန်းအကျယ်အဝန်းမှာ ၁၈ ဧကခန့် ရှိပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ စီမံကိန်း
အသေးစိတ်အစီအစဉ်အား ခွင့်ပြု ချက်ရရှိထားပြီးဖြစ်ကြောင်းသိရသည်။















