အတိုးနှုန်းသက်သာသည့် အိမ်ရာချေးငွေများ ရယူနိုင်ရန် ကိုရီးယား၊ ဂျပန်ဘဏ်များနှင့် ညှိနှိုင်းထား

အတိုးနှုန်းသက်သာသည့် အိမ်ရာချေးငွေများ ရယူနိုင်ရန် ကိုရီးယား၊ ဂျပန်ဘဏ်များနှင့် ညှိနှိုင်းထား

ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ဘဏ်များထံမှ အတိုးနှုန်းသက်သာသည့် အိမ်ရာချေးငွေ များကို
ရရှိနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ
ဦးဝင်းဇော်က နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ယင်းချေးငွေများ ရရှိပါက အများပြည်သူ များကို အတိုးနှုန်းသက်သာစွာဖြင့် နှစ်ရှည်
ပေးဆပ်နိုင်သည့်စနစ်ဖြင့် ပြန်လည်ထုတ် ချေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

"လုပ်ငန်းစဉ်တွေအများကြီး ဆက်လုပ် ရဦးမှာဖြစ်တယ်။ ဘဏ်ကော၊ ၀န်ကြီးဌာန အနေနဲ့ပါ
ချေးငွေတွေရဖို့ ကြိုးစားနေပါတယ်။ နိုင်ငံတကာက ချေးငွေတွေရဖို့ဆိုတာ ဘဏ် ကို ၀န်ကြီးဌာနက
ထောက်ခံပေးမှ ရမှာဖြစ်ပါ တယ်။ လတ်တလောမှာ ကိုရီးယား၊ ဂျပန်တို့နဲ့ တော့ ဆွေးနွေးနေပါတယ်။
ဘယ်ဘဏ်ဆီက ယူမယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ ဂျပန်ဆီကလည်း နိုင်ငံတော်၏
အတိုင်ပင်ခံ ခရီးစဉ်မှာ အိမ်ရာကိစ္စအတွက် ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ODA loan အဖြစ်
အစိုးရအချင်းချင်း ချေးတဲ့စနစ်နဲ့ ဆွေးနွေးနေ ပါတယ်။ ပြီးရင်တော့ အများပြည်သူကို နှစ်ရှည်စနစ်နဲ့
ချေးနိုင်အောင် လုပ်ဆောင် သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

နိုင်ငံတကာဘဏ်များမှ အိမ်ရာချေးငွေများနှင့်ပတ်သက်ပြီး ချေးငွေများ ထုတ်ချေး နိုင်ရန်
ကမ်းလှမ်းမှုများ အများအပြားရှိလာ နေသည့်အတွက် ယင်းချေးငွေများကို ရရှိနိုင် ရန် စိစစ်
ညှိနှိုင်းလျက်ရှိသည်။

တန်ဖိုးနည်းအိမ်ရာများ အမြောက်အမြား ဆောက်လုပ်ရောင်းချရန်၊ အိမ်ရာဝယ်ယူသူ များအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ရေရှည် ပေးဆပ်နိုင်မည့် နှစ်ရှည်စနစ်ဖြင့် ရောင်းချ နိုင်ရန်၊ ပြည်တွင်းရှိ
ဆောက်လုပ်ရေးလုပ်ငန်း များနှင့် အခြေခံအဆောက်အအုံ တည်ဆောက်သည့်လုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံ လိုသူများအတွက် လိုအပ်သည့် ဘဏ်ချေးငွေ များထုတ်ချေးနိုင်ရေးအတွက် နိုင်ငံတော်နှင့်
ပြည်ပဘဏ်များထံမှ သက်သာသည့် အတိုး နှုန်းများဖြင့် ချေးယူနိုင်ရန် ဆောက်လုပ်ရေး နှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်က လုပ်ဆောင် နေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဖွံ့ဖြိုး ရေးဖြစ်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို
ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ
ပူးပေါင်း ကာ ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင် ခဲ့ခြင်းဖြစ်သည်။

"Long term loan ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ပြည်ထောင်စုဝန်ကြီးကတစ်ဆင့် နိုင်ငံတော်
အတိုင်ပင်ခံဆီလည်း တင်ပြထား တယ်။ ပြည်သူတွေဆီက နှစ်ချင်းဆပ် deposit ငွေကိုယူပြီး
တစ်ဖက်မှာ နှစ် ၃၀ ချေးငွေယူ မယ့်သူကို သွားချေးလို့မရဘူး။ နိုင်ငံတကာက အိမ်ရာနဲ့ပတ်သက်တဲ့
ဘဏ်တွေကလည်း Soft loan တွေကို ပေးချင်တာတွေ ရှိလာပြီ။ သူတို့ပေးမယ့် Soft loan တွေကို
ကျွန်တော်တို့ ဘဏ်က သစ္စာရှိရှိနဲ့ ပြည်သူလက်ထဲရောက်အောင် လုပ်ပေးပါမယ်။ အတိုးလည်း
အများ ကြီးယူလို့ မရပါဘူး။ ၀န်ဆောင်ခသာသာ လောက်ပဲ ယူဖို့စဉ်းစားထားပါတယ်။ နိုင်ငံတော်
ဆီကလည်း အထိုက်အလျောက်တော့ အကူအညီတွေ ရနေပါပြီ"ဟု ဆောက်လုပ် ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာ များကို
အများပြည်သူ ၀ယ်ယူနိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တိုက်ခန်း
တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းစေကာ ကျန်ငွေ ရ၀ ရာခိုင်နှုန်းကို ၁၀ နှစ်အရစ်ကျ
စနစ်ဖြင့် ပေးချေနိုင်သည့် စနစ် လုပ်ဆောင်လျက်ရှိသည်။

အနည်းဆုံး လစာဝင်ငွေ ကျပ် လေးသိန်းကျော် ၀င်ငွေရှိ သည့် အထောက်အထားများပါ
ပူးတွဲတင်ပြရန် လိုအပ်သည်။

လစဉ်ပေးသွင်းငွေမှာလည်း ပျမ်းမျှ တစ်လလျှင် ကျပ် ၁၂၀,၀၀၀ နှုန်း ကျသင့်နေသည့်အတွက်
၀င်ငွေနည်းပြည်သူ များအတွက် တန်ဖိုးနည်းတိုက်ခန်းများ ၀ယ်ယူနိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်
ရှိနေဆဲဖြစ်သည်။ "လစဉ်ပေးသွင်းတဲ့ငွေ များနေတဲ့ ပြဿနာ ကိုလည်း အနှစ် ၂၀၊ အနှစ် ၃၀ လောက်အထိ
ပေးနိုင်တဲ့ Long term Mortgage loan (ရေရှည်ပေးတဲ့ချေးငွေ)တွေ ပေးနိုင်ဖို့အတွက် အစိုးရက
ကူညီထောက်ခံပေးပါတယ်။ ကမ်း လှမ်းလာတဲ့ ဘဏ်တွေလည်း ရှိလာပါပြီ။ အဲဒါတွေသာ ရလာရင်တော့
လစဉ်သွင်းငွေ တွေလည်း အများကြီး လျော့သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်