ပြင်ဆင်ရေးဆွဲလျက် ရှိသည့် မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀ ယခုနှစ်ကုန်ပြီးစီးမည်

ပြင်ဆင်ရေးဆွဲလျက် ရှိသည့် မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀ ယခုနှစ်ကုန်ပြီးစီးမည်

၂၀၁၂ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရေးဆွဲခဲ့သည့်
မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀ (Yangon Master Plan 2040 သည် ယခုအစိုးရသစ်လက်ထက်တွင်
ပြန်လည် ပြင်ဆင်ပေးရန် ညွှန်ကြားခဲ့ခြင်းကြောင့် ပြင်ဆင်ရေးဆွဲခဲ့ပြီး စီမံကိန်းအသစ်ကို
ယခု နှစ်ကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း
JICA၏ တာဝန်ခံကိုယ်စားလှယ် မစ္စတာ ကိုင်အိချီယို နာကာဆာဝါက ပြောသည်။

"ဒီစီမံကိန်းကို စဆွဲတဲ့အခြေအနေနဲ့ အခု အခြေအနေတွေက အများကြီးပြောင်းလဲလာ ခဲ့ပါပြီ။
ဥပမာ ယာဉ်ပိတ်ဆို့မှုက ၂၀၁၂ က ထက် အများကြီး ဆိုးလာတာဖြစ်တဲ့အတွက် အခုအစိုးရ
တက်ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်က ဒီစီမံကိန်းကြီးက လက်ရှိအခြေ အနေနဲ့ ကိုက်ညီအောင်
ပြန်ပြင်ပေးပါလို့ ပြောတဲ့အတွက် ကျွန်တော်တို့ (JICA)က ပြန်ပြင်ဆင် ရေးဆွဲနေပါတယ်။
ဒီနှစ်မကုန်ခင် အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အစီရင်ခံ ပြန်တင်ရမှာပါ"ဟု ၎င်းက
မြန်မာ တိုင်း(မ်)ကို ပြောသည်။

လက်ရှိရေးဆွဲနေသည့် မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ ရေးဆွဲပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီး
အစိုးရမှ အစိုးရဘတ်ဂျက်အနေအထား၊ နိုင်ငံတကာမှ ကူညီထောက်ပံ့ သည့် ဘတ်ဂျက်အနေအထား
များနှင့် ချိန်ဆ လုပ်ဆောင်ရန် လိုအပ်သည့် စီမံကိန်းများ အားလုံးကို ယခုမြို့ပြစီမံကိန်းပေါ် အခြေခံ၍
စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီစီမံကိန်းပြန်ပြင်တာ သေချာပြီးသွား ပြီဆို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ သူ့မှာရှိတဲ့
ဘတ်ဂျက်ကို ဒီစီမံကိန်းရဲ့ ဘယ် အပိုင်းမှာရှိတဲ့ ဘယ်နေရာမှာ ဘယ်လောက် သုံးမယ်၊ နိုင်ငံ
တကာကအဖွဲ့အစည်းတွေရဲ့ ကူညီတဲ့ဟာတွေကို ဘယ်အပိုင်းမှာ ဘယ် လောက်သုံးမယ်ဆိုတာကို
သူတို့က ခွဲဝေသွား နိုင်ပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ သည် ယခင်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့ကာ ပြီးခဲ့သည့်
တိုင်းဒေသကြီးအစိုးရသက်တမ်းအတွင်း အဆိုပါစီမံကိန်းကြီးမှ အကောင်အထည်ဖော်နိုင်ခဲ့သည့်
စီမံကိန်းများရှိသကဲ့သို့ စီမံကိန်းတွင်မပါသည့် အခြားမြို့ပြစီမံကိန်း များလည်း ရှိခဲ့သည်။

"လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့လည်း နှစ်ပတ်၊ သုံးပတ်မှာ တစ်ကြိမ် JICA အဖွဲ့နဲ့
အစိုးရအဖွဲ့တွေ တိုင်းဒေသကြီး ၀န်ကြီးတွေနဲ့တွေ့ပြီး အခြေခံအဆောက်အအုံ နဲ့ပတ်သက်တဲ့
တိုးတက်မှုအခြေအနေ ပြန်ပြင် မှုအခြေအနေကို မပြတ် တောက်လျှောက် ဆွေးနွေးရင်းနဲ့
ဒီစီမံကိန်းကို လက်တွေ့ရေးဆွဲနေတာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ တွင် ပါ၀င်သည့်
လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်သည့် အစီအစဉ်များကိုလည်း ဲှုဃဗ အဖွဲ့က တွဲဖက်၍လည်း
အကောင်အထည်ဖော်ဆောင်ရန်ရှိကြောင်း သိရသည်။

မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ တွင် မြို့သစ်စီမံကိန်းများ၊ မြစ်ကူးတံတားစီမံကိန်း များ၊ ပို့ဆောင်
ဆက်သွယ်ရေးစီမံကိန်းများ၊ ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းသည့် စီမံ ကိန်းများ၊ လျှပ်စစ်နှင့်
ရေရရှိရေးစီမံကိန်းများ အပါအဝင် နှစ်ထပ်လမ်းများ တည်ဆောက် သည့် စီမံကိန်းများ ပါ၀င်ကြောင်း
သိရသည်။

ထို့ပြင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများအစီအစဉ်တွင် လူ အများ
စိတ်ဝင်စားသည့် မြို့တွင်းနှင့် မြို့ပြင် ပတ် အထပ်မြင့်လမ်းများကို အကောင် အထည်ဖော်ရန်
အစီအစဉ်များကိုလည်း JICA က လျာထားရေးဆွဲခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် အဆိုပါ မြို့ တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ်လမ်းများ အတွက် ဆောက်လုပ်ရေး
၀န်ကြီးဌာနက အကြိုလေ့လာဆန်းစစ်မှုများ ပြုလုပ်သည့် အဆင့်သာ ရှိသေးကြောင်း မစ္စတာကိုင်အိ
ချီယို နာကာဆာဝါက ပြောသည်။

"အဲဒီအတွက်ကိုလည်း ဆောက်လုပ်ဖို့ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အကြိုဆာဗေး
တိုင်းတာစစ်ဆေးခြင်းတွေ လုပ်နေတဲ့အတွက် သတ်မှတ်ပြီးသွားပြီ။ သတ်မှတ်ပြီးသွားရင် အဲဒါကို
ဘယ်လို ဆောက်မယ်၊ ဘယ်လောက်ဆောက်မယ် ဆိုတဲ့အတွက်ကို ဂျပန်က ဘယ်လိုကူညီရမလဲ
ဆိုတဲ့အပိုင်းက ဂျပန်က ဘာမှ မသတ်မှတ်ရ သေးပါဘူး။ သူတို့ပြီးတဲ့အပေါ် မူတည်ပြီး ကျွန်တော်တို့
ထပ်စဉ်းစားရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ပဲခူးဟံသာဝတီလေဆိပ် အကောင်အထည် ပေါ်လာပါက ရန်ကုန်မြို့မှ အဆိုပါ လေဆိပ် သို့ သွားရန်မှာ
အလွန်ဝေးကွာမည်ဖြစ်သည့် အတွက် ယင်းကဲ့သို့ သီးခြားလမ်းမှတစ်ဆင့် သွားရောက်ပါက
ပိုမိုအဆင်ပြေ မြန်ဆန်နိုင် မည်ကို စဉ်းစားခဲ့ပြီး ယခုကဲ့သို့ အထပ်မြင့် ပတ်လမ်းများ လျာထားရေးဆွဲ
ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်