ဆောက်လုပ်ရေးနှင့် အလှဆင်လုပ်ငန်းသုံးပစ္စည်းဈေးများ မြင့်တက်လာဟုဆို

ဆောက်လုပ်ရေးနှင့် အလှဆင်လုပ်ငန်းသုံးပစ္စည်းဈေးများ မြင့်တက်လာဟုဆို

ဒေါ်လာဈေး မြင့်တက်လာမှုနှင့်အတူ နိုင်ငံခြား မှ တင်သွင်းမှုကို မှီခိုနေရသော ဆောက်လုပ်ရေး
လုပ်ငန်းသုံး ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း တိုက်ခန်း
အရောင်းဈေးကွက် အေးစက်နေပြီး တိုက်ခန်းဈေးနှုန်းများ လျှော့ချရောင်းချနေရကြောင်း
ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ပြောသည်။

အစိုးရက ဆောက်လုပ်မှု များပြားလာ သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ကြောင့်
တိုက်ခန်းဈေးများမှာ အကျဘက်သို့ ဦးတည်လျက်ရှိနေကြောင်း အာရှ ဆောက်လုပ်ရေး
လုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"တိုက်ခန်းအရောင်းဈေးကွက်က ဒီနှစ် မှာ အရောင်းအဝယ်အေးပြီး သိသိသာသာ
ဈေးကွက်ကျဆင်းနေပါတယ်။ ၁၀ နှစ်အထိ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်တဲ့ အစိုးရရဲ့
တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ပိုအကောင် အထည်ဖော်လာနိုင်ပြီး ၀ယ်ယူသူများပြား
လာတာနဲ့အတူ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆောက်လုပ်တဲ့၊ နှစ်ရှည်အရစ်ကျလည်း မပေးနိုင်တဲ့
တိုက်ခန်းအရောင်း ဈေးကွက်က သိသိသာသာ ကျဆင်းနေပါတယ်။ လက်ရှိ အချိန်မှာ
ကြိုပွိုင့်အရောင်းအဝယ် ဈေးကွက် ဆိုရင် ၀ယ်တဲ့သူမရှိသလောက်ကို ကျဆင်း နေပါတယ်"ဟု
၎င်းက ပြောသည်။

ဒေါ်လာဈေး အပြောင်းအလဲမြန်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ
ရုတ်တရက်ဈေးမြင့်တက်ပါက ဆောက် လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အခက် အခဲနှင့်
ရင်ဆိုင်ရကြောင်းနှင့် အစိုးရက ဒေါ်လာဈေး တည်ငြိမ်စေရန် ဆောင်ရွက် ပေးစေလိုကြောင်း
မြတ်မင်းဆောက်လုပ် ရေးလုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။

"ဒေါ်လာဈေး အတက်အကျက လက်ရှိအချိန်ထိ တကယ်ကို အပြောင်းအလဲမြန်နေ ပြီးတော့ ခန့်မှန်းလို့မရပါဘူး။ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေကြားမှာ ကုမ္ပဏီတွေ များလာပြီး ပြိုင်ဆိုင်
မှုတွေ များလာတော့ ကန်ထရိုက်တိုက်ဆောက်ဖို့ ဆောက်လုပ်စရိတ်ကို လျှော့ယူပြီးချိန်မှာ
ဒေါ်လာဈေးက ရုတ်တရတ်တက်လာတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အနေနဲ့ တစ်ခါတလေ
အမြတ် နည်းရုံတင်မဟုတ်ဘဲ အရှုံးပါ ပေါ်နိုင်ပါ တယ်။ ဒေါ်လာနဲ့ တိုက်ခန်းပြန်ရောင်းတဲ့
အကြီးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အတွက် သိပ်မသိသာပေမဲ့ မြန်မာငွေနဲ့
တိုက်ခန်းပြန်ရောင်းတဲ့ လုပ်ငန်းရှင်တွေ အတွက်တော့ ထိခိုက်မှုများပါတယ်"ဟု ၎င်းက
ပြောသည်။

ဦးရန်အောင်က "အခုအချိန်မှာ ဆောက်လုပ်ရေးဈေးကွက်က သိသိသာသာကျဆင်း နေလို့ ဒေါ်လာဈေးတက်တာက ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေအတွက်
သိပ်မသိသာ ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ် ဖြစ်နေချိန်မှာ ဒေါ်လာဈေး အပြောင်း
အလဲကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ သိသိသာသာဆုံးရှုံးမှုများ တွေ့ကြံုရပါတယ်။
ကွန်ဒိုတစ်ခုဆောက်မယ်လို့ စာချုပ်ချုပ်ပြီး ချိန်မှာ ကိုယ် ဓာတ်လှေကားတက်တော့မယ့် အချိန်မှာ
ဒေါ်လာဈေးက မြင့်တက်လာတော့ ဓာတ်လှေကားအတွက် ကိုယ်သတ်မှတ်တဲ့ ဈေးထက်
ပိုသုံးလိုက်ရတော့ အမြတ်ငွေ လျော့သွားတာပေါ့။ တခြားအလှဆင်ပစ္စည်း တွေရော
တစ်ချိန်တည်းမှာ ဈေးတက်တော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အတွက် ဒေါ်လာဈေးက
သိသိသာသာ ထိရောက်မှု ရှိတာပေါ့"ဟု ပြောသည်။

ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းတွင် အရေးပါသော ဆောက်လုပ်ရေး
လုပ်ငန်းသုံးပစ္စည်းအများစုနှင့် အိမ်အလှ ဆင်ပစ္စည်းများအားလုံးနီးပါးမှာ နိုင်ငံခြား မှသာ တင်သွားနေရခြင်းဖြစ်၍ ဒေါ်လာ ဈေးမြင့်တက်ပါက ဈေးနှုန်းများ လိုက်လံ မြင့်တက်လေ့ရှိကြောင်း
စော်ဘွားကြီးကုန်းရှိ မိသားစု ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးက ဒေါ်စန်းစန်းနုက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်