နှစ်နှစ်ဆက်တိုက် ဈေးကွက်ငြိမ်သက်နေ သည့် ရန်ကုန်အိမ်ခြံမြေသည် ယခုနှစ်ကုန် ပိုင်းခန့်တွင်
အနည်းငယ် ပြန်လည်လှုပ်ခတ် လာပြီ ဖြစ်ကာ မြေအရောင်းအဝယ်နှင့် အငှားများ ပြန်သွက်
လာကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"အိမ်ခြံမြေက ငြိမ်နေတာ တော်တော်ကြာနေတာပါ။ ဒါပေမဲ့ ဒီနှစ် နှစ်ကုန်ပိုင်း ဇွန်လ
နောက်ပိုင်းလောက်ကစပြီး အရင်ထက် အရောင်းအဝယ်လေးတွေ နည်းနည်းလေး
ပြန်လိုက်လာတဲ့အခြေအနေ ရှိလာပါပြီ။ မြို့နယ်စုံရဲ့ လမ်းမတန်းတွေ သွက်တယ်။
ရွှေတောင်ကြား၊ ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်း အဲဒီမြို့နယ်တွေ သွက်တယ်"ဟု
ရွှေကံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
ထိုကဲ့သို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များ ပြန်လည်ရှိလာခြင်း၊ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများလည်း တဖြည်းဖြည်းဝင်လာခြင်း၊ နိုင်ငံခြားကုမ္ပဏီလုပ်ငန်း များ၏ မြေငှားရမ်းမှုကြောင့်
စက်မှုဇုန်မြေဈေးကွက်များလည်း သွက်လာကြောင်း ၎င်းက ပြောသည်။
"အခုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေလည်း စလာပြီဖြစ်တဲ့အတွက် နိုင်ငံခြားကုမ္ပဏီတွေ ပိုပြီးတော့
တိုးဝင်လာတဲ့သဘောတွေ ရှိပါ တယ်။ အဲဒါကြောင့် စက်မှုဇုန်မြေအငှားတွေ ဆို သွက်လာတယ်။
သူတို့လုပ်ငန်းရဲ့ အခြေခံ အဆောက်အအုံတွေ မြေလိုလာတော့ ငှားလာ ကြတယ်။ အဲဒါကြောင့်
စက်မှုဇုန်မြေဈေးကွက် လည်း ပြန်သွက်လာတဲ့အထဲ ပါလာတယ်။ စက်မှုဇုန်တွေထဲမှာ သီလဝါ
သွက်တယ်။ အရှေ့ဒဂုံစက်မှုဇုန် သွက်တယ်။ စောစောက လုံးဝငြိမ်ပြီးတော့ အောက်ဈေးကျသလိုနဲ့
အခုတော့ ပြန်လိုက်လာပါပြီ"ဟု ၎င်းက ပြောသည်။
ထို့ပြင် လူနေထိုင်သည့်မြေကွက်များ အပြင်၊ လုပ်ငန်းစီးပွား လုပ်ကိုင်နိုင်သည့် မြေကွက်များမှာ
ရန်ကုန်မြို့တွင်းသာမက မြို့ပြင်များတွင်လည်း အရောင်းအဝယ်သွက် လာကြောင်း ၎င်းက ပြောသည်။
"နေဖို့လူတွေကလည်း စောင့်ကြည့်ရင်းနဲ့ ဈေးနှုန်းက အရမ်းမကျတဲ့အခါ မဖြစ်မနေ နေဖို့သမားတွေ
၀ယ်ကုန်ကြပါပြီ။ အထူး သဖြင့် ငွေကျပ် သိန်းတစ်သောင်းနဲ့ နှစ် သောင်းပတ်ချာလည် မြေကွက်တွေ
တော် တော်လေး အရောင်းအဝယ်ဖြစ်လာတယ်။ မြို့တွင်းရောမြို့ပြင်ရော အရောင်းအဝယ် တွေ
သွက်လာပါတယ်"ဟု ဦးခင်မောင်အေး က မြန်မာတိုင်း(မ်)ကို ပြောသည်။ သို့သော် မြို့ပြင်ဘက်ရှိ
ကျပ်သိန်း ၆၀ ၀န်းကျင်ရှိ ပါမစ်ရ မြေကွက်သေးများမှာမူ အရောင်းအဝယ် သိပ်မဖြစ်ကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"မြို့ပြင်ဘက်က ပေ ၄၀၊ ၆၀ ပါမစ်ကွက် တွေကတော့ ပုံမှန်အတိုင်းပဲရှိသေးတယ်။ အရောင်းအဝယ်
သိပ်မဖြစ်ဘူး။ ကျန်တဲ့ စီးပွားရေးအရ၊ လုပ်ငန်းအရ မဖြစ်မနေ လိုအပ်တဲ့အကွက်တွေကတော့
အရောင်းအဝယ်သွက်လာတယ်။ ပါမစ်မြေကွက်က ဈေးကစားကြတာများတယ်၊ ဒါပေမဲ့ အခုထိ
ကတော့ ငြိမ်နေတုန်းပဲ"ဟု အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့၏
အိမ်ခြံမြေအငှား ဈေးကွက်သည် အရောင်းဈေးကွက်ထက် ပိုမိုလုပ်ငန်းကောင်းလျက်ရှိရာ
လက်ရှိအချိန် ထိလည်း ရန်ကုန်မြို့လယ်ကောင် အပြင်ဘက် မြို့နယ်များ၏ အငှားဈေးကွက်မှာ
ငှားရမ်းမှု များလျက်ရှိသေးကြောင်း အိမ်ခြံမြေရောင်းငှား ရှာဖွေနိုင်သည့်ဝက်ဘ်ဆိုက်
House. com.mm က သတင်းထုတ်ပြန်သည်။ အသေးစား အလတ်စားလုပ်ငန်းများ ကြောင့်လည်း
တောင်ဥက္ကလာနှင့် ရန်ကင်း စသည့် မြို့နယ်များ၏ တိုက်ခန်းအငှား ဈေးကွက်များလည်း
ကောင်းမွန်သည့်အပြင် ရန်ကုန်မြို့တွင်းရှိ တောင်ဥက္ကလာ၊ ဒဂုံမြို့ သစ်မြောက်ပိုင်း၊ စမ်းချောင်း၊
တာမွေ၊ မရမ်းကုန်း၊ သန်လျင်၊ ဗဟန်း၊ လှိုင်၊ သင်္ဃန်း ကျွန်းနှင့် ရန်ကင်းမြို့တို့မှာ အိမ်ရာရှာဖွေမှု
လူစိတ်ဝင်စားဆုံးများသည့် မြို့များဖြစ်ကြောင်း သိရသည်။
"လတ်တလော ရှာဖွေမှုများရဲ့ သုံးပုံနှစ်ပုံ ခန့်လောက်ဟာ တောင်ဥက္ကလာ၊ မြောက်ဒဂုံ နှင့်
စမ်းချောင်းမြို့နယ်များကဲ့သို့သော မြို့လယ်ကောင် ဧရိယာအပြင်ဘက်က မြို့နယ် တွေမှာ အိမ်ရာများကို ပိုမိုရှာဖွေလာတာ တွေ့ရပါတယ်။ ဖြစ်နိုင်ခြေကတော့ မြို့လယ် က အိမ်ရာတွေက များသောအားဖြင့် စီးပွား ရေးလုပ်ငန်းသုံးများတာကြောင့် ဈေးနှုန်း မြင့်မားတာရယ်၊ ကားလမ်းပိတ်တာရယ် ကြောင့်
နေထိုင်ရန် သီးသန့်အိမ်ရာ ရှာဖွေသူ တွေက မြို့လယ်အပြင်ဘက်က မြို့နယ်တွေကို ပိုမိုရှာဖွေ
လာကြခြင်းကြောင့် ဖြစ်နိုင်ပါတယ်" ဟု House. com.mm ၏ အမှုဆောင်အရာရှိချုပ် Mr.Nitesh Khirwal ပြောသည်။
အိမ်ခြံမြေဈေးနှုန်းများမှာ ယခင် အမြင့်ဆုံးတက်ခဲ့သည့် ဈေးများထက် ၁၀ ရာခိုင်နှုန်း ခန့်
ကျဆင်းလျက်ရှိကြောင်းနှင့် အခြေခံ ဈေးနှုန်းများတွင်သာ ပုံမှန်ရှိနေကြာင်း အိမ် ခြံမြေအကျိုးဆောင်
များက ပြောသည်။
"အရင် အတက်ဈေးအောက်တော့ဖြစ်နေ တယ်။ စက်မှုဇုန်မြေတွေဆို အရင်က တစ်ဧက ကို
ကျပ်သိန်း ၃,၅၀၀၊ ၄,၀၀၀ လောက်တွေက အခု ၃,၀၀၀ လောက်တော့ရှိတယ်။ ပုံမှန်အားဖြင့်
ဝေဇယန္တာလမ်းတို့ ဘာတို့ဆို ကျပ် သိန်း ၁,၆၀၀ တွေ ဘာတွေထိအောင် ရောက်သွားသေးတယ်။
ခုချိန်မှာဆို သိန်း တစ်သောင်းနဲ့ တစ်သောင်းနှစ်ထောင်ဝန်းကျင်၊ တစ်သောင်းအောက်ထိ မကျဘူး။
အဲဒီထက်တော့ ပိုမကျပါဘူး၊ ဘာလို့လဲဆိုတော့ အစားထိုးလို့မရတဲ့ မြေနေရာတွေဖြစ်တဲ့အတွက်
အခြေခံဈေးထက်တော့ မကျဘူး" ဟု ဦးခင်မောင်အေးက ပြောသည်။
















