ရန်ကုန်မြို့၏ အထင်ကရလမ်းမကြီးများပေါ်တွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်
များအတွက် Hawker center (လမ်းဘေး ရောင်းချသူများ စုဝေးရောင်းနိုင်မည့်နေရာ) များ
ဖွင့်လှစ်၍ ထပ်မံနေရာချထားပေးမည့် အစီအစဉ်များရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ စီမံရေးရာ ဌာနဒုတိယဌာနမှူး ဦးညီညီဦးက ဒီဇင်ဘာ ၅ ရက်၌
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရန်ကုန်မြို့မှာ ဈေးသည်တွေအတွက် ဟော်ကာစင်တာတွေ ထပ်ဆောက်ပြီး လုပ်ပေးသွားဖို့
အစီအစဉ်ရှိပါတယ်။ လုပ်မယ့်နေရာတော့ ပြောလို့မရသေးဘူး။ လုပ်လို့ရတဲ့ နေရာတွေတော့
ရှိပေမဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာမှာ စိုးတာကြောင့် လောလောဆယ်တော့ ဘယ်မှာလုပ်မယ်
ဆိုတာ ပြောဖို့မဖြစ်နိုင်သေးပါဘူး။ ညဈေး ကိစ္စ အောင်မြင်သွားမယ်၊ အဆင်ပြေပြီ ဆိုရင်
နောက်ထပ် ဟော်ကာစင်တာတွေ ဖွင့်ပြီး နေရာချထားပေးသွားမှာ ဖြစ်တယ်။ လုပ်စရာရှိတာတွေ
အများကြီးရှိသေးတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကောက်ခံရရှိထားသည့် စာရင်း များအရ
မြို့တော်အတွင်းရှိ လမ်းမကြီးများ ပေါ်တွင် ဈေးရောင်းချနေသည့် ဈေးသည် ပေါင်း ၆,၀၄၁ ဦးကို
စာရင်းကောက်ယူထား ခဲ့ပြီး အစားအသောက်နှင့် အသီးအနှံရောင်း ချသည့် ဈေးသည်ပေါင်း
၁,၆၀၀ ကျော်ကို ကမ်းနားလမ်း ညဈေးတန်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်းတို့တွင်
နေရာချထားပေးခဲ့ပြီးဖြစ် သည်။
ကျန်ရှိသည့် ဈေးသည်ပေါင်း ၄,၀၀၀ ကျော်အတွက်လည်း နေရာချထားပေးနိုင်ရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကမ်းနားလမ်းရှိ ညဈေးတန်းကို နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အစားအစာနှင့်
သစ်သီးဝလံရောင်းချသူ ၁,၆၀၀ ကို ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုထားသည်။
ရောင်းချခွင့်ရရှိထားသည့် ဈေးသည် များကို စည်ပင်အသိအမှတ်ပြု ကတ်ပြားကြေး
တစ်နှစ်လျှင် ကျပ် ၅၀၀ နှင့် နေ့စဉ်သုံးစွဲမည့် ရေနှင့် သန့်ရှင်းရေးခများကို ပေးဆောင်ရမည်
ဖြစ်သည်။
လျှပ်စစ်မီးရရှိစေရန် သွယ်တန်းထားသည့်အတွက် မီတာခကို တစ်လလျှင် တစ်ကြိမ်
ထပ်မံပေးဆောင်ရမည်ဖြစ်သည်။ "နေရာချထားပေးပြီးသားကိုလည်း တစ်ဆင့်လွှဲပြောင်း
ရောင်းချခွင့် ပေးမထားဘူး။ အစ်ကိုတို့အနေနဲ့ စုံစမ်းတွေ့ရှိရင် နေရာချ ထားပေးတာကို
ပြန်လည်သိမ်းယူမှာဖြစ် ပါတယ်။ ကမ်းနားလမ်းမှာ သစ်သီးရောင်းဖို့ သတ်မှတ်ထားပေမဲ့
သစ်သီးမရောင်းဘူး၊ တခြား အမျိုးအမည်တွေ ရောင်းမယ်ဆိုရင် ဆိုင်ခန်းပြန်သိမ်းမှာ ဖြစ်ပါတယ်။
ပြောင်း ရောင်းခွင့်မရှိဘူး၊ စည်းစနစ်တကျနဲ့ အကုန် လုံးကို တဖြည်းဖြည်း လုပ်သွားမှာဖြစ်တယ်။
ချပေးထားတဲ့ နေရာတွေယူထားပြီး ဆိုင် မထွက်ဘူးဆိုရင်လည်း နေရာပြန်သိမ်းမှာ ဖြစ်တယ်။
အခုတောင် မထွက်တဲ့ဆိုင်တွေ ပြန်စာရင်းကောက်ခိုင်းထားတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့၏ အထင်ကရလမ်းမကြီး ၁၁ လမ်းပေါ်တွင် လမ်းဘေးဈေးသည်များ ကြောင့်
ယာဉ်သွားလာမှု ကျပ်တည်းကာ ခြေကျင်လမ်းလျှောက်သည့် ပြည်သူများ သွားလာရေး
အခက်အခဲများ ဖြစ်စေနိုင်သည့် အတွက် ယင်းလမ်းမကြီး ၁၁ လမ်းတွင် ရောင်း ချနေသည့်
လမ်းဘေးဈေးသည်များအနက်မှ ဈေးသည် ၁,၆၀၀ ကျော်ကို ကမ်းနားလမ်း၊ မဟာဗန္ဓုလပန်းခြံလမ်း
ညဈေးများသို့ နေရာ များ ချထားပေးခဲ့ပြီး ကျန်ဈေးသည်များကို လည်း အတွင်းလမ်းများအတွင်းသို့
၀င်ရောက် ရောင်းချရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက နှိုးဆော်လျက် ရှိသည်။
















