YOMA Strategic Holding ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော သန်လျင်
ကြယ်စင်အိမ်ရာစီမံကိန်းဇုန်စီရှိ တာဝါ(၂) နှင့် တာဝါ(၄)ရှိ တိုက်ခန်းများ ၄၀ ရာခိုင်နှုန်းခန့်
ရောင်းချပြီးဖြစ်ကြောင်း ထိုကုမ္ပဏီမှ တာဝန်ရှိသူ Mr.Cyrus Pun က ပြောသည်။
အဆိုပါ ကြယ်စင်အိမ်ရာစီမံကိန်း ဇုန်စီ ကို စတင်ဆောက်လုပ်သော ၂၀၁၅ ခုနှစ်ကတည်းက
စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပထမဆုံး စတင်ဆောက် လုပ်သော တာဝါ(၂)နှင့်
တာဝါ(၄)ရှိ တိုက်ခန်း များ ယခုကဲ့သို့ ၄၀ ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။
ဇုန်စီတွင် အထပ် ၂၀ ကျော်မြင့်သော အထပ်မြင့်အဆောက်အအုံ ခြောက်လုံး ပါ၀င်မည်ဖြစ်ကာ
ထိုအဆောက်အအုံ ခြောက်လုံးမှ တစ်ခုဖြစ်သော တာဝါ(၂)မှာ ယခုအချိန်တွင် ဖွဲ့စည်း
တည်ဆောက်ပုံအရ ပြီးစီးပြီဖြစ်ပြီး ကျန်အဆောက်အအုံများကို အချိန်မီပြီးစီးစေရန်
ဆက်လက်တည်ဆောက် သွားမည်ဖြစ်ကြောင်း Mr.Cyrus Pun က ပြောသည်။
"အခု ဒီဇင်ဘာလဆန်းမှာ ဇုန်စီရဲ့ ဂလက်ဇီတာဝါခြောက်လုံးအနက် တာဝါ(၂) က ပထမဆုံး
ဖွဲ့စည်းပုံတည်ဆောက်ပြီးစီး ပါပြီ။ ဇုန်စီက ပထမဆုံး အထပ်မြင့်အဆောက် အအုံ
တည်ဆောက်ပြီးစီးတာက ရိုးမကုမ္ပဏီ အတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်တာပဲ ဖြစ်ပါတယ်။
အိမ်ရာဝယ်ယူသူတွေဆီကို အချိန်မီ အခန်းအပ်နိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။
ကြယ်စင်အိမ်ရာစီမံကိန်း၏ ဇုန်စီ အထပ် မြင့်အဆောက်အအုံများသည် ရ၅၅ စတုရန်း
ပေမှ ၃,၀၀၀ အထိ ကျယ်ဝန်းမည်ဖြစ်ပြီး နှစ်ယောက်အိပ်ခန်း၊ သုံးယောက်အိပ်ခန်း၊
လေးယောက်အိပ်ခန်းများနှင့် အခန်း စုစုပေါင်း ၉၅၄ ခန်း ပါ၀င်မည်ဖြစ်သည်။
ထို့ပြင် ၂၀၁၀ ပြည့်နှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သော အခန်းပေါင်း ၉၂၈ ခန်း
ပါ၀င်သည့် ဇုန်အေနှင့် ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ သော အခန်းပေါင်း
၁,၀၄၃ ခန်းပါ၀င်သည့် ဇုန်ဘီက တိုက်ခန်းများမှာ ယခုနှစ်လယ် ပိုင်းကတည်းက အားလုံးနီးပါး
ရောင်းချပြီး ဖြစ်ကြောင်း YOMA Strategic Holding ကုမ္ပဏီထံမှ သိရသည်။















