လေးကြိမ်မြောက် မြန်မာနိုင်ငံ အိမ်ခြံမြေအရောင်းပြပွဲကို ဒီဇင်ဘာ တတိယပတ်တွင်ကျင်းပမည်

လေးကြိမ်မြောက် မြန်မာနိုင်ငံ အိမ်ခြံမြေအရောင်းပြပွဲကို ဒီဇင်ဘာ တတိယပတ်တွင်ကျင်းပမည်

iMyanmarHouse.com ကုမ္ပဏီက ကြီးမှူး ကျင်းပမည့် လေးကြိမ်မြောက် မြန်မာနိုင်ငံ
အိမ်ခြံမြေ အရောင်းပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် လာမည့် ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ပြသမည်ဖြစ်ကြောင်း iMyanmarHouse.com ၏ အမှုဆောင်အရာရှိချုပ်
ဦးနေမင်းသူက ပြောသည်။

"ကျွန်တော်တို့ကုမ္ပဏီက ဒီလို အိမ်ခြံမြေ အရောင်းပြပွဲကြီးလုပ်တာ ဒါနဲ့ဆို လေးကြိမ်
မြောက်ရှိပါပြီ။ အရင်ပွဲတွေတုန်းက ရောင်း အား တော်တော်ကောင်းခဲ့ပါတယ်။ ပြီးတော့
ပြပွဲတွေမှာ တိုက်ခန်း၊ ကွန်ဒိုတွေကို အရစ်ကျ ရောင်းပေးတာတို့၊ အထူးစျေးနူန်းလျှော့ပေး
တာတို့ လုပ်တဲ့အတွက် ၀ယ်တဲ့သူတွေက လည်း ပြပွဲမှာ ၀ယ်တာကို ပိုအားသာကြပါတယ်"ဟု
၎င်းက ပြောသည်။

အဆိုပါပြပွဲတွင် ဆောက်လုပ်ရေးကုမ္ပဏီ ၅၀ ကျော်က ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်းအိမ် နှင့်
မြေယာများ စုစုပေါင်း ရ,၀၀၀ ကျော်ကို ပါ၀င်ပြသ ရောင်းချမည်ဖြစ်ပြီး ကျပ်သိန်း ၁၀၀ အောက်
တိုက်ခန်းများမှအစ ကျပ်သိန်း ၁,၀၀၀ ကျော် တိုက်ခန်းများ၊ ကျပ်သိန်း ၃,၀၀၀ ခန့်ရှိ ကွန်ဒို
အခန်များအပြင် မြေကွက်နှင့် လုံးချင်းအိမ်များလည်း ပါ၀င်မည်ဖြစ်သည်။

ထို့ပြင် အဆိုပါပြပွဲတွင် ရောင်းချသော တိုက်ခန်းများကို တစ်နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ
စနစ်များဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အထူးလျှော့ဈေးများဖြင့်လည်း ရောင်းမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်း ကာ အိမ်ခြံမြေဈေးကွက် အေးနေသော်လည်း အိမ်ခြံမြေအရောင်းပြပွဲများတွင် ရောင်းအား ကောင်းမွန်လျက်ရှိကြောင်း ဦးနေမင်းသူက
ပြောသည်။

iMyanmarHouse.com က ယခင်အိမ်ခြံ မြေအရောင်းပြပွဲတွင် ရောင်းအားကောင်းမွန်ခဲ့ပြီး
ပထမဆုံးအကြိမ် အရောင်းပြပွဲ၌ ငွေကျပ် ၉ ဒသမ ၂ ဘီလျံ၊ ဒုတိယပြပွဲ၌ ငွေကျပ် ၁၀ ဒသမ
၃ ဘီလျံနှင့် တတိယအကြိမ်ပြပွဲတွင် ငွေကျပ် ၁၄ ဒသမ ၄ ဘီလျံများထိ ရောင်းခဲ့ ရကြောင်း
၎င်းက ပြောသည်။

အိမ်ခြံမြေပြပွဲများတွင် အရစ်ကျ ၀ယ်ယူ နိုင်သည့် ဘဏ်ချေးငွေစနစ်များကိုပါ ထည့်သွင်းပြသ
ထားသည့်အတွက် အရစ်ကျအိမ် ရာဝယ်ယူလိုသူများအတွက်လည်း အဆင်ပြေ စွာ ၀ယ်ယူနိုင်ကြောင်း
၎င်းက ပြောသည်။

"တစ်နေရာတည်းမှာ စုံစုံလင်လင် ကြည့်လို့ရတယ်။ ရန်ကုန်မြို့အပြင် တခြား မြို့ကြီးတွေရဲ့
အိမ်ခြံမြေတွေကို ကြည့်လို့ ရတယ်။ အထူးလျှော့ဈေးပေးတယ်။ အရစ် ကျဝယ်ချင်တဲ့ သူတွေ
ကလည်း ဒီလိုပြပွဲ တွေမှာပဲ အရစ်ကျဝယ်ယူနိုင်တဲ့ အခြေအနေ ရှိတော့ ပြပွဲမှာဆို ရောင်းအား
အမြဲကောင်း ပါတယ်" ဟု ဦးနေမင်းသူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်