ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် အဓိက အရေးပါသည့် တံတားသုံးစင်းဖြစ်သော ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား နှင့် ရွှေပြည်သာတံတားသုံးစင်း၏ ဖြတ်သန်းခ
ကောက်ခံနေခြင်းကို လာမည့်ဘဏ္ဍာ နှစ်မှ စတင်ရပ်ဆိုင်းနိုင်ရန် ဆောက်လုပ်ရေး
၀န်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊
စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂ ရက်တွင်
ပြောသည်။
"ဘုရင့်နောင်တံတား၊ အောင်ဇေယျ တံတားနဲ့ ရွှေပြည်သာတံတား ဖြတ်သန်းခ ကောက်ခံတာကို
ပြည်ထောင်စု ဆောက် လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေပါ တယ်။ တံတားဖြတ်သန်းခကောက်ခံ
တာကို တင်ဒါပေးထားတာဖြစ်တဲ့အတွက် ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်သွား ရတာဖြစ်လို့
တကယ်လို့ ကောက်ခံတာကို ရပ်နားရတော့မယ်ဆိုရင်လည်း လာမယ့် ဘဏ္ဍာနှစ်မှသာ
လုပ်ကိုင်ဆောင်ရွက်လို့ ရမှာ ဖြစ်ပါတယ်"ဟု လွှတ်တော်ကိုယ်စား လှယ်၏ မေးမြန်းချက်ကို
ဒေါ်နီလာကျော် က ပြန်လည်ဖြေကြားခဲ့သည်။
ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင်
လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဦးဝင်းမောင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စက်မှုဇုန် တစ်ခုဖြစ်သည့် လှိုင်သာယာစက်မှုဇုန်က ထုတ်လုပ်သည့်
ကုန်ပစ္စည်းများကို ပြည်တွင်း ပြည်ပဈေးကွက်သို့ အရောက် သယ် ယူပို့ဆောင်မည်ဆိုပါက
ဘုရင့်နောင်၊ အောင်ဇေယျနှင့် ရွှေပြည်သာ တံတား သုံးစင်းတို့မှတစ်ဆင့် ဖြတ်သန်း
သယ်ဆောင်ရမည်ဖြစ်သည်။
ပေ ၂၀ အရှည်ရှိ ကုန်သေတ္တာတင် ယာဉ် များ ဖြတ်သန်းမည်ဆိုပါက တံတားဖြတ်သန်းခ
ကျပ် ၅၀,၀၀၀ နှင့် ပေ ၄၀ အရှည် ကုန်သေတ္တာတင်ယာဉ်များ ဖြတ်သန်းမည်ဆိုပါက
တံတားဖြတ်သန်းခ ကျပ် ရ၀,၀၀၀ ကျော် ကျသင့်နေသည့်အတွက် ယင်းတံတား
သုံးစင်းဖြတ်သန်းခနှင့်ပတ်သက်ပြီး စက်မှု ဇုန်လုပ်ငန်းရှင်များကလည်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့သို့ ဧပြီ ၂၅ ရက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ တံတားဖြတ်သန်းခနှုန်းထားများ
မြင့်မား နေသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင် ရေးတွင် ကုန်ကျစရိတ် များပြားလျက်ရှိ သည့်
အခြေအနေမှ နိုင်ငံတော်က ယခု ကဲ့သို့ တံတားဖြတ်သန်းခ ကောက်ခံခြင်း ကို ရပ်ဆိုင်းလိုက်မည်
ဆိုလျှင် သယ်ယူပို့ ဆောင်ရေးစရိတ်များ သိသိသာသာ ကျဆင်း သွားနိုင်ပြီး လုပ်ငန်းရှင်များအတွက်
ပိုမို အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း လှိုင်သာ ယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
ဦးမြတ်သင်းအောင်က ဒီဇင်ဘာ ၂ ရက် တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"လှိုင်သာယာစက်မှုဇုန်က ကွန်တိန်နာ တစ်လုံးကို သီလဝါအထိ သယ်မယ်ဆိုရင် ကားခက
နှစ်သိန်းနဲ့ သုံးသိန်းကြား ကုန်ကျစရိတ်ရှိတယ်။ ကားသမားတွေကလည်း တံတားဖြတ်သန်း
ခတွေ၊ ကားပိတ်လို့ အချိန်ကုန်တာတွေအတွက်ပါ တောင်းကြ တယ်။ သီလဝါကနေ စင်ကာပူကို
ကွန်တိန် နာတစ်လုံးပို့မှ ပို့ခ ဒေါ်လာ ၁၀၀ ကျော်ကျော် လေးပဲ ကုန်တယ်။ ပြောချင်တာကတော့
လှိုင်သာယာကနေ သီလဝါကို ပို့တဲ့ကားခက သီလဝါကနေ စင်ကာပူကိုပို့တဲ့ သင်္ဘောခ ထက်
ပိုများနေတယ်။ အခုလိုမျိုး တံတား ဖြတ်သန်းခ မကောက်တော့ဘူးဆိုတော့ အရင်ကထက်
ကုန်ကျစရိတ် သက်သာသွား မှာဖြစ်တယ်။ ၀န်ကြီးချုပ်ကလည်း မကောက်တော့ဘူးလို့တော့
ပြောထားတာတော့ ရှိတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တစ်ဖက်ကမ်း လှိုင်သာယာ မြို့နယ်အတွင်း၌ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ရ နှင့် ရွှေသံလွင်၊ ရွှေလင်ပန်း၊ ငွေပင်လယ်၊ မြစိမ်းရောင်စက်မှုဇုန်များက ထုတ်ကုန်များကို
ရန်ကုန်မြို့နှင့် ကုန်သေတ္တာတင်ဆိပ် ကမ်းများသို့ သယ်ဆောင်ရာတွင် ယင်း တံတားများကို
မဖြစ်မနေ ဖြတ်သန်းသယ် ဆောင်ရန် လိုအပ်သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများ၏ ရ၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေသည့်
စက်မှု ဇုန်များဖြစ်သည့်အတွက် တံတားဖြတ်သန်း ခ ကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်မည်ဆို
ပါက ကုန်ကျစရိတ်များ သိသိသာသာ လျော့နည်းသွားနိုင်မည်ဖြစ်သည်။
လှိုင်သာယာစက်မှုဇုန် အမှတ် (၁) မှ အမှတ် (၇) အတွင်း၌ ပဲလုပ်ငန်းလုပ်ကိုင်သည့်
စက်ရုံအလုပ်ရုံ ၂၅၀၊ အထည်ချုပ် စက်ရုံ ရ၄ ရုံ၊ ရေထွက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သည့်
လုပ်ငန်းပေါင်း ၁၈ ခုနှင့် သစ်အခြေခံလုပ်ငန်းလုပ်ကိုင်သည့် အလုပ် ရုံ ၁၄ ရုံရှိပြီး
လုပ်သားအင်အား နှစ်သိန်း ကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးထားသည့်
မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး စက်မှုဇုန်များဖြစ်သည်။
















