Myanmar Property Award 2017 အခမ်းအနားကို လာမည့်နှစ် ဇွန်လတွင် ကျင်းပမည်

Myanmar Property Award 2017 အခမ်းအနားကို လာမည့်နှစ် ဇွန်လတွင် ကျင်းပမည်

မြန်မာ့အိမ်ခြံမြေကဏ္ဍ ပိုမိုတိုးတက်စေရန် Myanmar Property Award 2017 အခမ်း
အနားကို လာမည့်နှစ် ဇွန်လတွင် ရန်ကုန် မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း
ထိုဆုပေးပွဲကို ဦးစီး ကျင်းပသော Asia Property Award အုပ်ချုပ်မှုဒါရိုက်တာ
Mr. Terry Blackburn က ပြောသည်။

ရန်ကုန်မြို့တွင် သုံးနှစ်မြောက်ကျင်းပ ခြင်းဖြစ်သည့် ထိုဆုပေးပွဲတွင် အိမ်ရာသစ်များ၊
ဟိုတယ်နှင့် ရုံးခန်း စသောဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်းဆုံး အကောင်အထည်ဖော်သူဆု၊
အကောင်းဆုံး အတွင်းနှင့် အပြင် ဒီဇိုင်းဆု၊ အဆောက်အအုံဟောင်း များကို အကောင်းဆုံး
ပြန်လည်ထိန်းသိမ်း သုံးစွဲနိုင်သူဆု စသည့် ဆုများအပါအဝင် ဆုအမျိုးအစား ၂၀ ကျော်
ချီးမြှင့်မည်ဖြစ်ပြီး အထူးဆုအဖြစ် Best Green Development ဆုနှင့် အိမ်ခြံမြေလောက၏
အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးရှိသူ အဖြစ် ချီးမွမ်းဂုဏ်ပြုဆု (Real Estate Personality
of the Year) များကိုပါ ချီးမြှင့် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဈေးကွက်က အာရှမှာ စိတ်ဝင်စားစရာကောင်းတဲ့
ဈေးကွက်တစ်ခု ဖြစ်နေဆဲပါပဲ။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ် မြန်မာစီးပွားရေး ခန့်မှန်းချက်တွေထက်
လျင်လျင်မြန်မြန် စီးပွားရေးတိုးတက်လာတဲ့ မြန်မာနိုင်ငံက အရင်အတိုင်း အာရှအိမ်ခြံမြေဈေးကွက်မှာ
ရှေ့ပြေးအဖြစ် ဆက်လက်တည်ရှိမှာဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။

မြန်မာ့အိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲများကို ပြည်တွင်းတွင် နှစ်နှစ်ဆက်တိုက် အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် အာရှ အိမ် ခြံမြေ ဆုပေးပွဲတွင်လည်း မြန်မာနိုင်ငံရှိ ဆီဒိုးနား
ဟိုတယ်က အာရှအကောင်းဆုံး အတွင်းဒီဇိုင်း ပြင်ဆင်ခြင်းဆုကို ရရှိခဲ့ကြောင်း ၎င်းက
ပြောသည်။

၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပသော မြန်မာ အိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲတွင် အကဲဖြတ်
အဖွဲ့ဥက္ကဋ္ဌအဖြစ် ပါ၀င်ခဲ့သော Mr.Richard Emerson က "ဒီနှစ်ထဲမှာ အိမ် ခြံမြေဈေးကွက်
အနည်းငယ် အေးစက်ပေမဲ့ မြန်မာနိုင်ငံတွင်းကို များပြားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ
၀င်ရောက်လာနေပြီး ဈေးကွက်အတွင်းမှာလည်း ၀ယ်လိုအားတွေ ရှိနေတာကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ဒီအခြေအနေကို ကြာရှည်တည်တံ့စေဖို့ အပေါင်ဈေးကွက် လိုအပ်ပါတယ်။ မြန်မာနိုင်ငံနဲ့
ပြည်သူတွေအတွက် ရေရှည်အကျိုး ဖြစ်စေနိုင်မယ့် ခိုင်မာတိုးတက်တဲ့ အိမ်ခြံမြေ ဈေးကွက်ကို
ဖော်ဆောင်ဖို့ ကြံုတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျွန်တော်တို့အနေနဲ့ အစိုးရသစ်နဲ့အတူ လက်တွဲလုပ်ကိုင်ခြင်းနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

ယခုနှစ်ဆုပေးပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသူ များသည် ယခုအချိန်မှစ၍ ပဏာမအမည်
စာရင်း တင်သွင်းကာ လျှောက်လွှာများ ပေးပို့၍ အခမဲ့ယှဉ်ပြိုင်နိုင်ပြီး ဧပြီ ၂၁ ရက်
နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

ဆုရရှိသူတစ်ဦးနှင့် အမျိုးအစားအလိုက် အကောင်းဆုံးကုမ္ပဏီများအတွက် ဆုလေးခု
ပါ၀င်သော တရားဝင် ဆန်ခါတင်စာရင်းကို မေလနောက်ဆုံးအပတ်တွင် ကြေညာပေး
သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများသည် အာရှအိမ်ခြံမြေဆုပေးပွဲ အင်တာနက် စာမျက်နှာသို့
၀င်ရောက်ကာ ဆုများကို လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်ကြောင်း Mr. Terry Blackburn က
ပြောသည်။

"ပြည်သူတွေပါ ကိုယ်တိုင်ပါ၀င်မဲပေး ရွေးချယ်နိုင်စေဖို့ အင်တာနက်ကနေ မဲပေး နိုင်တဲ့စနစ်ကို
ဒီနှစ်ကစတင်ပြီး ထည့်သွင်း လိုက်ပါတယ်။ နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင်ထိ ၀င်ရောက်
ယှဉ်ပြိုင်ထားတဲ့ စီမံကိန်းတွေ၊ ကုမ္ပဏီတွေက ကြိုက်နှစ်သက် ရာ စီမံကိန်းတွေကို လူထုက
မဲပေးရွေးချယ်နိုင် ပါတယ်"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော မြန်မာအိမ်ခြံမြေဆိုင်ရာ ဆုပေး ပွဲ ၂၀၁၆ တွင် ၀င်ရောက်ယှဉ်ပြိုင်သူဦးရေ ရ၆ ဦးရှိခဲ့ပြီး
ယခုနှစ်တွင် ၁၂၀ ကျော် ခန့်မှန်းထားသည်။ မြန်မာအိမ်ခြံမြေဆိုင်ရာဆုပေးပွဲ ၂၀၁၆ တွင်
အိမ်ခြံမြေလောက၏ နှစ်လိုဖွယ်အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးရှိသူ အဖြစ် ဂုဏ်ပြုဆုကို
SPA ကုမ္ပဏီလုပ်ငန်းစုမှ ဥက္ကဋ္ဌ Mr. Serge Pun က ရရှိခဲ့ပြီး အကောင်း ဆုံးအိမ်ရာ
ဖော်ဆောင်နိုင်သူဆု (Best Deve- loper award) ကို ရွှေတောင် ဆောက်လုပ်ရေး
ကုမ္ပဏီက ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်