ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်း ဆောက်လုပ်ပြီးစီးသွားသည့်
ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း တိုက်ခန်းများကို ဇန်နဝါရီလ
အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာ ဖွံ့ဖြိုးရေး
ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ဒီဇင်ဘာ ၂၀ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"အခုလောလောဆယ်အထိ လျှောက်လွှာ တင်တာတွေ ရှိနေပါတယ်။ လကုန်လောက် အထိ
စိစစ်ရမှာဖြစ်လို့ ဇန်နဝါရီလလယ်လောက်ဆိုရင် စရောင်းလို့ရပါပြီ။ လျှောက်လွှာဘယ်လောက်
လာတင်သလဲဆိုတာကတော့ စာရင်းမပိတ်ရသေးလို့ အတိအကျ ပြောဖို့ ခက်ပါတယ်"ဟု
၎င်းက ပြောသည်။
တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံ ကိန်းများက တိုက်ခန်းများကို ၀ယ်ယူလိုသူများသည်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင် နှုန်းကို
အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ် ထားရန်လိုအပ်ပြီး နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချ
သွားမည်ဖြစ်သည်။
နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
တန်ဖိုး နည်းအိမ်ရာ ၀ယ်ယူခွင့် လျှောက်ထားရမည့် လျှောက်လွှာပုံစံများနှင့် ၀ယ်ယူနိုင်မည့်
နေရာ များကို အသေးစိတ် ထည့်သွင်းကြေညာ ထားပြီးဖြစ်သည်။
၀ယ်ယူလိုသူများသည် ညွှန်ကြားရေးမှူးချုပ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)
နေပြည်တော်သို့ လိပ်မူပြီး တိုက်ခန်းဝယ်ယူလိုသည့် လျှောက်ထားလွှာ များကို ပေးပို့ရမည်ဖြစ်ပြီး
လျှောက်လွှာများ ကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
(အိမ်ရာ ဌာနခွဲ)နှင့် နေပြည်တော် ရုံးအမှတ် (၄၀) တွင် လျှောက်လွှာများကို ၀ယ်ယူလျှောက်ထား
ရမည်ဖြစ်သည်။
တန်ဖိုးနည်းတိုက်ခန်း ၀ယ်ယူ ခွင့် လျှောက်လွှာများကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ
၀ယ်ယူနိုင်ပြီး လျှောက်လွှာတင်သွင်းမည့်ရက်ကို ဒီဇင်ဘာ ၃၀ ရက်အထိ နောက်ဆုံးထား လက်ခံသွား မည်ဖြစ်သည်။ ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံ များနှင့် ရှစ်ခန်းတွဲ လေးထပ်အဆောက်
အအုံ များဖြစ်ကြပြီး မြေညီထပ်အခန်းများကို ကျပ် ၁၃၄ သိန်းနှင့် ကျပ်သိန်း ၁၂၀ နှုန်းထားဖြင့်
ရောင်ချပေးသွားမည်ဖြစ်သည်။
အပေါ်ဆုံးထပ် လေးလွှာအခန်းများကို အခန်းအကျယ်အဝန်းပေါ် မူတည်ပြီး ကျပ် ၉၈ သိန်းနှင့်
ကျပ် ၁၀၇ သိန်းနှုန်းဖြင့် ရောင်း ချပေးသွားမည်ဖြစ်သည်။
အမှန်တကယ် ၀ယ်ယူလိုသူများကိုသာ ရောင်းချသွားမည် ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်း
များကို စစ်ဆေးတွေ့ရှိပါက တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်မှ
ရောင်းချမည့် တိုက်ခန်းများ ၀ယ်ယူခွင့်ကို လည်း ပိတ်ပင်တားဆီးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စည်း မျဉ်း စည်းကမ်းများတွင် ကြေညာထားသည်။
"အခုစီမံကိန်းအပြင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအခန်းပေါင်း ၈,၀၀၀ ကို ဆောက်ဖို့
ကြေညာထားပြီးပါပြီ။ တင်ဒါခေါ်ဖို့ မြေနေရာကိစ္စတွေ စီစဉ်နေပါတယ်။ ဘဏ္ဍာ နှစ်ထဲမှာပဲ
တန်ဖိုးနည်း၊ တန်ဖိုးမျှတ တိုက်ခန်း ပေါင်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ လောက် အထိဆောက်ဖို့
အစီအစဉ်ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း သုံးခုမှ
အခန်းပေါင်း ၂,၂၀၈ ခန်းအနက် ရ၀ ရာခိုင် နှုန်းဖြစ်သည့် အခန်းပေါင်း ၁,၅၄၅ ခန်းကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံ ခန့်ခွဲရောင်းချသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းမှ
အခန်းပေါင်း ၆၆၂ ခန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တိုက်ရိုက်ရောင်းချသွားမည်ဖြစ်သည်။
ယခုရောင်းချမည့်အခန်းများသည် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချခွင့် ရှိသည့်
အခန်းများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် ပြည်သူဟူ၍ လျှောက်လွှာ
များကို လေးမျိုး ခွဲခြားကာ ရောင်းချ နေရာချထားပေးမည့် အစီအစဉ်လည်းဖြစ်သည်။
တန်ဖိုးနည်း တိုက်ခန်းများကို အမှန် တကယ် အိမ်ရာလိုအပ်သူများ လက်ဝယ်သို့ ရောက်ရှိစေရန်
ရည်ရွယ်ချက်ဖြင့် ဆောက် လုပ်ရောင်းချနေခြင်းဖြစ်သည့်အတွက် အိမ် ရာဝယ်ယူသူများ ၀န်ထုပ်
၀န်ပိုး မဖြစ်ပေါ် စေရန် နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချ သည့်ပုံစံများ ပြောင်းလဲကျင့်သုံးနေသည်။

နိုင်ငံတော်ထံမှ အိမ်ရာများကို ၀ယ်ယူပြီး အမြတ်တင် ပြန်လည်ရောင်းချမှုများ မဖြစ် ပေါ်စေရေး
အတွက်လည်း အိမ်ရာဝယ်ယူ နေထိုင်ခွင့် ချထားပြီးပါက မြေပြင်ကွင်းဆင်း မှုများကို မကြာခဏ
ပြုလုပ်သွားမည်ဖြစ်သည်။ "အမှန်တကယ် နေမယ့်သူတွေပဲ ရစေချင် တာပါ။ ကျွန်တော်တို့က
CHDB Bankမှာ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း သွင်းထားပြီး ဖြစ်ပါတယ်။ အမြန်ဆုံးရောင်းစေချင်ပါ
တယ်"ဟု တိုက်ခန်းဝယ်ယူခွင့် လျှောက်ထား သူ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ ဒေါ်ဝင်းနန္ဒာမြင့်က
ပြောသည်။
















