ဆူးလေစကွဲ ရှော့ပင်းမောနှင့် ရုံးခန်းများ စတင်ဖွင့်လှစ်

ဆူးလေစကွဲ ရှော့ပင်းမောနှင့် ရုံးခန်းများ စတင်ဖွင့်လှစ်

ရှန်ဂရီလာလုပ်ငန်းစုက တည်ဆောက်ပြီးစီး ခဲ့သည့် ရန်ကုန်မြို့လယ်ရှိ ဆူးလေစကွဲ
အဆောက်အအုံတွင် ရှော့ပင်းမောနှင့် ရုံးခန်းများကို ယခု ဒီဇင်ဘာ ၂၀ ရက်တွင်
စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

ဆူးလေစကွဲ ရုံးခန်းအဆောက်အအုံ သည် အထပ် ၂၃ ထပ်ရှိပြီး မြေအောက်ထပ်
အပါအဝင် အလွှာသုံးလွှာ၌ စူးပါမားကက် နှင့် အခြားဈေးဆိုင်ခန်းများအပြင် စားသောက်ဆိုင်
ခန်းများလည်း ပါ၀င်ပြီး ကား ရပ်နားနိုင်ရန် အထပ်ခြောက်ထပ်ပါ၀င် ကြောင်း သိရသည်။

ရှောပင်းမောဧရိယာမှာ မီတာ ၆,၀၀၀ ရှိပြီး ဆိုင်ခန်းပေါင်း ၃၆ ဆိုင်ရှိကာ ရုံးခန်းဧရိယာ
စုစုပေါင်းမှာ မီတာ ၃၀,၀၀၀ ရှိကာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ငှားရမ်းပြီးစီးပြီဖြစ်ကြောင်း
ဆူးလေစကွဲ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ ဒေါ်ယင်းမာညိုက ပြောသည်။

"ဖွင့်တာတော့ နိုဝင်ဘာလောက် ကတည်းက တချို့ရုံးခန်းတွေက ပြောင်းလာ ပြီး စဖွင့်နေပါပြီ။
ဆိုင်ခန်းတွေလည်း အခု တော်တော်စုံစုံလင်လင် ဖွင့်နေကြပါပြီ။ အထပ် ၂၃ ထပ်မှာ ၁၅ ထပ်က
ရုံးခန်းတွေ ပါ၀င်မှာပါ။ လောလောဆယ်တော့ ရုံးခန်း ရှစ်ခုလောက် ဖွင့်နေပါပြီ"ဟု ၎င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရှော့ပင်းမောအတွက် ဈေးဆိုင်အမျိုးအစားများကို ဆူးလေစကွဲက ရွေး ချယ်ဖွင့်လှစ်စေခဲ့ပြီး
ရုံးခန်းများအတွက် လိုအပ်ပြီး သင့်တင့်ကာ ၀န်ဆောင်မှုရရှိ နိုင်သည့် အမျိုးအစားများကိုသာ
အဓိက ရွေးချယ် ဖွင့်လှစ်စေခဲ့ကြောင်း ၎င်းက ပြောသည်။

ရှော့ပင်းမောအတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများမှာ အဝတ်အထည်ဆိုင်များ၊ အလှအပနှင့်
ပတ်သက်သော ဆိုင်များ၊ လူသုံးကုန်မျိုးစုံဆိုင်များနှင့် ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းများကို
ဖွင့်လှစ်ထားပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် မြန်မာအစား အသောက်ဆိုင်နှင့် မြေအောက်ထပ်တွင်
ကော်ဖီဆိုင် နိုင်ငံတကာတံဆိပ် စားသောက် ဆိုင်များ ဖွင့်လှစ်ထားသည်။

ဆူးလေစကွဲအဆောက်အအုံကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်
အစောပိုင်းတွင် ပြီးစီးခဲ့သော်လည်း အထပ်ကျော်လွန် တည်ဆောက်မှုဖြင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော် မတီ၏ ဒဏ်ငွေပေးဆောင်ရန် ထုတ်ပြန်မှု ကြောင့် ယခုနှစ်
နှစ်ကုန်ခန့်မှသာ ဖွင့်လှစ် နိုင်ခဲ့သည်။ ဆူးလေစကွဲ အဆောက်အအုံသည် ယခင်မူလ
ဆောက်လုပ်ခွင့်တင်ပြမှုတွင် အထပ် ၂၂ ထပ်သာ တင်ပြခဲ့သော်လည်း ဆောက်လုပ်ပြီးစီး
သည့်အချိန်တွင် ၂၃ ထပ် တည်ဆောက်ထားသည့်အတွက် အထပ် ကျော်လွန်တည်ဆောက်မှုဖြင့်
ဒဏ်ငွေ ကျပ်သိန်း ၂၀,၀၀၀ ကို ယခုနှစ် စက်တင်ဘာလတွင် ချမှတ်ခံခဲ့ရသည်။

ဖွင့်လှစ်လိုက်သော ဆူးလေစကွဲအဆောက်အအုံအတွင်း အခင်းအကျင်းတစ်နေရာကို ယခုလ ၂၀ ရက်က တွေ့ရစဉ်။အောင်ဌေးလှိုင် / မြန်မာတိုင်း(မ်)

အဆောက်အအုံမှာ ယခုနှစ်စပိုင်း ကတည်းကပင် ပြီးစီးနေပြီဖြစ်သော်လည်း ယင်းကဲ့သို့
အထပ်ကျော်လွန် တည်ဆောက် မှုကြောင့် ဆောက်လုပ်ခွင့်ပြုမိန့် မပေးသည့် အပြင်
အဆောက်အအုံ ဆောက်လုပ်ပြီးစီး ကြောင်း ထောက်ခံစာ (BCC) မရရှိသည့်အတွက်
မဖွင့်လှစ်နိုင်ခဲ့ပေ။ ပြီးခဲ့သည့် နို၀င်ဘာလ၌ ဆူးလေးစကွဲ အဆောက်အအုံတည်ဆောက်သည့်
ရှန်ဂရီ လာအုပ်စုက စည်ပင်သာယာရေးကော်မတီ ၏ ဒဏ်ငွေ ကျပ်သိန်း ၂၀,၀၀၀ ကို ပေးဆောင်ခဲ့ပြီးနောက်
ကော်မတီက ဆောက် လုပ်ခွင့်ပါမစ် ပေးခဲ့ပြီး BCC လက်ခံရရှိ ပြီးနောက် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်