ကွန်ဒို နည်းဥပဒေထွက်လျှင် အခွန် ၁၀ ရာခိုင်နှုန်းထက် မကျော်လွန်ရန် လုပ်ငန်းရှင်များ တင်ပြ

ကွန်ဒို နည်းဥပဒေထွက်လျှင် အခွန် ၁၀ ရာခိုင်နှုန်းထက် မကျော်လွန်ရန် လုပ်ငန်းရှင်များ တင်ပြ

ကွန်ဒိုမီနီယမ်နည်းဥပဒေ ထွက်ရှိလာပါက ကွန်ဒိုမီနီယမ်များအပေါ် အခွန်ကောက်ခံရာတွင်
၁၀ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံ ခြင်းမပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြတောင်းဆို
ထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ
ဦးရှိန်ဝင်းက ပြောသည်။

" နည်းဥပဒေ ထွက်လာရင် အမှန်တကယ် အလုပ်ဖြစ်အောင်လို့ ၁၀ ရာခိုင်နှုန်းပဲ အခွန်ကောက်ဖို့ တင်ပြထားပါတယ်။ နိုင်ငံ ခြားသားကော၊ နိုင်ငံသားပါ တန်းတူညီမျှ ဖြစ်စေဖို့အတွက်
တံဆိပ်ခေါင်းနှုန်းနဲ့ အခွန်ဆောင်တဲ့နှုန်းတွေ အားလုံးကို ၁၀ ရာခိုင်နှုန်း မကျော်ဘဲ
သတ်မှတ်ပေးဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကို အကြံပြုတင်ပြထားတယ်။ ဒါမှလည်း ကျဆင်းနေတဲ့ ဆောက်လုပ် ရေးလောကကို ပြန်လည်မြှင့်တင်နိုင်ဖို့ တင်ပြတာဖြစ်ပါတယ်။
ရလမ်း မဖော်ပြနိုင်တဲ့ ငွေတွေကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်တာ ကလည်း ဒီဘက်ခေတ်မှာ
မရှိသင့်တော့ ပါဘူး။ နိုင်ငံခြားသားတွေကို ၃၀ ရာခိုင်နှုန်း သွားကောက်နေရင်လည်း အလုပ်က
ဖြစ်မှာ မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။

လက်ရှိ ကျင့်သုံးကောက်ခံနေသည့် အခွန်အကောက်ဥပဒေအရ ၀င်ငွေ ရပေါက်ရလမ်း
ဖော်ပြနိုင်ခြင်း မရှိလျှင် ကျပ်သိန်း ၃၀၀ အထိကို ၀င်ငွေခွန်အဖြစ် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း
၃၀၀ မှ ကျပ်သိန်း ၁,၀၀၀ အထိကို ၀င်ငွေခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ အထက်ကို
အရောင်းအဝယ်ပြုလုပ်လျှင် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ်ထားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးသုံးမြို့တွင် အရောင်း အဝယ်
ပြုလုပ်မည်ဆိုပါက တံဆိပ်ခေါင်းခွန် အဖြစ် ခုနစ် ရာခိုင်နှုန်း ထပ်မံပေးဆောင်ရန် လိုအပ်သည်။

အခြားမြို့များတွင်မူ တံဆိပ် ခေါင်းခွန်အဖြစ် ငါး ရာခိုင်နှုန်းသာ ပေးဆောင် ရမည်ဖြစ်သည်။

ပြည်တွင်းဈေးကွက်အနေအထားအရ ကွန်ဒိုအဖြစ် ရောင်းဝယ်နေသည့် အဆောက်
အအုံအများစုတွင် ကျပ်သိန်း ၁,၀၀၀ အောက် ကွန်ဒိုများမှာ အနည်းငယ်သာရှိပြီး လက်ရှိ
အခွန်အကောက်ဥပဒေအရ ကောက်ခံလျက် ရှိသည့် အခွန်နှုန်းထားများမှာ အရောင်းအဝယ်
အေးစက်နေသည့် ကွန်ဒိုမီနီယမ် ဈေးကွက်အပေါ်တွင် ကြီးမားသည့် ရိုက်ခတ် မှုများ ရှိနေသည်။

"အခွန်လျှော့လိုက်ရင်တော့ ၀ယ်တဲ့လူများလာမှာဖြစ်သလို အစိုးရဆီကို အခွန်ငွေတွေ
အများကြီး ရောက်သွားမှာဖြစ်တယ်။ သိန်း ၁,၀၀၀ တန် အခန်းဝယ်ရင် အခွန်က ၃၇ ရာခိုင်နှုန်း
ဆိုတော့ သိန်း ၁,၃၇၀ လောက် ကျတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် ၀ယ်လက်တွေက
မဝယ်ရဲတော့ဘူး" ဟု ံHigh  Way  Star  Construction အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်အောင်က
ပြောသည်။

ယခုကောက်ခံလျက်ရှိသည့် ပြည်ထောင် စု အခွန်အကောက်ဥပဒေကို ပထမအကြိမ်
လွှတ်တော်သက်တမ်း မကုန်ဆုံးမီကာလ အတွင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်းရှိ ကွန်ဒိုအထပ်မြင့်အဆောက်အအုံများ။အောင်ခန့် / မြန်မာတိုင်း(မ်)

အခွန် အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက အနည်းဆုံး အချိန်တစ်နှစ် ခန့်
ရယူရမည်ဖြစ်သည့်အပြင် ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က
ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာ တိုင်း(မ်)ကို ပြောသည်။

"သူတို့က စာတင်ထားတာတော့ရှိတယ်။ အခွန်နှုန်းထားတွေ တိုးတာ လျှော့တာ လုပ်မယ်ဆိုရင်
ကျွန်တော်တို့က လွှတ်တော်ကို တစ်နှစ် ကြိုတင်ထားရတယ်။ လွှတ်တော်ကိုယ်စားလှယ်တင်
မကဘူး၊ လိုအပ်ရင် Stakeholder (ဆက်စပ်ပါ၀င် ပတ်သက်နေ သူတွေ)ပါ ခေါ်ရတယ်။
သင့်တော်တဲ့ အကြံ ပြုချက်တွေယူပြီးမှ ဆုံးဖြတ်ရတာ ဖြစ်ပါ တယ်။ လက်ရှိလုပ်နေတဲ့
နှုန်းထားတွေက တော့ တစ်နှစ်ကို တစ်ကြိမ်ပြန်ပြီး လေ့လာ သုံးသပ်တာတော့ ရှိပါတယ်"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်