ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်အတွင်း အိမ်ခြံမြေအရောင်းပြပွဲများက ကွန်ဒို၊ တိုက်ခန်းများနှင့် မြေကွက်များ
အပါအဝင် အိမ်ခြံမြေဆိုင်ရာ အဆောက်အအုံများ ကျပ်ငွေ ရ၅ ဒသမ ၆ ဘီလျံကျော်
ရောင်းချပေးနိုင်ခဲ့ကြောင်း iMyanmarHouse.com က ထုတ်ပြန်ထားသည်။
''ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်တော်တို့ iMyanmarHouse က ကြီးမှူးပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်
အများစု ပါဝင်တဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကို ရန်ကုန်မြို့မှာ နှစ်ကြိမ်၊ မန္တလေးမြို့မှာ တစ်ကြိမ်နဲ့
ကန်သာယာ၊ iGreen၊ Golden City စတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး
အရောင်းပြပွဲလေးတွေ ၁ဝ ကြိမ်ကျော် ကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့ပြုလုပ်ထားတဲ့ စာရင်းတွေအရ
အဲဒီ အရောင်းပြပွဲတွေကနေ ပြီးခဲ့တဲ့နှစ်အတွင်း ကျပ်ငွေ ရ၅ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ
၅၆ သန်းကျော်)ရောင်းချနိုင်ခဲ့ပါတယ်''ဟု ဦးနေမင်းသူက ပြောသည်။
၂ဝ၁၆ နှစ်လယ်ပိုင်းအထိ အိမ်ခြံမြေစျေးကွက်အေးစက်ခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် စျေးကွက်
အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
တိုးတက်လာမှုနှင့်အတူ အိမ်ခြံမြေအရောင်းစျေးကွက် ကောင်းမွန်မည်ဟု ခန့်မှန်းထားကြောင်း
၄င်းက ပြောသည်။















