လာမည့် ဘဏ္ဍာနှစ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအသုံးစရိတ် ကျပ် ဘီလျံ ၅ဝဝ ကျော် လျာထား

လာမည့် ဘဏ္ဍာနှစ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအသုံးစရိတ် ကျပ် ဘီလျံ ၅ဝဝ ကျော် လျာထား

လာမည့် ၂ဝ၁၇၁၈ ဘဏ္ဍာနှစ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အသုံးစရိတ်ကို ၅ဝ၃ ဒသမ ဝ၆၈
ဘီလီလျံ လျာထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ငွေစာရင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၁၇၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမူကြမ်းအရ
ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် လျာထားသည့် သုံးငွေပမာဏမှာ ၅ဝ၃ ဒသမ ဝ၆၈ ဘီလျံဖြစ်ပြီး
ရငွေမှာ ၂၇၄ ဒသမ ၂၁၄ ဘီလျံဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ငွေစာရင်းဌာနထံမှ သိရသည်။

ထိုငွေပမာဏမှာ ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ရရှိသော ငွေကြေးပမာဏထက်
သုံးငွေ ၆၃ ဘီလျံနှင့် ရငွေ ၅၈ ဒသမ ၈၁၉ ဘီလျံ ပိုမိုများပြားလာခဲ့ကြောင်း တွေ့ရသည်။

ဥပဒေမူကြမ်းအရ ၂ဝ၁၇၁၈ ဘဏ္ဍာနှစ်အတွက် ရငွေစုစုပေါင်းမှာ ၁၆,၇၆၈ ဘီလျံဖြစ်ပြီး အသုံးငွေမှာ
၂ဝ,၈၉၆ ဘီလျံဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြီးခဲ့သည့်
ဇန်နဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပခဲ့သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံအဆောက်အအုံများ၊ လမ်းတံတားစီမံကိန်းများနှင့် အိမ်ရာစီမံကိန်းများ
အကောင်အထည်ဖော်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရရှိသော အရအသုံးငွေ အနည်းငယ်
ကိုသာ ခွဲဝေအသုံးပြုပြီး ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် လှည့်ပတ်
ရန်ပုံငွေကိုသာ အဓိကအသုံးပြုကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က
ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်းများနှင့် မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန်
လှည့်ပတ်ရန်ပုံငွေအဖြစ် မတည်ငွေ ၁ဝဝ ဘီလျံကျပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရရှိထားပြီး
စီမံကိန်းများကို အဆိုပါ မတည်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၄င်းက ပြောသည်။

''အဓိက အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ဖို့ ၂ဝ၁၄ ခုနှစ်က လှည့်ပတ်ရန်ပုံငွေ ဘီလျံ ၁ဝဝ ကို
အစိုးရက မတည်ပေးခဲ့ပါတယ်။ ရန်ကုန်က အိမ်ရာစီမံကိန်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာဥပဒေမူကြမ်းက
ရသုံးငွေတွေကို အခြေခံအဆောက်အအုံအတွက် သုံးတယ်ဆိုရုံပဲ အသုံးပြုပြီး ဌာနတွင်းက
လှည့်ပတ်ရန်ပုံငွေကိုပဲ အဓိက အသုံးပြုနေပါတယ်''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်