ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

 

ဒီတစ်ပတ် စိတ်ကြိုက်အိမ်ကဏ္ဍအတွက်ကိုတော့ မရမ်းကုန်းမြို့နယ်၊ ကုန်းမြင့်ရိပ်သာ
လမ်းပေါ်မှာရှိတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ စိမ်းလန်းစိုပြည်တဲ့ ရှုခင်းတွေရှိတဲ့ တစ်ထပ်ခွဲ
အိမ်လေးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ ရှုခင်းတွေကို ကြည့်ရှုခံစားပြီး သဘာဝ
ဆန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ချင််သူတွေအတွက် အထူးသင့်တော်တဲ့ အိမ်ကလေးပါ။

ဒီအိမ်လေးက စတုရန်းပေ ၈,ဝဝဝ ရှိတဲ့ ခြံဝင်းအကျယ်ထဲမှာ စတုရန်းပေ ၄,ဝဝဝ အကျယ်
ရှိတဲ့ တစ်ထပ်ခွဲတိုက်အိမ်လေး တည်ဆောက်ထားတာဖြစ်လို့ တိတ်ဆိတ်တဲ့ ခြံဝင်းကျယ်
ထဲမှာ နေထိုင်ချင်သူတွေအတွက် အဆင်ပြေစေမယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

ဒီအဖြူရောင် တစ်ထပ်ခွဲတိုက်အိမ်လေးက မိသားစုများပြားသူတွေအတွက် သင့်တော်တဲ့
အိမ်လေးဖြစ်ပြီး မြက်ခင်းစိမ်းနဲ့ သစ်ပင်တွေကို နှစ်သက်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့
အိမ်လေးပဲဖြစ်ပါတယ်။ အိမ်အပြင်ဘက်မှာ ဥယျာဉ်ငယ်လေး တစ်ခုပါဝင်ပြီး အပင်လေးတွေ
ကိုလည်း စိုက်ပျိုးထားတာဖြစ်လို့ စိမ်းစိမ်းစိုစိုနဲ့ စိတ်ကြည်နူးဖွယ်မြင်ကွင်းကို ပေးနိုင်တဲ့
နှစ်သက်ဖွယ် အိမ်လေးတစ်ခုလည်း ဖြစ်ပါတယ်။

နှစ်ယောက်အိပ်ခန်း သုံးခန်း၊ ရေချိုးခန်း လေးခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်းကျယ်များအပြင်
မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေအတွက် သင့်တော်တဲ့
အိမ်လေးတစ်လုံး ဖြစ်ပါတယ်။

ဒီအိမ်လေးက အိမ်နဲ့ ရုံးခန်း တွဲဖက်ဖွင့်လှစ်နိုင်ဖို့ လုံလောက်တဲ့ ခြံဝင်းအကျယ်နဲ့
အိမ်အကျယ်ရှိပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တဲ့နေရာမှာ တည်ရှိတာကြောင့်
ဝန်ထမ်းငါးဦးက ၁ဝ ဦးလောက်ရှိမယ့် ရုံးခန်းမျိုး ဖွင့်လှစ်ဖို့ အဆင်ပြေမယ့် အိမ်လေး
တစ်အိမ်လည်း ဖြစ်ပါတယ်။

ကားထားဖို့အတွက် ခြံဝင်းထဲမှာ ကားပါကင်နေရာ ပါဝင်တဲ့အပြင် ခြံဝင်းအကျယ်ကလည်း
စတုရန်းပေ ၄,ဝဝဝ လောက် ကျယ်ဝန်းတာမို့ နေထိုင်သူတွေအတွက် ကားပါကင်နေရာ
စိတ်ပူစရာမလိုပါဘူး။ ကြိုက်နှစ်သက်သလောက် ကားတွေကို ခြံဝင်းထဲမှာ အဆင်ပြေ
လုံခြံုစိတ်ချစွာ ထားနိုင်ပါတယ်။

အိမ်တည်ဆောက်ပုံက မှန်များ၊ ပြတင်းပေါက်များ ထည့်သွင်း တည်ဆောက်ထားတာမို့
အိမ်တွင်းမှာ သဘာဝအလင်းရောင်ကို ကောင်းမွန်စွာ ရရှိနိုင်မှာပါ။ သဘာဝ လေပြည်
လေညင်းကို ကြည်နူးဖွယ် ခံစားနိုင်စေမယ့် ဝရန်တာအကျယ်လည်း ပါဝင်ပါတယ်။
အိမ်အတွင်းမှာ အဲကွန်း ခြောက်လုံးလည်း တပ်ဆင်ထားတဲ့အတွက် နေထိုင်သူတွေအတွက်
များစွာအဆင်ပြေစေမှာပါ။

အိမ်အတွင်းပိုင်း အပြင်အဆင်တွေကို ဂျပန်စတိုင် ပြင်ဆင်ထားပြီး လိုအပ်တဲ့ ပရိဘောဂပစ္စည်း
အများစုကိုလည်း ထည့်သွင်းထားတာမို့ နေထိုင်သူများ ပရိဘောဂပစ္စည်းအတွက် စိတ်ပူရန်
မလိုအပ်ဘဲ အဆင်သင့်နေထိုင်နိုင်မယ့် အိမ်လေးတစ်လုံးလည်း ဖြစ်ပါတယ်။

ခြံဝင်းအကျယ်နဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ တည်ရှိပြီး အချက်အချာကျတဲ့ နေရာမှာ
တည်ရှိတဲ့အတွက်သွားလာဆက်သွယ်ရေးလည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ
၅,ဝဝဝ ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက စျေးနှုန်းအသေးစိတ်ကို အိမ်ရှင်နဲ့
ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။

ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆက်သွယ်ရန်
ဖုန်းနံပါတ်ကတော့ ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်