အိမ်ခြံမြေရောင်းချခြင်းဆိုင်ရာ အဆင့်မြင့်နည်းစနစ် ဟောပြောပွဲကို လာမည့်သီတင်းပတ်တွင် ကျင်းပမည်

အိမ်ခြံမြေရောင်းချခြင်းဆိုင်ရာ အဆင့်မြင့်နည်းစနစ် ဟောပြောပွဲကို လာမည့်သီတင်းပတ်တွင် ကျင်းပမည်

အဆင့်မြင့် အိမ်ခြံမြေရောင်းဝယ်ရေး စျေးကွက်ဖော်ဆောင်နိုင်ရန်နှင့် အိမ်ခြံမြေကဏ္ဍ
ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အိမ်ခြံမြေ ရောင်းချခြင်းဆိုင်ရာ အဆင့်မြင့်နည်းစနစ်ဟောပြောပွဲကို
ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည်ဟု ထိုဟောပြောပွဲစီစဉ်သည့် shwe Property.com
ထံမှ သိရသည်။

''ဒီဟောပြောပွဲက ပြည်တွင်း အိမ်ခြံမြေလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ကျင်းပပေးတဲ့
ပွဲလေးတစ်ခုပါ။ အခု ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အိမ်ခြံမြေကဏ္ဍ ပြန်ပြီး ဦးမော့
လာပါတယ်။ ဒါကြောင့် ဒီကာလမှာ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက်
ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုတွေကို ရယူဖို့နဲ့ ရောင်းချဖို့တွေအတွက် ဘယ်လိုအရောင်း
စီမံကိန်းတွေကို ထားရှိရမလဲ၊ ဘယ်လို ပြင်ဆင်ရမလဲဆိုတာတွေကို ဟောပြောပေးမှာ
ဖြစ်ပါတယ်''ဟု Shwe Property.com ကို တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ
ကိုကောင်းသူဝင်းက ပြောသည်။

အဆိုပါဟောပြောပွဲကို ဖေဖော်ဝါရီ၂၃ ရက်တွင် ဆူလေရှန်ဂရီလာဟိုတယ်တွင်
ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာက အတွေ့အကြံုရှိသူများသာမက မြန်မာနိုင်ငံစျေးကွက်တွင်
ဦးဆောင်နေသည့် အိမ်ခြံမြေလုပ်ငန်းရှင်များပါ ဆွေးနွေး ဟောပြောမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်