ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် မရမ်းကုန်းမြို့နယ်၊ ရ မိုင်အနီးက
သီရိရိပ်သာလမ်းပေါ်မှာရှိတဲ့ နေချင်စဖွယ် အဖြူရောင် နှစ်ထပ်ခွဲတိုက်လေးကို
ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
မြေအကျယ်အဝန်း ၃,၂ဝဝ စတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ ကြမ်းခင်းဧရိယာစုစုပေါင်း
၃,၅ဝဝ စတုရန်းပေရှိတဲ့ နှစ်ထပ်ခွဲတိုက် တည်ဆောက်ထားတာဖြစ်လို့ မိသားစုများသူတွေအတွက်
အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။
အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို သစ်လွင်တောက်ပစေရန် သေချာပြင်ဆင်ထားရုံမက
အိမ်တစ်ခုလုံးကို ပါကေးခင်းထားပြီး အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်း
အပြည့်အစုံပါဝင်မယ့် ဒီအိမ်လေးက အသင့်နေထိုင်လိုသူတွေ အကြိုက်တွေ့နိုင်မယ့်
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
မရမ်းကုန်းမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဒီအိမ်လေးက အိမ်နဲ့ ရုံးခန်း တွဲဖက်
ဖွင့်လှစ်ချင်သူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်လည်း ဖြစ်ပါတယ်။ အိမ်နဲ့
ရုံးခန်းတွဲဖက်ဖွင့်လှစ်နိုင်ဖို့ လုံလောက်တဲ့ ခြံဝင်းအကျယ်နဲ့ အိမ်အကျယ်ရှိပြီး
ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တဲ့နေရာ မှာတည်ရှိတာကြောင့် အိမ်အတွင်းရုံးခန်းဖွင့်ဖို့
သင့်တော်တဲ့ အိမ်လေးတစ်အိမ်လည်း ဖြစ်ပါတယ်။
ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်းတစ်ခန်း၊ တစ်ယောက်အိပ်ခန်း လေးခန်း၊ ရေချိုးခန်သုံးခန်း၊
ထမင်းစားခန်း၊ ဧည့်ခန်းကျယ်များအပြင် မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့အတွက်
မိသားစုများသူတွေအတွက် သင့်တော်တဲ့ အိမ်လေးတစ်လုံး ဖြစ်ပါတယ်။

ဒီအိမ်လေးမှာ ကားဂိုဒေါင် ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကား ငါးစီးကျော်အထိ
ထားနိုင်ဖို့ လုံလောက်တဲ့ မြေနေရာရှိတဲ့အတွက် ကားနေရာအတွက် လုံးဝစိတ်ပူစရာ
မလိုပါဘူး။ ကိုယ်ပိုင်ခြံဝင်းနဲ့ဖြစ်တာကြောင့် ခြံနဲ့ အိမ်လုံခြံုရေးကိုလည်း စိတ်ချထားလို့ ရပါတယ်။
အိမ်လေးကို မှန်ပြတင်းပေါက်အများအပြား ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် သဘာဝ
အလင်းရောင်ကို ကောင်းမွန်စွာ ရရှိနိုင်တဲ့အပြင် သဘာဝ လေပြေလေညင်းလေးများကိုလည်း
ခံစားနိုင်မှာ ဖြစ်ပါတယ်။ မွန်းကျပ်တဲ့ အလုံပိတ် တိုက်ခန်းတွေကို မနှစ်သက်ဘဲ
သဘာဝလေပြေလေညင်းနဲ့ အလင်းရောင်ကို ရရှိနိုင်တဲ့ လုံးချင်းအိမ်များတွင် နေထိုင်လိုသူတွေ
အတွက် ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်လေးရဲ့ ပထမထပ်မှာ ဝရန်တာတစ်ခုပါဝင်မှာ ဖြစ်တဲ့အပြင် အပေါ်ဆုံး ထပ်မှာလည်း
ကျယ်ဝန်းတဲ့ ဝရန်တာပါရှိမှာဖြစ်တဲ့အတွက် သဘာဝ လေပြေလေညင်းတွေနဲ့ ရန်ကုန်မြို့တော်ရဲ့
နေဝင်၊ နေထွက်ချိန် သဘာဝရှုခင်းတွေကို နေထိုင်သူများ နေ့စဉ် ခံစားနှစ်သက်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ပြင် အိမ်အတွင်းမှာ လေအေးပေးစက် ခုနစ်လုံး တပ်ဆင်ထားပြီး ဖုန်းလိုင်းများကိုလည်း
တပ်ဆင်ပေးထားတဲ့အတွက် အဆင်ပြေစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ အိမ်အတွင်း
ရုံးခန်းဖွင့်လှစ်လိုသူများအတွက် အထူးသင့်တော်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
ခြံဝင်းအကျယ်နဲ့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ တည်ရှိပြီး အချက်အချာကျတဲ့နေရာမှာ
တည်ရှိတဲ့အတွက်ကြောင့်လည်း နေထိုင်သူတွေအတွက် သွားလာဆက်သွယ်ရေးအဆင်ပြေစေမှာ
ဖြစ်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ ၃,၅ဝဝ ခန့်
ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆက်သွယ်ရန်
ဖုန်းနံပါတ်ကတော့ ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ပဲဖြစ်ပါတယ်။
















