ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

 

ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားထဲမှာ
ရှိတဲ့ ခန့်ညားလှပတဲ့ ခေတ်မီဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ နေချင်စဖွယ် နှစ်ထပ်တိုက်
အိမ်လေးတစ်အိမ်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဒီအိမ်လေးကို မြေအကျယ်အဝန်း ၂,၅ဝဝ စတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တစ်ထပ်လျှင်
ကြမ်းခင်းဧရိယာ ၁,၆ဝဝ စတုရန်းပေနီးပါးရှိတဲ့ နှစ်ထပ်တိုက်အိမ်လေး တည်ဆောက်ထားတာ
ဖြစ်ပြီး အိပ်ခန်းလေးခန်းထည့်သွင်း တည်ဆောက်ထားတာဖြစ်လို့ မိသားစုများသူတွေအတွက်
အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။

ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်း သုံးခန်း၊ တစ်ယောက်အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း လေးခန်း၊
စာဖတ်ခန်း တစ်ခန်း၊ ဧည့်ခန်းကျယ် တစ်ခန်း၊ ထမင်းစားခန်းအပြင် မီးဖိုချောင်ဧရိယာလည်း
သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်လုံး ဖြစ်ပါတယ်။

အိမ်တစ်ခုလုံးကို ပါကေးခင်းထားပြီး အိမ်အတွင်းအပြင် ဒီဇိုင်းများကို ခေတ်မီဒီဇိုင်းများဖြင့်
အလှဆင်ထားတာဖြစ်လို့ သပ်ရပ်လှပတဲ့ အိမ်လေးတစ်အိမ်ပဲဖြစ်ပါတယ်။

အိမ်လေးကို ကျယ်ဝန်းတဲ့ ဝရန်တာအပြင် မှန်ပြတင်းပေါက် အများအပြား ထည့်သွင်းတည်ဆောက်
ထားတဲ့အတွက် သဘာဝအလင်းရောင်ကို ကောင်းမွန်စွာ ရရှိနိုင်တဲ့အပြင် သဘာဝ
လေပြည်လေညင်းလေးများကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ သဘာဝလေပြည်လေညင်းနဲ့
အလင်းရောင်ရရှိစေတဲ့ အိမ်မှာ နေထိုင်လိုသူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ
ဖြစ်ပါတယ်။

အိမ်တွင်းမှာ ရုံးခန်းငယ်လေးတစ်ခု တွဲဖက်ဖွင့်လှစ်လိုသူများအတွက် အဆင်ပြေနိုင်မယ့်
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာမှာ တည်ရှိပြီး သွားလာရလွယ်ကူတဲ့
မြို့လယ်ကောင်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့အတွက် နေထိုင်သူများ အဆင်ပြေစွာ သွားလာနိုင်မယ့်
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးမှာ ကားဂိုဒေါင် ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ရန်
လုံလောက်တဲ့ မြေနေရာပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။
ကိုယ်ပိုင်ခြံဝင်းနဲ့ဖြစ်တာကြောင့် ခြံနဲ့ အိမ် လုံခြံုရေးကိုလည်း စိတ်ချထားလို့ ရပါတယ်။

အချက်အချာကျတဲ့ ရွှေတောင်ကြားအတွင်းမှာ ခြံဝင်းကျယ်နဲ့ တည်ရှိပေမဲ့ အိမ်အတွင်းမှာ
လိုအပ်တဲ့ ပရိဘောဂပစ္စည်း အပြည့်အစုံ မပါဝင်ပါဘူး။ အိမ်လေးမှာ တီဗီစင်၊ ဗီရိုစတဲ့
တချို့ပရိဘောဂပစ္စည်းလေးတွေ ပါဝင်မှာဖြစ်လို့ ပရိဘောဂပစ္စည်းအားလုံးတော့ ဝယ်ယူဖို့
မလိုအပ်ပါဘူး။

အင်းလျားကန်နဲ့ ရန်ကုန်တက္ကသိုလ်အနီးမှာ တည်ရှိပြီး မိနစ်အနည်းငယ်ခန့် လမ်းလျှောက်သွားရုံနဲ့
နေ့စဉ် အင်းလျားကန်ဘောင်၊ ရန်ကုန်တက္ကသိုလ်နဲ့ လှည်းတန်းဧရိယာတွေကို
သွားရောက်နိုင်ပါတယ်။ သန့်ရှင်းတဲ့လေကို ရှူရှိုက်ရင်း လေ့ကျင့်ခန်းပြုလုပ်လိုသူတွေအတွက်
အထူးရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးက အမေရိကန်သံရုံးအပြင် International School  နဲ့လည်း နီးတဲ့အတွက်
မိသားစုထဲမှာရှိတဲ့ ကျောင်းနေအရွယ် ကလေးငယ်လေးတွေအတွက်လည်း ကျောင်းသွား
ကျောင်းပြန်ချိန်များကို ချွေတာနိုင်မှာဖြစ်ပြီး အဆင်ပြေပြေ ကျောင်းတက်နိုင်မှာ ဖြစ်ပါတယ်။

အိမ်အတွင်းမှာ ကျယ်ဝန်းသော လေသာဆောင် ဝရန်တာတစ်ခု ပါဝင်မယ့်အပြင် လေအေးပေး
စက်ရှစ်လုံးကိုလည်း တပ်ဆင်ပေးထားတာဖြစ်လို့ နေထိုင်သူများအတွက် အဆင်ပြေစေမှာပါ။

ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ
၅,ဝဝဝ ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို
ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။

ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေအကျိုး
ဆောင်လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ဖုန်းနံပါတ်တွေကို ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်