လွှတ်တော်တွင်း အမြင်မရှင်းမှုတွေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

လွှတ်တော်တွင်း အမြင်မရှင်းမှုတွေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

 

ငါးနှစ်နီးပါး အငြင်းအခုန်ဆွေးနွေးခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ဦးဖြိုးမင်းသိန်း
ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော်
တော့မည်ဖြစ်ပြီးအစိုးရကိုယ်တိုင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်းဟု အမည်သတ်မှတ်ထားသည့် ကြည့်မြင်တိုင်မြို့နယ်
တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းကို မြန်မာနိုင်ငံဆောက်လုပ်ရေး
လုပ်ငန်းရှင်များအသင်းကလုပ်ငန်းရှင်များနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့က
ဆောင်ရွက်မည် ဖြစ်သည်။

၂ဝ၁၇…၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတွင် ပါဝင်သည့်
ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို တွံတေး၊ ဆိပ်ကြီးခနောင်တိုနှင့် ကြည့်မြင်တိုင်မြို့နယ်
တို့တွင် အကောင်အထည်ဖော်ရန်လျာထားပြီး ဧပြီ ၁ ရက်တွင် လုပ်ငန်းများ စတင်နိုင်
ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မျှော်မှန်းထားသည်။

လွန်ခဲ့သောရက်သတ္တပတ်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
ယင်းဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ
မြို့သစ် စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်များက
၄၉ ရာခိုင်နှုန်းဖြင့် ဖက်စပ် အကောင်အထည်ဖော်မည်ဖြစ်သည်။

''ကြည့်မြင်တိုင်ကနေ စပြီးတော့ မြို့နယ်သုံးမြို့နယ်နဲ့ စပြီးအကောင်အထည်ဖော်မယ်ဆိုရင်
၆၄ ဘီလျံကို မြို့သစ်စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရင်းနှီးမြှုပ်နှံမှုထည့်မယ်။
ဒါတွေကို ကျွန်မတို့ဘက်က ငြင်းစရာမရှိဘူး။ လွှတ်တော်ကို တင်ပြစရာလည်းမလိုဘူး။ ဒါက
တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိတယ်''ဟု တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊
စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်များအတွက် စိတ်မကျေနပ်စရာ တစ်ခုရှိနေသည်မှာ
အစိုးရအဖွဲ့၏ ၅၁ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှုထဲတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးလည်း
ပါဝင်နေခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကို မေးမြန်းချက်အရ ထိုသို့ပါဝင်
နေခြင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ စီးပွားရေး မလုပ်တတ်မည်ကို
စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

''အစိုးရက စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်လို့လည်းရတယ်။ ဖက်စပ်ပဲ
လုပ်လုပ် ဘယ်လိုပုံစံပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ ဒါပေမဲ့ စီးပွားရေးအနေနဲ့ လုပ်မယ်ဆိုရင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူကြီးတွေကတော့
စီးပွားရေး သဘောတရားရော၊ နိုင်ငံရေးသဘောတရားရော နားလည်ရမယ်။မလုပ်တတ်မှာ
စိုးလို့ ကျွန်မတို့အစိုးရဘက်ခြမ်းမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကူလုပ်ပေးမယ်
ဆိုရင် ကျွန်မတို့ လက်မခံနိုင်ပါဘူး''ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းပါဝင်သည့်  ဒလမြို့နယ်အတွင်းဖြတ်သန်းသွားနေသော သုံးဘီးဆိုင်ကယ်တစ်စင်းကို ၂ဝ၁၆ ခုနှစ်က တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

လွှတ်တော်အတွင်း တိုင်းဒေသကြီး အမတ်များကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့
အနေဖြင့် အဆိုပါပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ၄၉ ရာခိုင်နှုန်းဘက်တွင်သာ
ပါဝင်လုပ်ဆောင်စေသင့်သည်ဟု အကြံပြုချက် ဆွေးနွေးချက်များပေးခဲ့ကြသည်။
တိုင်းဒေသကြီးအဆင့် ဝန်ကြီးငါးဦးက စီမံကိန်းနှင့် ပတ်သက်ပြီးတာဝန်ခံပေးသွားမည်ဟု
အစိုးရအဖွဲ့၏ ပြောကြားထားချက် အပေါ် လွှတ်တော်ကိုယ်စားလှယ်များက
လက်ခံခဲ့ကြသည်။

ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ ရန်ကုန်အနောက်တောင်မြို့သစ်
စီမံကိန်းအတွက် အများပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်မည်ဖြစ်ပြီးယင်းကုမ္ပဏီကို ့ညေါသည
နြအမသစသူငအညေ ီနလနူသစာနညအ ဏကဘူငခ ူငာငအနိ အဖြစ်အစိုးရအဖွဲ့က
နာမည်ပေးထားသည်။ သို့သော် ကုမ္ပဏီအဖွဲ့ဝင်မည့် လူဦးရေ တစ်ရာ မရှိသေးသည့်အတွက်
အများပိုင်အဖြစ်သတ်မှတ်၍ မရသေးပေ။

''လက်ရှိမှာ ကုမ္ပဏီအတွက် တည်ထောင်သူ၂၆ ဦး ရှိနေပါပြီ။ သူတို့ကို မေးကြည့်တဲ့အခါမှာ
တစ်ယောက်ကို ကျပ်သိန်းတစ်ထောင်စီ ထည့်တယ်။ တချို့က ကျပ်သိန်း ၃,ဝဝဝ အထိထည့်
တယ်လို့ ပြောတယ်။ မြို့သစ်စီမံကိန်းကြီး တစ်ခုကိုဆောက်မယ်ဆိုရင်တော့ ဒီလောက်ဘီလျံနဲ့
လုပ်လို့မရသေးဘူး''ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒေသန္တရ စီမံကိန်း
ဥပဒေကြမ်း၏ နောက်ဆက်တွဲတွင်မြို့သစ်စီမံကိန်းကို ထည့်သွင်းထားခြင်းကြောင့်
ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ပြီးအစိုးရအဖွဲ့က စီမံကိန်းကို သီးသန့်ပြန်လည် တင်ပြသင့်သည်ဟု
ထောက်ပြဆွေးနွေးခဲ့သည်။

''ရေတို၊ ရေလတ်၊ ရေရှည်အနေနဲ့ လုပ်မယ်လို့ ဖော်ပြထားတယ်။ ကြည့်မြင်တိုင်ကို
ဦးစားပေးလုပ်မယ်ဆိုရင် တိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ်တုန်းကလည်း
ခွင့်ပြုထားတယ်လို့သိရတယ်။ ကုမ္ပဏီသုံးခုနဲ့ လုပ်မယ်လို့ပြောတယ်။ အစိုးရလည်းပါမယ်
ပြောတယ်၊ ဘယ်လိုဆက်ပြီး လုပ်မလဲဆိုတာ အသေးစိတ် ပြန်တင်ပြသင့်ပါတယ်''ဟု
၄င်းက ဆိုသည်။

ကနဦး တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီသုံးခုအနက် ရန်ကုန်အနောက်တောင်ဒေသ
ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်စိန်ကစီမံကိန်းနှင့်
ပတ်သက်၍ ကုမ္ပဏီသုံးခုစလုံးကိုအစိုးရအဖွဲ့က တစ်စုံတစ်ရာ အကြောင်းကြားခြင်း
မရှိသေးသည့်အပြင် မကြာမီတည်ထောင်မည့် အများပိုင်ကုမ္ပဏီတွင်လည်း ၄င်းတို့၏အခန်း
ကဏ္ဍမည်သို့ ရှိမည်ကို မသိရသေးကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင်
ပါဝင်သည့် နောက်ဆက်တွဲများမှာ လွှတ်တော်ကိုယ်စားလှယ်များ သိစေရန် အသိပေး
တင်ပြခြင်းသာဖြစ်ပြီးဥပဒေကို ပံ့ပိုးသည့် အချက်အလက်များ ဖြစ်သည့်အတွက် အသေးစိတ်
မပါဝင်ကြောင်း မတ် ၂၈ ရက်တွင် လွှတ်တော် ၌ ပြောကြားခဲ့သည်။

''ဒါကို ၂ဝ၁၇ ခုနှစ်၊ ဧပြီ ၁ ရက်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တဲ့
အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေပြီးတော့ ၂ဝ၁၇-၁၈ ဒေသန္တရစီမံကိန်းကို
အတည်ပြုရန် တင်သွင်းခြင်းဖြစ်တယ်''ဟု ဝန်ကြီးက ဆိုသည်။

တိုင်းဒေသကြီးလွှတ်တော်က အဆိုပါဥပဒေကြမ်းကို အတည်ပြုပေးခဲ့သော်လည်း နောက်
ဆက်တွဲအနေဖြင့် ပါဝင်လာသည့် စီမံကိန်းများကို အတည်ပြုခြင်း မဟုတ်ကြောင်း
ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

''ဥပဒေကြမ်းကိုအတည်ပြုပါတယ်။ လက်ရှိမှာ ဥပဒေကြမ်းနဲ့ စီမံကိန်းနဲ့ ရောထွေးနေတာ
ဖြစ်ပါတယ်။ ဥပဒေကြမ်းကိုပဲ အတည်ပြုနိုင်ပါတယ်။ ပရောဂျက်တွေကို အတည်မပြုသေးပါဘူး''ဟု
၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတွင် မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍
အသေးစိတ်မပါရှိသည့် အပေါ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သဘောကျမှု
မရှိခဲ့ကြပေ။ သို့သော်လည်း လာမည့် ဧပြီ ၁ ရက်မှစကာ အကောင်အထည်ဖော်တော့မည်
ဖြစ်သည့်အတွက် ဥပဒေကြမ်းတွင် နောက်ဆက်တွဲအဖြစ်ပါရှိပြီး တင်သွင်းသည်ဟု
ဝန်ကြီးက ဆိုသည်။

ထိုသို့ အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအကြား ရှုပ်ထွေးနေမှု
များကြောင့် ငါးနှစ်နီးပါးကြာ ဆွေးနွေးငြင်းခုံခဲ့ရသည့် ရန်ကုန်အနောက်တောင်မြို့သစ်
စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၄င်းတို့ သတ်မှတ်ထားသည့်ဧပြီ ၁ ရက်တွင်
အမှန်တကယ်စတင်နိုင်၊မစတင်နိုင်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်