ရန်ကုန်မြို့မှ တံတားကိုးစင်းကို လာမည့်ဧပြီလမှစတင်၍ အခမဲ့ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန်မြို့မှ တံတားကိုးစင်းကို လာမည့်ဧပြီလမှစတင်၍ အခမဲ့ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ပြနှင့် တစ်ဆက်တည်းရှိသည့် မြစ်ကူးတံတား ကိုးစင်းကို
လာမည့် ဧပြီ ၁ ရက်နေ့မှ စ၍ အခမဲ့ ဖြတ်သန်းခွင့် ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ သိရသည်။

အခမဲ့ဖြတ်သန်းခွင့်ပေးမည့် တံတားများမှာ ရန်ကုန်-သန်လျင် တံတားအမှတ် (၁)နှင့်(၂)၊
ဘုရင့်နောင်တံတား အမှတ် (၁)နှင့် (၂)၊ အောင်ဇေယျကြိုးတံတား၊ ရွှေပြည်သာတံတား၊
ပန်းလှိုင်တံတား၊ တွံတေးတံတားနှင့် မဟာဗန္ဓုလ တံတားတို့ဖြစ်သည်။

အစိုးရသစ်၏ ပထမဆုံးဘဏ္ဍာနှစ် ၂ဝ၁၆-၁၇ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီး
ဌာနပိုင် လမ်းတံတားဂိတ်ပေါင်း ၃ဝ၂ ခုမှ ၂၁ ခု ကို ဂိတ်ကြေးကောက်ခံခြင်းရုပ်သိမ်းပေးခဲ့ပြီး
ဂိတ် ၁၆၁ ခု ၏ ဂိတ်ကြေးများကို ဖြေလျှော့ပေးခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိနေသည့် လမ်းတံတား ဂိတ်ပေါင်း တစ်ရာကျော်ကိုလည်း
လာမည့်ဘဏ္ဍာနှစ်တွင် ကောက်ခံခြင်းမပြုဘဲ ဖြေလျှော့ ပေးနိုင်ခြေ ရှိကြောင်း သိရသည်။

''သွားရေးလာရေးအဆင်ပြေဖို့နဲ့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိစေဖို့ ဒီ၂ဝ၁၇ ခုနှစ်၊
ဇန်နဝါရီက စတင်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဂိတ် ၂၁ ဂိတ်မှာ ဂိတ်ဝင်ကြေးတွေ
မကောက်ခံတော့ပါဘူး။ ဝန်ကြီးဌာနပိုင် ဂိတ်တွေထဲကနေလည်း ဂိတ်အရေအတွက်
တစ်ဝက်ကျော်မှာ ဂိတ်ကြေးတွေ လျော့ချပေးခဲ့ပါတယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ရန်ကုန်-သန်လျင်တံတားအမှတ် (၁) ကိုမူ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ခွင့်ပြုမည်
မဟုတ်ဘဲ ခရီးသည်တင်ယာဉ် မှန်လုံကားများနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုမည်
ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဲှုဃဗ အကူအညီဖြင့် ရန်ကုန်မြို့အတွင်း တံတားအသစ်များကိုလည်း ဆက်လက်
တည်ဆောက်နေပြီး တည်ဆောက်လျက်ရှိသော သာကေတတံတား အသစ် မှာ
၆ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

ဒလတံတားနှင့် ပဲခူးမြစ်ကူးတံတား အမှတ် (၃)ကိုလည်း နိုင်ငံခြားချေးငွေ အကူအညီဖြင့်
တည်ဆောက်ရန် စီစဉ်နေပြီး ဒလတံတား တည်ဆောက်ခြင်းဖြင့် ရန်ကုန်မြို့ကွက်ကို
ချဲ့ထွင်နိုင်မည် ဖြစ်ကာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်