နိုင်ဂရု(ပ်) ကွန်ဒိုစီမံကိန်းကိုးခု အခန်းများ ရောင်းချမည်

နိုင်ဂရု(ပ်) ကွန်ဒိုစီမံကိန်းကိုးခု အခန်းများ ရောင်းချမည်

ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Naing Group ကုမ္ပဏီက ဆောက်လုပ်မည့်
စီမံကိန်းကိုးခုမှ ကွန်ဒိုအခန်းများကို ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၃,ဝဝဝ အထိ အထူးစျေးနှုန်း
အစီအစဉ်ဖြင့် ရောင်းချရန်အတွက် အရောင်းပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း
iMyanmarHouse.com က သတင်းထုတ်ပြန်သည်။

ထိုစီမံကိန်းများသည် ဗဟန်း၊ ကျောက်တံတား၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ ကမာရွတ်၊တာမွေ၊
ဒဂုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှကွန်ဒိုစီမံကိန်းများဖြစ်ပြီး ယင်းစီမံကိန်းများ၏အခန်းများကို
အရောင်းပြပွဲအတွင်းစျေးလျှော့ ရောင်းချသွားမည်ဖြစ်သည်။

ပြပွဲမှာ ဧပြီ ရ ရက်နှင့် ၈ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ဖြစ်ကာ ဓမ္မစေတီလမ်းရှိ Valley Cluster House တွင် ဖြစ်သည်။

Naing Group က ရောင်းချသွားမည့် ကွန်ဒိုစီမံကိန်းများမှာ ရွှေတောင်ကြားရှိ Cluster
House၊ ဆူးလေအနီးရှိ Naing Group Tower 2၊ ဒဂုံစင်တာအနီးရှိ KBZ Tower၊
ဗိုလ်တထောင်ဘုရားအနီးရှိ Merchant SuiteCondominium၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ
92 Semi Condominium၊ ကျိုက္ကဆံစူပါဝမ်းအနီးရှိ ERC Condominium၊ ယောမင်းကြီးလမ်းရှိ
Blossom Garden Condominium၊ လှည်းတန်းစျေးအနီးရှိ San Yeik Nyein
Condominium နှင့် တာမွေမြို့နယ်ရှိ My Condo တို့ ဖြစ်သည်။

ထို့ပြင် ကွန်ဒိုအခန်းများကို ဘဏ်များနှင့်လည်း ချိတ်ဆက်၍ အရစ်ကျဝယ်ယူနိုင်မည်ဖြစ်ပြီး
အရောင်းပြပွဲအတွင်း ကျပ်သိန်း ၃ဝဝ မှ ၃,ဝဝဝ အထိ လျှော့ချရောင်းမည့် အထူးစျေးနှုန်းဖြင့်
ဝယ်ယူလိုသူများသည် စရန်ငွေ ကျပ် ၁ဝ သိန်းကို ပေးချေရမည်ဖြစ်သည်။

စီမံကိန်းကိုးခုတွင် ရွှေတောင်ကြားရှိ Cluster House စီမံကိန်းမှာ ပြီးစီးနေပြီဖြစ်ပြီး
ဝယ်ယူသူများအနေဖြင့် အဆင်သင့် နေထိုင်နိုင်မည့် အနေအထားတွင်ရှိကြောင်း
Naing Groupမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် စီမံကိန်းငါးခုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ရာ ကျန်စီမံကိန်း
များမှာ ကြိုပွိုင့် အရောင်းများဖြစ်ကြောင်း သိရသည်။

''ရွှေတောင်ကြားက ကွန်ဒိုကတော့ နည်းနည်းစျေးများတယ်၊ မြေပါ ပါတဲ့
အတွက်ကြောင့်ပါ။ အဲဒီစီမံကိန်းက လုံးချင်းလေးတွေ ခွဲရောင်းတဲ့ပုံစံမျိုးပဲ။ လုံးချင်းက
ပေ ၂၅၊ ၅ဝ လောက်ရှိတယ်။ ကျပ်သိန်း သုံးသောင်းလောက် စျေးရှိတဲ့အတွက်
ကျပ်သိန်း ၃,ဝဝဝ လောက်ထိ စျေးလျှော့ပေးဖို့ စီစဉ်ထားတာပါ''ဟု Naing Group မှ
ဦးဇေဝင်းထွဋ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်