ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

 

ဒီတစ်ပတ် မြန်မာတိုင်းမ်ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားထဲက
အင်းလျားမြိုင်လမ်းပေါ်မှာရှိတဲ့ နေချင်စဖွယ် အဖြူရောင် နှစ်ထပ်တိုက်အိမ်လေးကို
ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဒီအိမ်လေးကို ၂,၄ဝဝ စတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး
တစ်ထပ်မှာ ကြမ်းခင်းဧရိယာ ၁,၄၅ဝ စတုရန်းပေဝန်းကျင်ခန့် ရှိပါတယ်။ နှစ်ထပ်တိုက်အိမ်လေး
တည်ဆောက်ထားတာဖြစ်ပြီး အိပ်ခန်းလေးခန်း ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ မိသားစု
အသင့်အတင့်များသူတွေအတွက် အဆင်ပြေနိုင်ပါတယ်။

ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်း သုံးခန်း၊ တစ်ယောက်အိပ်ခန်း တစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊
အနောက်တိုင်းစတိုင် ထမင်းစားခန်း တစ်ခန်းအပြင် မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့
အတွက် မိသားစုအတော်အသင့်များသူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်လုံး ဖြစ်ပါတယ်။

အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို ခေတ်မီဒီဇိုင်းများ အသုံးပြုကာ အလှဆင်
ဆောက်လုပ်ထားပါတယ်။ အိမ်အတွင်းမှာလည်း ပါကေးခင်းထားပြီး အိမ်အပြင်မှာလည်း
သမံတလင်း ခင်းထားတာမို့ သပ်ရပ်စွာ နေထိုင်လိုသူတွေအတွက် အဆင်ပြေမယ့် အိမ်လေး
တစ်အိမ်ပဲ ဖြစ်ပါတယ်။

အိမ်လေးရဲ့ ထူးခြားချက်ကတော့ ခြံဝင်းထဲမှာ ပန်းခြံငယ်လေးတစ်ခုကို ထည့်သွင်းထား
တာပဲဖြစ်ပါတယ်။ ခြံဝင်းထဲမှာ အစိမ်းရောင်အပင်များကိုသာ စိမ်းစိမ်းစိုစို စိုက်ထားတဲ့
ပန်းခြံငယ်လေးကို နှစ်သက်ဖွယ် တွေ့မြင်ရမှာဖြစ်ပြီး ခြံဝင်းထဲက ပန်းခြံငယ်လေးဘေးမှာ
စာဖတ်ပြီး အေးဆေးစွာ အနားယူနိုင်ပါတယ်။

အိမ်လေးမှာ မှန်ပြတင်းပေါက်တွေလည်းပါတဲ့အတွက်သဘာဝအလင်းရောင်ကို
ကောင်းမွန်စွာ ရနိုင်တဲ့အပြင် သဘာဝလေပြေလေညင်းလေးတွေလည်း ခံစားနိုင်မှာ
ဖြစ်ပါတယ်။

ဒီအိမ်လေးက နေထိုင်ဖို့အတွက် ပိုမိုသင့်တော်တယ်ဆိုပေမဲ့ အိမ်တွင်းမှာ ရုံးခန်းငယ်လေး
တွဲဖက်ဖွင့်လှစ်လိုသူတွေအတွက်လည်း အဆင်ပြေနိုင်မယ့် အိမ်လေးတစ်အိမ်ဖြစ်ပါတယ်။
ဆိတ်ငြိမ်တဲ့နေရာမှာ တည်ရှိပြီး သွားလာရလွယ်ကူတဲ့ မြို့လယ်ကောင်နဲ့ မနီးမဝေးမှာ
တည်ရှိတဲ့အတွက် နေထိုင်သူတွေ အဆင်ပြေစွာ သွားလာနိုင်မယ့် အိမ်လေးပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးက စီးတီးမတ် စျေးဝယ်စင်တာနဲ့လည်း ၁၅ မိနစ်ခန့် လမ်းလျှောက်ရုံအကွာအဝေးမှာ
တည်ရှိပြီး နိုင်ငံတကာအဆင့်မီ ကျောင်းနဲ့လည်း ၁ဝ မိနစ်ခန့် လမ်းလျှောက်ရုံအကွာအဝေးမှာ
တည်ရှိလို့ နေထိုင်သူတွေအတွက် သွားရလာရ အဆင်ပြေပါတယ်။

ဒီအိမ်လေးမှာ ကားဂိုဒေါင်ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ရန်
လုံလောက်တဲ့မြေနေရာ ပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။
ကိုယ်ပိုင်ခြံဝင်းနဲ့ဖြစ်တာကြောင့် ခြံနဲ့ အိမ်လုံခြံုရေးကိုလည်း စိတ်ချထားလို့ ရပါတယ်။

အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်း အပြည့်အစုံ ပါဝင်မယ့် ဒီအိမ်လေးက
အသင့်နေထိုင်လိုသူတွေ အကြိုက်တွေ့နိုင်မယ့် အိမ်လေးလည်း ဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့
လေသာဆောင် ဝရန်တာတစ်ခုပါဝင်မယ့်အပြင် လေအေးပေးစက် ခြောက်လုံး တပ်ဆင်
ထားလို့ နေထိုင်သူတွေအတွက် အဆင်ပြေစွာ နေထိုင်နိုင်မယ့် အိမ်လေးပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လကို အမေရိကန်ဒေါ်လာ ၃,ဝဝဝ ခန့်
ကျသင့်မှာဖြစ်ပြီး အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ် ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။

ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၉၇၇၁၂၁၂၁၃ ဖုန်းနံပါတ်တွေကို ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်