ခရီးသွားကဏ္ဍတွင် ဟိုတယ်အရေအတွက် ၁၃ ဒသမ ၃ ရာခိုင်နှုန်း တိုးချဲ့တည်ဆောက်နိုင်ခဲ့

ခရီးသွားကဏ္ဍတွင် ဟိုတယ်အရေအတွက် ၁၃ ဒသမ ၃ ရာခိုင်နှုန်း တိုးချဲ့တည်ဆောက်နိုင်ခဲ့

ခရီးသွားကဏ္ဍတွင် အခြေခံ အဆောက်အအုံများဖြစ်သည့် ဟိုတယ်များကို အရေအတွက်
၁၃ ဒသမ ၃ ရာခိုင်နှုန်း တိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က ပြောသည်။

ပြီးခဲ့သောနှစ်အတွင်း ဟိုတယ် အရေအတွက် အလုံး ၁၇ဝ ကို ထပ်မံတိုးချဲ့ တည်ဆောက်နိုင်ခဲ့ပြီး
ယခုအချိန်တွင် ဟိုတယ် စုစုပေါင်း ၁,၄၄၉ လုံးရှိနေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။

ထို့ပြင် ဟိုတယ်အခန်း အရေအတွက်မှာ၂ဝ၁၅ ခုနှစ်ထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်
လာခဲ့ပြီး ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်သော စာရင်းဇယားများအရ နိုင်ငံအဝန်း
ဟိုတယ်အခန်းအရေအတွက်မှာ ၅၇,၁၄၅ ခန်း ရှိနေပြီ ဖြစ်ကြောင်း ဦးဇေယျာမျိုးအောင်က
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သော မြန်မာအခြေခံ အဆောက်အအုံဆိုင်ရာ
ထိပ်သီးဆွေးနွေးပွဲတွင် ပြောသည်။

''ပြီးခဲ့တဲ့နှစ်အတွင်းက တိုးချဲ့တည်ဆောက်ပြီးစီးခဲ့တဲ့ ဟိုတယ်တွေက အခန်း အရေအတွက်
၇,၁၉၉ တိုးချဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ဟိုတယ်အခန်းပေါင်း
ငါးသောင်းခုနစ်ထောင်ကျော် ရှိနေပြီးယခင်နှစ်ထက် အခန်းပေါင်း ၁၄ ဒသမ ၄ရာခိုင်နှုန်း
များပြားလာပါတယ်''ဟု ၄င်းက ပြောသည်။

ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွား အခြေခံအဆောက်အအုံ
တိုးချဲ့တည်ဆောက်ခြင်းမှာ အရေးပါပြီး ခရီးသွားများလိုအပ်သော ဝန်ဆောင်မှုများကို
ပေးနိုင်ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။

''ပြီးခဲ့တဲ့နှစ်အတွင်းမှာ ခရီးသွားအခြေခံ အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်ပေးတာ
အပြင် ခရီးသွားကုမ္ပဏီတွေလည်း ၃ဝ ရာခိုင်နှုန်းလောက် များပြားလာခဲ့ရုံမက ဒေသခံ ခရီးသွား
လမ်းညွှန် လုပ်ကိုင်တဲ့သူတွေလည်း ၆၄ ရာခိုင်နှုန်းကျော်အထိများပြားလာခဲ့ပါတယ်''ဟု
ဦးဇေယျာမျိုးအောင်က ပြောသည်။

ခရီးသွား အခြေခံအဆောက်အအုံများကို တိုးချဲ့တည်ဆောက်ခဲ့ရာတွင် နိုင်ငံအဝန်းတွင်
နိုင်ငံတကာလေဆိပ် ၃၁ ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁ဝ ခုထိ ရှိလာပြီ ဖြစ်ကြောင်း
၄င်းက ပြောသည်။

ထို့ပြင် ခရီးသွားပြည်သူများအတွက် သတင်းအချက်အလက် မျှဝေရေးစင်တာများကိုလည်း
ပြီးခဲ့သောနှစ်အတွင်း တိုးချဲ့တည်ဆောက်ခဲ့ပြီး ယခုအခါတွင် စင်တာ ၂၈ ခု တည်ဆောက်
ပြီးစီးကာ ခရီးသွားပြည်သူများကို သတင်းအချက်အလက်များ မျှဝေပေးနေကြောင်း
ဦးဇေယျာမျိုးအောင်က ပြောသည်။

''နိုင်ငံခြားသား ခရီးသွားပြည်သူတွေအတွက် သတင်းအချက်အလက် မျှဝေရေးစင်တာတွေကို
ပြီးခဲ့တဲ့နှစ်အတွင်းက လွိုင်ကော်၊ ချင်း၊ ဟဲဟိုးလေဆိပ်၊ မော်လမြိုင်၊ ရခိုင်နဲ့
ကလောမြို့တွေမှာလည်း တည်ဆောက်ခဲ့ပါတယ်''ဟု ၄င်းက ပြောသည်။

ပြီးခဲ့သောနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁,၇၄၉ ဒသမ ၉၉ သန်း ရင်းနှီးမြှုပ်နှံမှုရှိသော
ဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ပူးတွဲပါဝင်သော ငြထနိ ့ျန စီမံကိန်း ၃၃ ခုကို
တည်ဆောက်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ရာ အမေရိကန်ဒေါ်လာ ၈၅၇ ဒသမ
၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမှုရှိသော ဟိုတယ်အခန်း ၂,၂၉၆ ခန်း ပါဝင်မည့် ဃသာစူနထ
စီမံကိန်း ၁၁ ခုမှာ ယခုအချိန်တွင် တည်ဆောက်ဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။

ထို့ပြင် အမေရိကန်ဒေါ်လာ ၄၇၆ ဒသမ ၈၈၈ သန်း တန်ဖိုးရှိ ဟိုတယ်အခန်း ၂,၆၇ဝ
ပါဝင်မည့် ငြထနိ ့ျန စီမံကိန်း ၁၂ ခုမှာ တည်ဆောက်ရေးလုပ်ငန်းများ မစတင်ရသေး
သော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်ပါမစ် ရရှိထားပြီးဖြစ်ကြောင်း
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်