ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် ဗဟန်းမြို့နယ်၊ သံလွင်လမ်းပေါ်မှာရှိတဲ့
ခံ့ညားလှပပြီး နေချင်စဖွယ် နှစ်ထပ်ခွဲ တိုက်အိမ်လေးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဒီအိမ်လေးကို မြေအကျယ်အဝန်း စတုရန်းပေ ၄,ဝဝဝ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တစ်ထပ်ကို
ကြမ်းခင်းဧရိယာ စတုရန်းပေ ၂,၅ဝဝ နီးပါးရှိတဲ့ နှစ်ထပ်ခွဲတိုက်အိမ်လေး တည်ဆောက်ထားတာ
ဖြစ်ပါတယ်။

နှစ်ယောက်အိပ်ခန်း လေးခန်း၊ တစ်ယောက်အိပ်ခန်း တစ်ခန်းအပြင် ရေချိုးခန်း ငါးခန်း ပါဝင်တဲ့
ဒီအိမ်လေးက မိသားစုများသူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအိမ်လေးမှာ ဧည့်ခန်းကျယ် တစ်ခန်း၊ အနောက်တိုင်းစတိုင် ပြင်ဆင်ထားတဲ့
ထမင်းစားခန်းအပြင် မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေ
အကြိုက်တွေ့မယ့် အိမ်လေးတစ်လုံး ဖြစ်ပါတယ်။

အိမ်လေးရဲ့ အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို ခေတ်မီဒီဇိုင်းများကို အသုံးပြုကာ
အလှဆင် ဆောက်လုပ်ထားပါတယ်။ အိမ်အတွင်းမှာလည်း ပါကေးအပြည့်ခင်းထားပြီး အိမ်
အပြင်မှာလည်း ကြွေပြားခင်းထားတာဖြစ်လို့ သပ်ရပ်စွာ နေထိုင်လိုသူတွေအတွက်
အဆင်ပြေစေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

အိမ်တွင်းမှာ ရုံးခန်းငယ်လေး တွဲဖက်ဖွင့်လှစ်လိုသူတွေအတွက်လည်း အဆင်ပြေနိုင်မယ့်
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ ရုံးခန်းငယ်ဖွင့်ဖို့ လုံလောက်တဲ့ အကျယ်အဝန်းရှိပြီး
အချက်အချာကျတဲ့နေရာမှာ တည်ရှိတဲ့အတွက် အိမ်လေးမှာ ရုံးခန်း တွဲဖက်ဖွင့်လှစ်လိုသူတွေ
အတွက် ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးမှာ ကားဂိုဒေါင် ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ဖို့
လုံလောက်တဲ့ မြေနေရာ ပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။
ကိုယ်ပိုင်ခြံဝင်းနဲ့ ဖြစ်တာကြောင့် ခြံနဲ့အိမ် လုံခြံုရေးကိုလည်း စိတ်ချထားလို့ရပါတယ်။

အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်းအပြည့်အစုံ ပါဝင်မှာဖြစ်တဲ့အတွက်
ပရိဘောဂပစ္စည်းတွေအတွက် စိတ်ပူစရာမလိုပါဘူး။ အိမ်အတွင်းမှာ လိုအပ်တဲ့ ခုတင်၊ စားပွဲ၊
ကုလားထိုင်များသာမက တယ်လီဗီးရှင်းစက်နဲ့ ဖုန်းလိုင်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီအိမ်လေးက အချက်အချာကျတဲ့ ရွှေတိဂုံဘုရားအနီးမှာ တည်ရှိတဲ့အတွက် အိမ်အပေါ်ထပ်
ဝရန်တာကနေ ကြည်ညိုစရာကောင်းလှတဲ့ ရွှေတိဂုံဘုရားကို နေ့စဉ်ဖူးမြော်နိုင်ရုံသာမက
ရွှေတိဂုံဘုရားကိုလည်း မိနစ်ပိုင်းအတွင်း လမ်းလျှောက်ကာ သွားရောက်ဖူးမြော်နိုင်မှာ
ဖြစ်ပါတယ်။

အိမ်အပေါ်ဆုံးထပ်မှာ ကျယ်ဝန်းတဲ့ လေသာဆောင် တာဝါတစ်ခု ပါဝင်မယ့်အပြင် လေအေးပေးစက်
ခုနစ်လုံးကိုလည်း တပ်ဆင်ပေးထားတာဖြစ်လို့ နေထိုင်သူတွေအတွက် အခုလို ပူပြင်းတဲ့ရာသီမှာ
အေးအေးချမ်းချမ်း အဆင်ပြေစွာ နေထိုင်နိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။

အိမ်အတွင်းဒီဇိုင်းတွေကို နေချင်စဖွယ် ပြင်ဆင်ထားတဲ့ ဒီအိမ်လေးကို ငှားရမ်းချင်တယ်
ဆိုရင်တော့ တစ်လ ငှားရမ်းခ အမေရိကန်ဒေါ်လာ ၃,၅ဝဝ ခန့် ကျသင့်မှာဖြစ်ပြီး
ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။

ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၉၇၇၁၂၁၂၁၃ ဖုန်းနံပါတ်တွေကို ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်