ရန်ကုန်မြို့တော် ပိုမိုဖွံ့ဖြိုး တိုးတက်လာတာနဲ့အတူ ကျယ်ဝန်းတဲ့ ခြံကျယ်တွေနဲ့ နေအိမ်အတွင်း
အစိမ်းရောင် ဥယျာဉ်ငယ်လေးတွေပါဝင်တဲ့ လုံးချင်းအိမ်လေးတွေကလည်း ရှားပါးလာပြီ
ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် ခြံဝင်း
ကျယ်ကြီးထဲမှာ စိမ်းစိုလှပတဲ့ ဥယျာဉ်ငယ်လေး ပါဝင်တဲ့ လုံးချင်းအိမ်လေးကို
ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ဒီတစ်ပတ် ရွေးချယ်ထားတဲ့ အိမ်လေးကတော့ ရန်ကင်းမြို့နယ်၊ သုခဝတီလမ်းပေါ်က
ခြံဝင်းကျယ်ကြီး အတွင်းမှာရှိတဲ့ သပ်ရပ်လှပပြီး နေချင်စဖွယ် နှစ်ထပ်တိုက်အိမ်လေးပဲ
ဖြစ်ပါတယ်။
ဒီအိမ်လေးကို မြေအကျယ်အဝန်း စတုရန်းပေ ၁၄,၄ဝဝ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ ကြမ်းခင်း
ဧရိယာ စတုရန်းပေ ၃,ဝဝဝ ရှိတဲ့ နှစ်ထပ်တိုက်အိမ်လေး တည်ဆောက်ထားတာဖြစ်လို့ ခြံဝင်းကျယ်
အတွင်းမှာ နေထိုင်လိုသူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်း လေးခန်း၊ ရေချိုးခန်း ငါးခန်း၊ ဧည့်ခန်းတစ်ခန်း၊
ထမင်းစားခန်းအပြင် မီးဖိုချောင်ဧရိယာလည်း သီးသန့်ပါဝင်တဲ့အတွက် မိသားစုများသူတွေ
အဆင်ပြေမယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်လေးရဲ့ အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို ခေတ်မီဒီဇိုင်းတွေကို အသုံးပြုကာ
အလှဆင် ဆောက်လုပ်ထားပါတယ်။ အိမ်အတွင်းမှာလည်း ပါကေးအပြည့် ခင်းထားပြီး
အိမ်အပြင်ကိုလည်း ဆွဲဆောင်မှုရှိအောင် သေချာပြင်ဆင် ဆောက်လုပ်ထားတာဖြစ်လို့
သပ်ရပ်စွာ နေထိုင်လိုသူတွေအတွက် အကြိုက်တွေ့မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်ရှေ့မှာ စိုက်ပျိုးထားတဲ့ စိမ်းစိုလှပနေတဲ့ ကတ္တီပါမြက်ခင်းပြင်စိမ်းတွေနဲ့ ဥယျာဉ်ငယ်လေးက
မြင်ရသူတိုင်းကို အပြည့်အဝ ဆွဲဆောင်ထားနိုင်ပါတယ်။ ရန်ကုန်မြို့ပြအတွင်းမှာ ရှားပါးလှတဲ့
အစိမ်းရောင်မြင်ကွင်းလေး ပါဝင်တဲ့ ဒီအိမ်လေးမှာ နေထိုင်သူတွေကို တက်ကြွလန်းဆန်းဖို့နဲ့
စိတ်ပျော်ရွှင်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့ပြင် ဒီအိမ်တွင်းမှာ ရုံးခန်းငယ်လေး တွဲဖက်ဖွင့်လှစ်လိုသူတွေအတွက်လည်း အဆင်ပြေနိုင်မယ့်
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ ရုံးခန်းငယ်ဖွင့်ဖို့ လုံလောက်တဲ့ အကျယ်အဝန်းရှိပြီး
အချက်အချာကျတဲ့နေရာမှာ တည်ရှိတဲ့အတွက် အိမ်လေးမှာ ရုံးခန်းတွဲဖက်ဖွင့်လှစ်လိုသူတွေ
အတွက် ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
ဒီအိမ်လေးမှာ ကားဂိုဒေါင် ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ဖို့
လုံလောက်တဲ့ မြေနေရာ ပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ
မလိုပါဘူး။ ကိုယ်ပိုင်ခြံဝင်းနဲ့ ဖြစ်တာကြောင့် ခြံနဲ့ အိမ်လုံခြံုရေးကိုလည်း စိတ်ချထားလို့
ရပါတယ်။
အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်း အပြည့်အစုံပါဝင်မှာဖြစ်တဲ့အတွက်
ပရိဘောဂပစ္စည်းတွေအတွက် စိတ်ပူစရာမလိုပါဘူး။ အိမ်အတွင်းမှာ လိုအပ်တဲ့
မီးဖိုချောင်သုံးပစ္စည်းတွေအပြင် ခုတင်၊ စားပွဲ၊ ကုလားထိုင်တွေနဲ့ တယ်လီဖုန်းတို့လည်း
ပါဝင်မှာ ဖြစ်ပါတယ်။
ဒီအိမ်လေးက ဒုတိယမြို့လယ်ကောင်လို့ တင်စားခေါ်ဝေါ်နိုင်တဲ့ အချက်အချာကျတဲ့
ရန်ကင်းမြို့နယ်မှာ တည်ရှိပြီး ရန်ကင်းမြို့နယ်က လူစည်ကားလှတဲ့ မြကျွန်းသာဥယျာဉ်၊
မြန်မာပလာဇာ စျေးဝယ်စင်တာနဲ့ ဆီဒိုးနားဟိုတယ်တို့နဲ့ ငါးမိနစ် လမ်းလျှောက်ရုံ
လောက်သာ ကွာဝေးပါတယ်။
ဒီအိမ်လေးက ခြံဝင်းကျယ်ကြီးထဲမှာ တည်ရှိတဲ့ အပြင် လေအေးပေးစက်ငါးလုံးကိုလည်း
တပ်ဆင်ပေးထားတာဖြစ်လို့ နေထိုင်သူတွေအတွက် အခုလို ပူပြင်းတဲ့ရာသီမှာ
အေးအေးချမ်းချမ်း အဆင်ပြေစွာ နေထိုင်နိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်အတွင်း ဒီဇိုင်းတွေကို နေချင်စဖွယ် ပြင်ဆင်ထားတဲ့ ဒီအိမ်လေးကို ငှားရမ်းချင်တယ်
ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ ၆,ဝဝဝ ခန့် ကျသင့်မှာဖြစ်ပြီး
ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်း အသေးစိတ်ကို ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၉၇၇၁၂၁၂၁၃ ဖုန်းနံပါတ်တွေကို ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။
















