ဒီတစ်ပတ် စိတ်ကြိုက်အိမ်ကဏ္ဍအတွက်ကိုတော့ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး
ဘုရားလမ်းပေါ်မှာရှိပြီး ခြံဝင်းကျယ်ကျယ်ရယ်၊ စိမ်းလန်းစိုပြည်တဲ့ ရှုခင်းတွေရယ်ကို
ကြည့်ရှုခံစားပြီး သဘာဝဆန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ချင်သူတွေအတွက် သင့်တော်တဲ့
နှစ်ထပ်ခွဲအိမ်လေးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ဒီအိမ်လေးကို စတုရန်းပေ ၆,၄ဝဝ ရှိတဲ့ ခြံဝင်းကျယ်ထဲမှာ တစ်ထပ်ကို စတုရန်းပေ
၁,၈ဝဝ အကျယ်နဲ့နှစ်ထပ်ခွဲတိုက်အိမ်လေးအဖြစ် တည်ဆောက်ထားတာဖြစ်လို့ တိတ်ဆိတ်တဲ့
ခြံဝင်းကျယ်ထဲမှာ နေထိုင်ချင်သူတွေအတွက် အဆင်ပြေစေမယ့် အိမ်လေးတစ်အိမ်ပဲ
ဖြစ်ပါတယ်။
ဒီအဖြူရောင် နှစ်ထပ်ခွဲတိုက်အိမ်လေးက မိသားစုများပြားသူတွေအတွက် သင့်တော်တဲ့
အိမ်လေးဖြစ်ပြီးမြက်ခင်းစိမ်းနဲ့ သစ်ပင်တွေကို နှစ်သက်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့
အိမ်လေးပဲဖြစ်ပါတယ်။
အိမ်အပြင်ဘက်မှာ သမံတလင်းခင်းထားတဲ့ ကျယ်ဝန်းတဲ့ နေရာလွတ်ပါရှိတဲ့အပြင်
ဘေးဘက်မှာ ကတ္တီပါမြက်ခင်းစိမ်း ဥယျာဉ်ငယ်လေးတစ်ခုပါ ထပ်မံပါဝင်တဲ့အတွက်
စိမ်းစိမ်းစိုစိုနဲ့ စိတ်ကြည်နူးဖွယ်မြင်ကွင်းကို ပေးနိုင်တဲ့ နှစ်သက်ဖွယ် အိမ်လေးတစ်အိမ်လည်း
ဖြစ်ပါတယ်။
ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်းနှစ်ခန်း၊ တစ်ယောက်အိပ်ခန်း နှစ်ခန်း၊
ရေချိုးခန်းသုံးခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်းကျယ်တွေအပြင် မီးဖိုချောင်ဧရိယာလည်း
သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေအတွက် သင့်တော်တဲ့ အိမ်လေးတစ်လုံး
ဖြစ်ပါတယ်။
ဒီအိမ်လေးက အိမ်နဲ့ ရုံးခန်း တွဲဖက်ဖွင့်လှစ်နိုင်ဖို့ လုံလောက်တဲ့ ခြံဝင်းအကျယ်နဲ့
အိမ်အကျယ်ရှိပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တဲ့နေရာမှာ တည်ရှိတာကြောင့်
ဝန်ထမ်းငါးဦးကနေ ၁ဝ ဦးခန့်ရှိမယ့် ရုံးခန်းမျိုး ဖွင့်လှစ်ဖို့ အဆင်ပြေတဲ့ အိမ်လေး
တစ်အိမ်လည်း ဖြစ်ပါတယ်။
ကားထားဖို့အတွက် ခြံဝင်းထဲတွင် ကားပါကင်နေရာ ပါဝင်တဲ့အပြင် ခြံဝင်း
အကျယ်ကလည်း စတုရန်းပေ ၄,ဝဝဝ ခန့် ကျယ်ဝန်းတာမို့ နေထိုင်သူတွေ
ကားပါကင်နေရာအတွက် စိတ်ပူစရာ မလိုအပ်ပါဘူး။ ကြိုက်နှစ်သက်သလောက်
ကားတွေကို ခြံဝင်းထဲမှာ အဆင်ပြေ လုံခြံုစိတ်ချစွာထားနိုင်ပါတယ်။

အိမ်လေးမှာ မှန်တွေ၊ ပြတင်းပေါက်တွေ ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့
အိမ်အတွင်းထဲမှာ သဘာဝအလင်းရောင် ကောင်းမွန်စွာ ရရှိနိုင်တဲ့အပြင်
သဘာဝလေပြည်လေညင်းကို ကြည်နူးဖွယ် ခံစားနိုင်စေဖို့လည်း ကျယ်ဝန်းတဲ့
ဝရန်တာတစ်ခု ပါဝင်ပါတယ်။ ဒါ့ပြင် အိမ်အတွင်းမှာ အဲကွန်း လေးလုံးလည်း
တပ်ဆင်ထားတာမို့ နေထိုင်သူတွေ အဆင်ပြေစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
အိမ်အတွင်းပိုင်း အပြင်အဆင်တွေကို ခေတ်မီလှပစွာ ပြင်ဆင်ထားပြီး လိုအပ်တဲ့
ပရိဘောဂပစ္စည်း အများစုကိုလည်း ထည့်သွင်းထားတဲ့အတွက် နေထိုင်သူတွေရဲ့
ပရိဘောဂပစ္စည်းတွေအတွက် စိတ်ပူဖို့မလိုအပ်ဘဲ အဆင်သင့်နေထိုင်နိုင်မယ့်
အိမ်လေးတစ်လုံးလည်း ဖြစ်ပါတယ်။
ခြံဝင်းအကျယ်နဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ တည်ရှိပြီး အချက်အချာကျကာ
သွားရေးလာရေး အဆင်ပြေတဲ့ မရမ်းကုန်းမြို့နယ်မှာ တည်ရှိတဲ့အတွက်ကြောင့်လည်း
နေထိုင်သူတွေအတွက် သွားလာဆက်သွယ်ရေး အဆင်ပြေစေမှာဖြစ်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လ ငှားရမ်းခ အမေရိကန်ဒေါ်လာ
၂,၅ဝဝ ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်း အသေးစိတ်ကို
ဆက်လက် ညှိနှိုင်းနိုင်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆက်သွယ်ဖို့
ဖုန်းနံပါတ်ကတော့ ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ တို့ပဲဖြစ်ပါတယ်။
















