မြို့တွင်း နှစ်ထပ်တိုက် ငှားရမ်းခ တစ်လ ကျပ် ရဝဝ,ဝဝဝ စျေးခေါ်နေ
မန္တလေးမြို့ အိမ်ခြံမြေ အငှားစျေးကွက်မှာနေရာကောင်းတွေရဲ့ ခေါ်စျေးနှုန်းတွေက
မြင့်မားနေဆဲဖြစ်ပြီး စျေးကွက်တောင်းဆိုမှုကောင်းကာ ပုံမှန်လည်ပတ်နိုင်စွမ်းရှိကြောင်း
မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တချို့ထံက သိရပါတယ်။
အိမ်မြေ အရောင်းအဝယ်စျေးကွက်အနေနဲ့ သွက်လက်ခြင်းမရှိသေးပဲ စျေးနှုန်းအနိမ့်တန်း
တွေမှာသာ အများဆုံးအရောင်းအဝယ်ဖြစ်နေပေမဲ့ အငှားစျေးကွက်မှာတော့ နေရာကောင်း
တွေမှာ စျေးကွက်လိုအပ်ချက်ကောင်းမွန်ဆဲဖြစ်ပါတယ်။ အဆောက်အအုံအနေအထားကို
ထည့်မတွက်သေးပဲ နေရာကောင်းရင် ကောင်းသလို တစ်လကို အောက်ထစ် ပျမ်းမျှ ကျပ်
၁ဝ သိန်းအထိ စျေးပေးနိုင်ဖို့ လိုအပ်ကြောင်း အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။
အချက်အချာကျတဲ့ မြို့တွင်းပိုင်းမှာဆိုရင် လူနေထိုင်ဖို့လောက်ပဲ ရမယ့် သင့်တင့်တဲ့အကျယ်
အဝန်းနဲ့ နှစ်ထပ်အဆောက်အအုံကို တစ်လ အနိမ့်ဆုံး ကျပ် ခုနစ်သိန်းခန့်စျေးခေါ်နေကြပြီး
အလုပ်ဖြစ်ဖို့လည်း မခက်ခဲကြောင်း သိရပါတယ်။ လမ်း ၈ဝ ကိုမူသေထားပြီး မြို့ကို
အရှေ့နဲ့အနောက် ခွဲခြားပြောရရင် လတ်တလော အနေအထားမှာလမ်း ၈ဝ အရှေ့ပိုင်း
မြို့အရှေ့ဘက်ခြမ်းကအနောက်ဘက်ထက် ပျမ်းမျှအားဖြင့် ခေါ်စျေးပိုကောင်းမွန်နေတယ်
လို့ စျေးကွက်သတင်းတွေအရ သိရပါတယ်။
ကုမ္ပဏီတွေ၊ ဘဏ်လုပ်ငန်းလိုမျိုး လုပ်ငန်းကြီးတွေ လုပ်ကိုင်နိုင်မယ့် အချက်အချာနေရာ
မျိုးတွေဆိုရင်တော့ နေရာ အကျယ်အဝန်းကို လိုက်ပြီး တစ်လကို ပျမ်းမျှ အောက်ထစ်
ကျပ်သိန်း ၂ဝ အထက်မှာ ခေါ်စျေးရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ မြို့တွင်းမှာသာ
မဟုတ်ပဲ အခုအခါ မြို့သစ်ဧရိယာအတွင်းမှာပါ လမ်းကောင်းရင် ကောင်းသလို၊
အဆောက်အအုံကောင်းရင် ကောင်းသလို တစ်လကို ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း ၃ဝ
ဝန်းကျင်အထိ စျေးခေါ်လာတာတွေ ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
အငှားစျေးကွက်ဟာ အရောင်းအဝယ်စျေးကွက်နဲ့ ယှဉ်ရင် ပုံမှန်လည်ပတ်နိုင်စွမ်းရှိနေလို့
နေရာကောင်းရင် အိမ်ရှင်တွေဘက်က ကြိုက်စျေးရတဲ့အထိ အချိန်ယူစျေးခေါ်နိုင်စွမ်းလည်း
ရှိနေပါတယ်။ ဒီအနေအထားမှာ လက်ရှိမှာ ငှားရမ်းလိုသူတွေအနေနဲ့ နှစ်ရှည်ချုပ်နိုင်ရင်
ပိုကောင်းမွန်ပေမယ့် အိမ်ရှင်တွေဖက်က တန်ဖိုးကို နှစ်အလိုက် ရာခိုင်နှုန်းနဲ့တိုးယူတာ၊
ဒါမှမဟုတ် နှစ်တိုသာ ငှားရမ်းတာမျိုးနဲ့ အလုပ်လုပ်လိုတာများပြီး အငှားစျေးကွက်ဟာ
အရောင်းအဝယ်စျေးကွက်ထက် ရှေ့က ဦးဆောင်နေဦးမယ်လို့ အကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။
















