လူနေအိမ်ခန်းနှင့် ရုံးခန်းပေါင်း ၆ဝဝ ကျော် ပါဝင်မည့် မင်းအဆင့်မြင့် စုပေါင်းအိမ်ရာ
(Min Residences) ကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်နေရာ
တွင် စက်တင်ဘာမှစ၍ တည်ဆောက်မည် ဖြစ်ကြောင်း Oxley Holdings ကုမ္ပဏီ
အမှုဆောင်ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Ching Chiat Kwong က ပြောသည်။
အဆိုပါအိမ်ရာကို စင်ကာပူနိုင်ငံအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့်ပြည်တွင်းကုမ္ပဏီ
ဖြစ်သော မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်
သည်။
''ကျွန်တော်တို့ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခု အချိုးတူ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံမှာ
ပထမဆုံးအကြိမ်အနေနဲ့ အဆင့်မြင့်တိုက်ခန်းတွေ၊ ရုံးခန်းတွေ၊ အားကစားခန်းမ၊ ရေကူး
ကန်၊ ကလေးကစားကွင်းတွေ စတဲ့ ကျန်းမာရေးနဲ့ လူနေမှုစနစ်ဆိုင်ရာအပန်းဖြေနေရာ
၆ဝ ခန့်ပါဝင်မယ့် ကမ္ဘာ့အဆင့်မီ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်မယ့်
မင်းအဆင့်မြင့်စုပေါင်းအိမ်ရာကို လာမယ့် စက်တင်ဘာလမှာ စတင် ဆောက်လုပ်သွားမှာ
ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးဆောက်လုပ်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက မေ ၁၆ ရက်တွင်
နိုဗိုတယ်ဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။















