အိမ်ခြံမြေနှင့် အသုံးအဆောင်ပစ္စည်းများပြပွဲကို ဇွန်လကုန်တွင် ကျင်းပမည်

အိမ်ခြံမြေနှင့် အသုံးအဆောင်ပစ္စည်းများပြပွဲကို ဇွန်လကုန်တွင် ကျင်းပမည်

မြန်မာ့အိမ်ခြံမြေနှင့် အသုံးအဆောင်ပစ္စည်းများပြပွဲကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်း
စင်တာတွင် ဇွန် ၂၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုပြပွဲကို
စီစဉ်သူ House.com.mm မှ သိရသည်။

သုံးရက်တာကျင်းပသွားမည့် အဆိုပါ အိမ်ခြံမြေဆိုင်ရာပြပွဲတွင် ထိပ်တန်းအိမ်ခြံမြေ
လုပ်ငန်းရှင်များ၊ အကျိုးဆောင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းချသည့်
ကုမ္ပဏီများနှင့် အိမ်တွင်းအလှဆင်ဒီဇိုင်းပြုလုပ်သော ကုမ္ပဏီများမှ ပါဝင်ပြသသွားမည်
ဖြစ်ပြီး အိမ်ခြံမြေဆိုင်ရာ အကြံပေးဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်၏ မူဝါဒအသစ်များကြောင့် ယခုနှစ်တွင် အိမ်ခြံမြေစျေးကွက်
ပိုမိုတိုးတက်လာဖွယ်ရှိနေကြောင်း House.com.mm ၏ မန်နေးဂျင်းဒါရိုက်တာ
Mr. Nitesh Khirwal က ပြောသည်။

ပြီးခဲ့သောအကြိမ်က ၄င်းတို့ ဦးစီးပြုလုပ်ခဲ့သော အိမ်ခြံမြေပြပွဲများတွင် အမေရိကန်
ဒေါ်လာ ၁၆ သန်းကျော်အထိ ရောင်းချခဲ့ရပြီးတက်ရောက်သူပေါင်း ၈,ဝဝဝ ကျော်ထိ
ရှိခဲ့ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်