အခွန်ကြောင့် အိမ်ခြံမြေစျေးနှုန်းထက် အရောင်းအဝယ်ကိုသာ အကျိုးသက်ရောက်မှုပိုများနိုင်

အခွန်ကြောင့် အိမ်ခြံမြေစျေးနှုန်းထက် အရောင်းအဝယ်ကိုသာ အကျိုးသက်ရောက်မှုပိုများနိုင်

အိမ်ခြံမြေရောင်းဝယ်ရာမှာ ပေးဆောင်ရမယ့်အခွန်နှုန်းထား သတ်မှတ်ချက်ကြောင့် 
အိမ်ခြံမြေစျေးနှုန်း အနိမ့်အမြင့်ကို ထိန်းချုပ်နိုင်မှာထက် အရောင်းအဝယ်ကိုသာ အကျိုး
သက်ရောက်မှု ပိုမိုများပြားနိုင်တယ်လို့ အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ခြံမြေအကျိုးဆောင်
အများစုက သုံးသပ်ပါတယ်။

သာမန်အရ သုံးသပ်ရင် အိမ်မြေအရောင်းအဝယ်အတွက် အခွန်နှုန်းထားတွေ မြင့်မားနေ
တဲ့အခါမှာ အိမ်မြေစျေးနှုန်းတွေ ကျဆင်းလာလိမ့်မယ်လို့ ထင်မှတ်စရာရှိနေပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော နေရာကောင်းတွေ၊ အကွက်အကွင်းကောင်းဧရိယာတွေထဲက
အိမ်ခြံမြေစျေးနှုန်းတွေက များစွာ ပြောင်းလဲကျဆင်းခြင်းမရှိပါဘူး။ အဲဒီအစား အိမ်ခြံမြေ
အရောင်းအဝယ် လည်ပတ်မှုက ပိုမိုနှေးကွေးသွားပြီး ပိုင်ဆိုင်မှုကို အမည်မဖော်ပဲ
ကိုယ်စားလှယ်လွှဲစာနဲ့ အလုပ်လုပ်ဖို့ပိုစဉ်းစားလာကြတယ်လို့ အကျိုးဆောင်တချို့က
ပြောပါတယ်။

လတ်တလောစျေးကွက်မှာ အိမ်ခြံမြေအရောင်းအဝယ်လည်ပတ်မှုက အားရစရာမရှိသေး
ပါဘူး။ လက်ရှိသတ်မှတ်ထားတဲ့၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေမတိုင်မီက အိမ်မြေ
အရောင်းအဝယ်အတွက် အခွန်နှုန်းသတ်မှတ်ချက်က လက်ရှိသတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင်
လုပ်သာကိုင်သာရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခြောက်နှစ်ကျော်ကာလကလည်း အိမ်ခြံမြေ
စျေးကွက်အခြေအနေက စျေးနှုန်းတွေက အချိန်တိုအတွင်း အဆများစွာကွာဟပြီး
တက်ထားတာကြောင့် အရောင်းအဝယ်က အေးနေခဲ့ပါတယ်။ အခုအခွန်သတ်မှတ်ချက်က
ပိုမြင့်သွားတဲ့အခါမှာ နာလန်မထူနိုင်သေးတဲ့၊ အရောင်းအဝယ်အေးနေတဲ့ အကျိုးဆက်က
တစ်ဆက်တည်းလို ဖြစ်သွားတယ်လို့လည်း သုံးသပ်ကြပါတယ်။

လက်ရှိ အရောင်းအဝယ်အေးနေတဲ့စျေးကွက်မှာ အိမ်မြေစျေးနှုန်းတွေ ကျဆင်းနေတယ်
ဆိုပေမဲ့ ဒါဟာ တန်ဖိုးနိမ့်တဲ့အကွက်အကွင်းတွေ အများစုမှာသာ တွေ့နေရပြီး ငွေပူ
လိုအပ်တဲ့ ပိုင်ရှင်တွေလောက်သာအများဆုံး ညှိနှိုင်းရောင်းချနေကြတယ်လို့အကျိုးဆောင်
တချို့က ဆိုပါတယ်။ ကျပ်သိန်းသောင်းချီ တန်ကြေးရှိတဲ့ အိမ်မြေအကွက်အကွင်းတွေမှာ
လည်း စျေးနှုန်းညှိနှိုင်းနိုင်တဲ့အနေအထား ရှိနေပေမဲ့ နေရာကောင်းမှာရှိနေတဲ့ ကျပ်သိန်း
၃,ဝဝဝ နဲ့ ကျပ်သိန်း ၅,ဝဝဝကြား အကွက်အကွင်းတွေကတော့ စျေးနှုန်းသိသိသာသာ
ကျဆင်း ပြောင်းလဲဖို့ မဖြစ်နိုင်သေးပါဘူး။

အိမ်ခြံမြေကို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားတဲ့ အတွက်ကြောင့်လည်း
စျေးကွက်ဝင်တဲ့နေရာတွေရဲ့ စျေးနှုန်းတွေဟာ ဆက်ပြီး စျေးကောင်းနေမယ်လို့အကျိုး
ဆောင်အများစုက ယုံကြည်ကြပါတယ်။ အခြေခံလူတန်းစားတွေအတွက်နေရေးဟာ
အခက်အခဲ ဆက်ဖြစ်နေဦးမှာကြောင့် မြို့ကွက်သစ် ဖော်ထုတ်တာတွေ၊တန်ဖိုးသင့်အိမ်ရာ
ဖော်ထုတ်တာမျိုးကသာ သူတို့အတွက် ထွက်ပေါက်တွေ ဖြစ်ဖွယ်ရှိပြီး စျေးကွက်ဝင်ပြီးသား
အိမ်မြေအကွက်အကွင်းတွေအတွက်တော့ အခွန်ကြောင့်စျေးနှုန်းအပေါ် အကျိုးသက်
ရောက်နိုင်မှုက မရှိသလောက် နည်းပါးနေဦးမယ်လို့အကျိုးဆောင်အများစုက သုံးသပ်ကြ
ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်